ကိုရီးယားမှ Lotte ကော်ပိုရေးရှင်းကိုတည်ထောင်သူ Shin Kyuk Ho

စိုးသိဏ်း

Lotte Corporation ဟာတောင်ကိုရီးယားမှ နိုင်ငံတကာဆိုင်ရာစီးပွားရေးလုပ်ငန်းစုကြီး ဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးကို ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် ရှင်ကျပ်ဟိုး (Shin Kyuk Ho) က ၂၈.၆.၁၉၄၈ နေ့မှာစတင်တည်ထောင်ခဲ့ပြီး ၃.၄.၁၉၆၇ မှာသူ့ဇာတိမြို့ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုး(လ်)မြို့မှာ Lotte Corporation ကို တိုးချဲ့ဖွင့်လှစ်ပါတယ်။ ဒီကုမ္ပဏီဟာတောင်ကိုရီးယားနိုင်ငံမှာ ပဉ္စမမြောက်အကြီးမားဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်လာပါတယ်။

လော့ကော်ပိုရေးရှင်းမှာ စီးပွားရေးလုပ်ငန်းပေါင်း ၉၀ ကျော်ရှိပြီးအမှုထမ်းဦးရေ ၆၀၀၀၀ ခန့် ရှိပါတယ်။ သကြားလုံး၊ ကပ်စေးနှဲ၊ အချိုရည်၊ ဟိုတယ်၊ သရေစာ၊ လက်လီလက်ကားအရောင်းလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်း၊ အီလက်ထရွန်းနစ်၊ အိုင်တီ၊ ဆောက်လုပ်ရေး၊ ပုံနှိပ်ထုတ်ဝေရေးနဲ့ ဖြေဖျော်ရေး လုပ်ငန်းတွေလုပ်ပြီး အမေရိကန်နိုင်ငံ၊ ဗြိတိန်နဲ့ ရုရှားမှအစ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာအပါအဝင် အာရှနိုင်ငံများအထိ စီးပွ ားရေးလုပ်ငန် းတေ ွ လုပ်ကိုင်လျက် ရှိပါတယ် ။ယခုအခါ လော့(တ်)ဟာ တောင်ကိုရီးယားမှာအကြီးမားဆုံး မုန့်လုပ်ငန်းကြီးဖြစ်ပါတယ်။

Lotte ဆိုတဲ့နာမည်ဟာ ကိုရီးယားသို့မဟုတ် ဂျပန်နာမည် မဟုတ်ဘဲဂျာမန်နာမည်ဖြစ်ပါတယ်။ တည်ထောင်သူ ရှင်ကျပ်ဟိုးဟာ ဂျာမန်စာရေးဆရာဂါထေး (Goethe) ရဲ့ ဝတ္ထုစာအုပ်တစ်အုပ်ထဲက ဇာတ်ကောင် Charlotte (ရှားလော့)ကို သဘောကျလို့ သူ့ကုမ္ပဏီကို Lotte (လော့)လို့ မှည့်ခဲ့တာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရှိလော့ကုမ္ပဏီပိုင် အဆင့်မြင့်ရုပ်ရှင်ရုံသစ်တွေကိုတော့ Charlotte လို့ မှည့်ခေါ်ထားပါတယ်။ ဂျပန်မှာလော့ရဲ့ကြော်ငြာဆောင်ပုဒ်က“The Sweetheart of Your Mouth Lotte”(သင့်ပါးစပ်ရဲ့ချစ်သူ-လော့)ဖြစ်ပါတယ်။ ဂျပန်နှင့်ကိုရီးယားလက်တွဲလုပ်ကိုင်နိုင်ကြောင်း ပြသခဲ့တဲ့ ရှင်ကျပ်ဟိုးဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းစုကြီးလော့ကိုတည်ထောင်ခဲ့တဲ့ ရှင်ကျပ်ဟိုးဟာ ၁၉.၁.၂၀၂၀ နေ့က အသက် ၉၀ နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကိုယ့်ထူးကိုယ်ချွန်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ဂျပန် နဲ့ ကိုရီးယားနိုင်ငံတို့မှာ စီးပွားရေးအမ်ပိုင်ယာကို အောင်မြင်စွာတည်ထောင်ခဲ့ပါတယ်။ သူဟာ နာကျင်ဖွယ်သမိုင်းတွေကြောင့် ပိုဆိုးရွားတဲ့ကုန်သွယ်မှုဆက်ဆံရေးရှိနေတဲ့ နိုင်ငံနှစ်ခုကိုပေါင်းကူးပေးတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးကို အမွေအဖြစ် ထားရစ်ခဲ့ပါတယ်။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ ဇွဲကောင်းမှုတို့ဟာ ယခုခေတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတုယူဖို့မှတ်တိုင်ဖြစ်ပြီး ကိုရီးယားနဲ့ ဂျပန်တို့ကြားက အတားအဆီးတွေကို ဖြိုချခဲ့ပါတယ်။ တခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ မှတ်သားနာယူသင့်ပါတယ်။

သူဟာ အသက် ၂၀ အရွယ်မှာ ဂျပန်တွေသိမ်းပိုက်ထားတဲ့ ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ရာမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ် ။သူဟာဘက် လိုက်မှုနဲ့ခွဲခြားဆက်ဆံမှုတွေကိုရင်ဆိုင်ရပြီး ကျောင်းတက်ခြင်းနဲ့ အလုပ်လုပ်ခြင်းတို့ကိုရွဲကစားသလိုကစားခဲ့ရပါတယ်။

သူဟာတောင်ကိုရီးယားနိုင်ငံတောင်ပိုင်းကမ်း ရိုးတန်းမြို့တော် အူ(လ်)ဆန်ဇာတိဖြစ်ပြီးမွေးချင်း ဆယ်ဦးအနက် အကြီးဆုံးဖြစ်ပါတယ်။ သူဟာ စိုက်ပျိုးရေးကျောင်းမှာ နှစ်နှစ်တက်ပြီး ဂျပန်ယန်းငွေ ၈၀ ကိုင်လျက် ဂျပန်ကိုစွန့်စားသွားရောက်ခဲ့ပါတယ်။ ဂျပန်မှာနွားနို့နဲ့ သတင်းစာလိုက်ပို့ရင်းအထင်ကရ ဝါဆေးဒါးတက္ကသိုလ်မှာ ဓာတုဗေဒဘွဲ့အတွက် ညကျောင်းတက်ပါတယ်။ သူ ဟာ စာသင်ခန်းကိုမသွားခင်နွားနို့နဲ့ သတင်းစာလိုက်ပို့ရာမှာ ဖောက်သည်တွေရဲ့ယုံကြည်မှုရဖို့ မိုးရွာရွာ၊ နေပူပူ အချိန်အတိအကျအရောက်ပို့ဆောင်ပေးပါတယ်။

”ရှင်” ရဲ့ခံနိုင်ရည်နဲ့သိက္ခ ာတွေကိုသတိထားမိ တဲ့အပေါင်ဆိုင်ရှင်က သူ့ကို ဂျပန်ယန်းငွေ ၆၀၀၀၀ ထုတ်ချေးပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အကြံပေးပါတယ်။ အဲဒီခေတ်က ပျမ်းမျလစာငွေဟာယန်း ၈၀၊ ၁၀၀ ပဲရှိလို့ အဲ ဒီရင်းနှီးမြှုပ်နှံမှုကအတော်များပါတယ်။ သို့တစေ ၁၉၄၄ ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ သူ့ရဲ့ချောဆီစက်ရုံလေးကတော့ အရှုံးပေါ်လို့ ပြုတ်သွားတယ်။

သူကလက်မလျော့ဘဲ လုပ်ငန်းအသစ်တစ်ခုပြန် စလုပ်ဖို့ ငွေတွေစုဆောင်းပြီး ”ဟီကာရီသီးသန့် ဓာတုဗေဒသုတေသန” လုပ်ငန်းလုပ်ကိုင်ဖြစ်တာကြောင့် ၁၉၄၆ ခုနှစ်မှာ အကြီးအကျယ်အောင်မြင်သွားပါတယ်။ သူဟာ တက္ကသိုလ်မှာဓာတုဗေဒဘွဲ့အတွက် ကျောင်းတက်ခဲ့လို့ ဓာတုဗေဒထုတ်လုပ်ရာမှာ အစအဆုံးနီးပါး ပါဝင်ပတ်သက်ခဲ့တယ်။ လက်လီအရောင်းအတွေ့အကြုံတွေကို အဓိကထားမှုကြောင့် ကုန်ပစ္စည်းရောင်းအားတက်ပြီးလော့ လုပ်ငန်းတိုးချဲ့ရာမှာအရေးပါလာတယ်။

ရှင်ဟာအကြွေးအကုန်ဆပ်ပြီး ၁၉၄၈ ခုနှစ် မှာ လော့ကော်ပိုရေးရှင်းကို တည်ထောင်ကာ ၁၉၆၀ လွန်နှစ်တွေရောက်တော့ သူဟာဂျပန်မှာအချမ်းသာဆုံးစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာပါတယ်။ ဒါဟာ ဂျပန်ရှိနိုင်ငံခြားသားတစ်ယောက် မမျော်လင့်ဘဲရရှိတဲ့အောင်မြင်မှုဖြစ်တယ်။အဲဒီအချိန်ကကိုရီးယားမှာအောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းနဲ့ လက်သင့်ခံနိုင်တဲ့ ခေတ်မီကုမ္ပဏီ ယဉ်ကျေးမှုကို အထူးလိုအပ်နေတယ်။ ကိုရီးယားနဲ့ ဂျပန်သံတမန်ဆက်ဆံရေး ၁၉၆၇ ခုနှစ်မှာ ပြေလည်သွားတဲ့အခါ ရှင်းကအဲဒီလိုအပ်ချက်မျိုးကိုတုံ့ပြန်တယ်။ ဂျပန်ပြည်ကရခဲ့တဲ့ ကုမ္ပဏီလုပ်ငန်းဗဟုသုတကို ယူဆောင်လာပြီး ကိုရီးယားမှာယုံကြည်မှုနဲ့ စွမ်းဆောင်ရည် ပြည့်ဝမှုဆိုင်ရာ သူ့နည်းပညာတွေကိုအောင်မြင်စွာ ပြန်အသုံးချတယ်။

အဲဒီအချိန်က ဂျပန်ပြည်မှာစီးပွားရေးလုပ်ရတာ သိပ်မလွယ်ဘူး။ ဂျပန်ဟာ ဖွံ့ဖြိုးဆဲအဆင့်သာရှိနေဆဲဖြစ်ပြီး စက်မှုဖွံ့ဖြိုးရေးလုပ်ဖို့ အခြေစိုက်စရာမရှိဘူး။ သူတတ်နိုင်တုန်းမှာ ကိုရီးယားဈေးကွက်ထဲဝင်ခြင်းဟာ အခွင့်အလမ်းကိုသတိထားမိတဲ့ သူ့ရဲ့ထိုးထွင်းသိမြင်မှုကို ပြသရုံမကဘဲ သူ့အမိနိုင်ငံကို မြတ်နိုးတမ်းတခြင်းကိုလည်းပြသခဲ့တယ်။ ၁၉၉၇ ခုနှစ်ကအာရှစီးပွားရေးအကျပ်အတည်း လောက်မှာကိုရီးယားအပေါ် သူ့ရဲ့မျိုးချစ်စိတ်ဓာတ်ကိုကောင်းကောင်းပြသတယ်။ သူကဈေးကွက်ထဲရော၊ လူမှုရေးရန်ပုံငွေတွေထဲကိုပါ ဒေါ်လာသန်းနှစ်ရာထည့်ခြင်းဖြင့် စီးပွားရေးကိုကယ်တင်ဖို့ ကြိုးစားတယ်။ ဒါ့အပြင် လော့ ကုမ္ပဏီကတစ်ဆင့် ဒေါ်လာသန်းငါးရာလည်း ရန်ပုံငွေထည့်တယ်။

လော့ဟာဂျပန်မှာထက် ကိုရီးယားမှာအများကြီးပိုအောင်မြင်တယ်။ ကိုရီးယားမှ အမြတ်ငွေအများစုရရှိတယ်။ ကိုရီးယားလော့ကုမ္ပဏီအမှုထမ်းဦးရေဟာ ဂျပန်မှာထက် အဆ ၃၀ ခန့်ရှိတယ်။ ရှင်ဟာ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်အကိုင်နဲ့အခွင့်အလမ်းတွေကို ကိုရီးယားမှာ ဖန်တီးပေးရင်း သူ့နိုင်ငံကိုချစ်တဲ့စိတ်က ပိုပွင့်လန်းလာတယ်။ သူဟာစွန့်စားရမှာကို မကြောက်ဘူး။ ကိုရီးယားနဲ့ပတ်သက်ရင် သူဟာတစ်ချိန်တည်းမှာ အတိတ်ကိုလည်း လွမ်းပြီးစိတ်ခက်ထန်လာတယ်။ အမျိုးသားရေးအတားအဆီးကိုကျော်လွှားတဲ့နည်းအဖြစ် သူ့ရဲ့ကုမ္ပဏီကိုယဉ်ကျေးမှုအခြေခံတဲ့ယုံကြည်မှုကို အသုံးပြုတယ်။

ကိုရီးယားဈေးကွက်ထဲ သူဝင်လာတုန်းက သီးခြားခွဲထွက်ဖို့ အဲဒါဟာ သူ့အတွက်အရေးပါတဲ့ လက်နက်ဖြစ်တယ်။ ကိုရီးယားကုမ္ပဏီယဉ်ကျေးမှု တိုးတက်ရေးအတွက် ဂျပန်မှာသူသုံးခဲ့တဲ့ စီးပွားရေးနည်းပညာကိုပဲ ကိုရီးယားမှာပြန်အသုံးပြုတယ်။ အဲဒါက ယုံကြည်မှုကိုဆုပ်ကိုင်ပြီး မြှင့်တင်ခြင်းဖြစ်တယ်။ သူကအကြွေးကင်းအောင်နေပြီးတည်ငြိမ်မှုကို ရယူဖို့ကြိုးစားတယ်။ သူစူးစမ်းရှာဖွေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်အမြတ်ရဖို့ ကိုရီးယားရှိတခြားစီးပွားရေးလုပ်ငန်းတွေအတွက် မကြာခင်မှာနမူနာဖြစ်လာတယ်။

သူနဲ့လော့ကုမ္ပဏီတို့ အခွန်ကိစ္စနဲ့ ကုမ္ပဏီအုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာအမှုအခင်းတွေဖြစ်ခဲ့တယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ ငွေအလွဲသုံးစားမှု၊ တာဝန်မကျေပွန်မှုအတွက် ထောင်ဒဏ်လေးနှစ်ချမှတ်အပြစ်ပေးခံရပေမဲ့ သူ့အသက်အရွယ်ကြောင့် ထောင်ထဲမဝင်ခဲ့ရဘူး။ ကိုရီးယားပြည်သူတွေဟာ လော့လိုချေဘိုး (လ်) Chaebol ခေါ် မိသားစုပိုင်ကုမ္ပဏီကြီးတစ်ခုကို မကြာခဏသိက္ခာချပြီး ပြင်းထန်စွာဒဏ်ခတ်လေ့ရှိပေမယ့် ရှင်ကတော့လော့မှာအလုပ်လုပ်နေတဲ့ ကာလအတွင်းလော့ ကုမ္ပဏီတွေကတစ်ဆင့်ကောင်းတဲ့သူ့ပုံရိပ်နဲ့ ယုံကြည်ထိုက်တဲ့ စွန့်ဦးတီထွင်မှုတို့ကို မြှင့်တင်ပေးနိုင်ခဲ့တယ်။ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေးဟာအဆင်ပြေနိုင် ကြောင်း နှစ်ဖက်စလုံးအကျိုးဖြစ်ထွန်းနိုင်ခြေရှိကြောင်း သူကသက်သေပြခဲ့တယ်။ သူဟပေါင်းကူးတံတား တစ်စင်းဖြစ်တယ်။ထင်ရှားပြတ်သားပြီးမှတ်သားလောက် စရာကောင်းတဲ့ကုမ္ပဏီယဉ်ကျေးမှုကို ဖွဲ့စည်းပေးခဲ့တဲ့ ထူးခြားသူတစ်ဦးဖြစ်တယ်။

နှစ်တွေကြာလာတာနဲ့အမျ အဲဒီနှစ်နိုင်ငံလက်တွဲလုပ်ကိုင်ခြင်းရဲ့ထူးခြားချက်ဟာ ပေါ်လွင်လာတယ်။ သမိုင်းဆိုင်ရာအကြောင်းပြချက်တွေအရ ပြန်ဖျက်ရခက်ပြီး ရန်လိုတဲ့ရှုထောင့်တွေ နှစ်နိုင်ငံကြားမှာရှိတယ်။ မည်သို့ဖြစ်စေယုံကြည်မှုအပေါ် အခြေခံတဲ့စီးပွားရေး လုပ်ကိုင်ရာမှာ အကျိုးကျေးဇူးရရှိနိုင်ကြောင်း သူကပြသတယ်။

စီးပွားရေးလုပ်ငန်းပူးပေါင်းလုပ်ကိုင်တဲ့ နည်းလမ်းကို မြင်ချင်သူတွေအတွက် သူဟာ မီးရှူးတန်ဆောင်သဖွယ်ဖြစ်တယ်။ ရှင်ကျပ်ဟိုးနဲ့ ရွယ်တူတွေနဲ့ အနာဂတ်မျိုးဆက်တွေအတွက် သူ့ကိုယုံကြည်မှုပေါင်းကူးတံတားအဖြစ် သူ့နာမည်ကိုသတိရနေကြမှာဖြစ်ပါတယ်။ ရှင်ကျပ်ဟိုးရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဒေါင်ဂျိုး (၆၅ နှစ်) နဲ့ ဒေါင် ဘင်း (၆၄ နှစ်)တို့ဟာ ကိုရီးယားနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ အဆင့် ၄၅ နဲ့ အဆင့် ၄၈ ချိတ်ထားကြပါတယ်။ ဒေါင်ဂျိုးကဒေါ်လာ ၉၁၅ သန်းချမ်းသာပြီး ဒေါင်ဘင်းက ဒေါ်လာ ၈၇၀ ချမ်းသာပါတယ်။ ရှင်ဟာ ၂၀၁၆ ခုနှစ် အထိ ဥက္ကဋ္ဌကြီးရာထူးယူထားခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ သားငယ်ဒေါင်ဘင်းကို နိစ္စဓူဝလုပ်ငန်းတာဝန်တွေ ထမ်း ဆောင်ဖို့ လွှဲပေးခဲ့ပါတယ်။

ရှင်ကျပ်ဟိုးနဲ့ သူ့သားကြီးဒေါင်ဂျိုးတို့ဟာ ဒေါင်ဘင်းကို ၂၀၁၅ မှာလော့စီးပွားရေးအုပ်စုရဲ့ ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ဖို့ကြိုးစားရာမှ မအောင်မြင်ပေမယ့် ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်ကြပြီးနောက်ဒေါင်ဂျိုးဟာ အရာရှိရာထူးတွေကို စွန့်လွှတ်ခဲ့ရပါတယ်။ လော့ကုမ္ပဏီ ဟာ Lotte Giants ဆိုတဲ့ ဘေ့စ်ဘောအသင်းကို ပိုင်ဆိုင်ထားရုံမျမက ကမ္ဘာ့ပဉ္စမအမြင့်ဆုံးအဆောက်အအုံနဲ့ ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ ၅၅၅ မီတာအမြင့်ရှိ Lotte World Tower ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

လော့ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ၎င်းရဲ့ဓာတုဗေဒလုပ်ငန်းဖွံ့ဖြိုးရေးကို အာရုံစိုက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Lotte Chemical ဟာ Samsung ရဲ့ ဓာတုဗေဒလုပ်ငန်းကိုဒေါ်လာ ၂.၆ သန်းဘီလီယံဖြင့်ဝယ်ယူပြီး မလေးရှားရှိ Lotte Chemical Titan လုပ်ငန်းခွဲရဲ့ရှယ်ယာတွေကို ၂၀၁၇ ခုနှစ်မှာ ပြည်သူသို့ရောင်းချရာ ဒေါ်လာ ၈၇၈ သန်းရရှိခဲ့ပါတယ်။ Titan ဟာ အရှေ့တောင်အာရှမှာ ငါးနှစ်အတွင်းအကြီးမားဆုံး စတော့ရှယ်ယာဒိုင်စာရင်းဝင်ကုမ္ပဏီဖြစ်ပါတယ်။ Lotte Chemical ကုမ္ပဏီဟာအမေရိကန်နိုင်ငံ၊ လူဝီစီးယားပြည်နယ်ရှိ ၄င်းရဲ့ဒေါ်လာ ၃.၁ ဘီလီယံတန် စက်ရုံကို Westlake Chemical နဲ့ ပူးတွဲစီမံကိန်းအဖြစ် ထုတ်လုပ်မှုကို စတင်ခဲ့ပါတယ်။

ကိုဗစ်အလွန် လော့ကုမ္ပဏီရဲ့ အနာဂတ်ရည်မှန်းချက်…

လော့ကုမ္ပဏီဟာ ကိုဗစ်ရောဂါကြောင့် ၄င်းရဲ့ဟိုတယ်လုပ်ငန်းနဲ့ လက်လီလုပ်ငန်းတွေ ကြီးမားစွာထိခိုက်ဆုံးရှုံးခဲ့ရလို့ M&A ခေါ် ကုမ္ပဏီပေါင်းစည်းခြင်းနဲ့ ကုမ္ပဏီဝယ်ယူခြင်းတွေပြုလုပ်ပြီး စီးပွားရေးနာလန်ထူအောင် ကြိုးစားဆောင်ရွက်မယ်လို့ ၂၀၂၀ ပြည့်နှစ် မေလတုန်းက လော့လုပ်ငန်းစုဥက္ကဋ္ဌ ရှင်ဒေါင်ဘင်းက တွဲဖက်ကုမ္ပဏီတွေရဲ့ အကြီးအကဲတွေနဲ့တွေ့ဆုံစဉ် အတည်ပြုပြောကြားခဲ့ပါတယ်။

”တိုးတက်ဖွံ့ဖြိုးရေး ယန္တယားတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အာရုံစိုက်ရင်းဈေးကွက်ရေစီးနဲ့ ရှေ့အလားအလာကို သုတေသနလုပ်ဖို့ လိုအပ်ပါတယ်”လို့ ၄င်းက ပြောပါတယ်။ လော့ကုမ္ပဏီဟာ ဓာတုဗေဒလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လျက်ရှိရာ ဂျပန်ဓာတုဗေဒနဲ့ စက်မှုလုပ်ငန်းကုမ္ပဏီကြီး Shana Denko ရဲ့ ရှယ်ယာ ၄.၆၉ ရာခိုင် နှုန်းကိုဒေါ်လာ ၁၃၈ သန်းဖြင့်ဝယ်ယူခဲ့ပါတယ်။ လော့ဟိုတယ်လုပ်ငန်းကို ငါးနှစ်အတွင်း နှစ်ဆတိုးအောင် လုပ်ကိုင်မယ့်အပြင် လော့လုပ်ငန်းစုကြီးဟာအနာဂတ် ရွေ့လျားနိုင်စွမ်းနဲ့ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းသစ်တွေအပေါ် စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပါတယ်။ မူလ လက်လီလုပ်ငန်းကနေ ဓာတုဗေဒလုပ်ငန်းအမ်ပိုင်ယာကြီးဖြစ်လာတဲ့ လော့လုပ်ငန်းကြီးဟာ ကိုရီးယားနဲ့ဂျပန်မှာအခြေခိုင်နေပြီးစီးပွားရေးအကျပ်အတည်းကာလတွေအတွင်း တက်ကြွထက်သန်တဲ့ စွန့်စားမှုတွေလုပ်လေ့ရှိတဲ့ သမိုင်းအစဉ်အလာရှိတဲ့ ကုမ္ပဏီကြီးအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ ဥက္ကဌ Shin Dong-bin

Shin Dong-bin ကို ၁၉၅၆ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်မွေးဖွားခဲ့ပြီး သူဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ သူဟာတောင်ကိုးရီးယားလုပ်ငန်းစု Lotte Corporation နှင့် Japanese Chiba Lotte Marnies ဘေ့စ်ဘော အသင်းရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ သူဟာ Lotte ကို ပထမဆုံးတည်ထောင်သူ Shin Kyuk-ho (Takeo Shige-mitsu) ရဲ့ ဒုတိယမြောက်သားပဲဖြစ်ပါတယ်။ သူ့၏ညီ Hiroyuki Shigemitsu (ကိုးရီးယားနာမည် Dong-ju) ဟာ ဂျပန် Lotte Group ရဲ့ CEO ပဲ ဖြစ်ပါတယ်။ သူဟာ ၁၉၇၇ခုနှစ်မှာ Aoyama Gakuin တက္ကသိုလ်ကနေ B A in Economics ဘွဲ့ကို ရရှိခဲ့ပြီး Colimbia တက္ကသိုလ်မှလည်း MBA ဘွဲ့ကို ရရှိခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ ၂၂ရက်မှာတော့ ဆိုးလ်ခရိုင်တရားရုံးမှ ငွေအလွှဲသုံးစားလုပ်မှုလုပ်မှုနှင့် ယုံကြည်မှုကို ဖောက်ဖျက်ခြင်းအတွက် Shin အား ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်မှာတော့ ဆိုးလ်ခရိုင်တရားရုံးကနေပြီး အခွန်ကင်းလွှတ်ခွင့် စတိုးဆိုင်တွေအတွက် တောင်ကိုးရီးယားသမ္မတဟောင်း Park Geun-hye ရဲ့ လူယုံတော်ကို ဝမ်ခုနှစ်ဘီလီယံ (US $ 6.5 million) ကို လာဘ်ထိုးခဲ့ကြောင်းတွေ့ရှိခဲ့ပြီး Shin အားထောင်လပေါင်း ၃၀ ချမှတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်မှာတော့ သူ့ရဲ့ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပြီး သူ၏တာဝန်ထမ်းဆောင်မှုပြီးတဲ့အထိ သူရဲ့ ပြစ်ဒဏ်ကိုဆိုင်းငံရန် သဘောတူညီခဲ့ပါတယ်။

Lotte မှ ကုမ္ပကြီးအား အုပ်ချုပ်ရန်အတွက် CEO အသစ်ကိုခန့်အပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့တဲ့သတင်းအရ Lotte Group သည် Song Young-dok အား co-CEO အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ Song ကို ခန့်အပ်ခြင်းနဲ့အတူ Lotte အဖွဲ့ရဲ့ Board Meeting ကို ပြုလုပ်ခဲ့ပြီး CEO အသစ်ခန့်အပ်ခြင်း၊ စီးပွားရေးဌာန အကြီးအကဲအမှုဆောင် အရာရှိများကိုလည်း အပြောင်းအလဲများ ပြုလုပ်ခဲ့တာဟာ ကိုးရီးယားနိုင်ငံရဲ့ ပဉ္စမအကြီးမားဆုံးလုပ်ငန်းစု၏ သမိုင်းရဲ့အပြောင်းအလဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

အဖွဲ့ရဲ့ ပြောကြားချက်အရ Song ဟာ Lotte ရဲ့ ဟိုတည်နှင့်ဝန်ဆောင်မှု၏ အကြီးအကဲဖြစ်ပြီး Lotte Crop ၃ ခုမှာ တစ်ခါအပါအဝင် ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ Lotte Group ရဲ့ Chairman ဖြစ်သူ Shin Dong-bin နှင့် Vice Chairman ဖြစ်သူ Hwang Kaug-gyu တို့ကလည်း ပူးပေါင်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

Song ဟာ လူ့စွမ်းအားအရင်းအမြစ်၊ အလုပ်သမားပြဿနာနှင့် စီမံခန့်ခွဲရေးတိုးတက်ဖို့အတွက်လည်း တာဝန်ယူ အကုန်အကျခံလုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ၁၉၇၉ခုနှစ်ကစပြီး သူ့ Career ဖြစ်တဲ့ Hotel Lotte အတွက် များစွာအကုန်အကျခံသုံးစွဲခဲ့ပါတယ်။ နောက်ပြီး ၂၀၁၆ခုနှစ်အတွက်အမြတ်ဝင်ငွေရအောင် အစီအစဉ်တွေရေးဆွဲခဲ့ပြီး အုပ်ချုပ်ရေးစနစ်ကိုလည်း ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့ပါတယ်။

Hwang ဟာ Group ရဲ့ အနာဂတ်စီးပွားရေး၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၊ ဘဏ္ဍာရေးနှင့် ဆက်သွယ်ရေးတွေကို တာဝန်ယူလုပ်ဆောင်သွားလိမ့်မယ်လို့ Group က ပြောကြားခဲ့ပါတယ်။ Song ကတော့ ဟိုတည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအတွက် အကြီးအကဲဖြစ်ပြီး ဘဏ္ဍာရေးဌာနအတွက် Lee Bong-chul က တာဝန်ယူလုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ Lotte Group ဟာ သူတို့၏စီးပွားရေးလုပ်ငန်းများကို လက်လီ၊ ဟိုတည်နှင့်ဝန်ဆောင်မှု၊ အစားအစာနှင့် ဓာတုပစ္စည်းများဆိုပြီးအပိုင်း ၄ခု ခွဲထားပြီး ထိုအပိုင်း ၄ ခုအလိုက် လက်အောက်ခံကုမ္ပဏီတွေကို စီမံအုပ်ချုပ်တာပဲ ဖြစ်ပါတယ်။

Lotte Group ရဲ့ လက်လီရောင်းဝယ်ရေးဌာန အတွက် Kang Hee-tae ကို CEO အဖြစ် ခန့်အပ်ခဲ့ပါတယ်။ သူ့အရင်လုပ်ကိုင်ခဲ့တဲ့ Lee Won-joon ကတော့ အနားယူတော့မှာ ဖြစ်တယ်လို့ Group ကနေပြီး ပြောကြားခဲ့ပါတယ်။ Grop ရဲ့ ထိပ်တန်းစီမံအုပ်ချုပ်သူများနှင့်အတူ အကြီးတန်းအမှုဆောင်အရာရှိပေါင်း ၁၀၀နီးပါးနှင့် လက်အောက်ခံ ကုမ္ပဏီ ၅၀ ကျော်၏ ဥက္ကဌရာထူးများကို ပြောင်း လဲပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဖွဲ့များကို ပြန်လည်ဖွဲ့စည်းရာမှာ Lotte Department Store အပအဝင် Lotte Super ၊ Lotte Mart ၊ Lotte e-Commerce နှင့် Health and beauty store LOHB တို့ဟာ တစ်ခုတည်းသော Lotte Shopping အောက်သို့ ရောက်ရှိသွားတာပဲဖြစ်ပါတယ်။

‘အပြောင်းအလဲဟာ အုပ်စုအနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အုပ်စုရဲ့ခေါင်းဆောင်မှုမျိုးဆက် ပြောင်းလဲစေဖို့ ရည်ရွယ်တာပါ’ လို့ ပြောခဲ့ပါတယ်။ CEO အ သစ်အများစုဟာ အသက် ၅၀ ကျော်တွေပဲဖြစ်ကြပါတယ်။ Chairman ဖြစ်သူ Shin ဟာ ဒီလိုစီးပွားရေးပတ်ဝန်းကျင်ကို အပြောင်းအလဲလုပ်တာဟာဂိမ်းကိုအမြဲတမ်းအပြောင်းအလဲလုပ်သလိုပဲ ထင်ဟပ်စေနေမှာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။