ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်အရေးပေါ်အခြေအနေများ ဖြေရှင်းနိုင်မယ့်နည်းလမ်းများကို SCG က ထုတ်ပြန်

တစ်ကမ္ဘာလုံးရဲ့သဘာဝအရင်းအမြစ်ရှားပါးမှု၊ ရာသီဥတုအရေးပေါ်အခြေအနေတွေနဲ့ Covid-19 ကြောင့် Lockdown ပြုလုပ်မှုတွေကနေ ပလတ်စတစ်စွန့်ပစ်မှုများ၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝအရည်အသွေးနိမ့်မှုများ၊ PM 2.5 ဖုန်မှုန့်စတဲ့ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုပြဿနာများကို ဖြေရှင်းဖို့ အာဆီယံထိပ်တန်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ SCG က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်ကကျင်းပခဲ့တဲ့ SD Symposium 2020 နှစ်ပတ်လည်အခမ်းအနားမှာ မိတ်ဖက်အဖွဲ့အစည်း ၁၈၀ နဲ့အတူ နည်းလမ်းလေးခုကို Online Symposium ကနေတစ်ဆင့် မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါပြဿနာများ ကိုရေရှည်တည်တံ့မှုနဲ့ ဖြေရှင်းမယ့် နည်းလမ်းတွေကတော့ မိုးခေါင်ခြင်းကိုရေပြန်လည်အသုံးပြုခြင်းနည်း (Water Reuse Management) ဖြင့် ဖြေရှင်းခြင်း၊ လေထုအတွင်းရှိ PM 2.5 အဆင့်ရှိဖုန်မှုန့်များဝင်နေမှုကို လျော့ချရန်နဲ့ တောင်သူလယ်သမားများ စိုက်ပျိုးရေးနည်းပညာများ အသုံးချပြီး တည်ငြိမ်တဲ့ဝင်ငွေရရှိစေရန် ၁၀၀ ရာခိုင်နှုန်းလောင်ကျွမ်းမှုကင်း စိုက်ပျိုးရေးနည်းပညာ (100% Zero Burning Agriculture) ဖြင့် ဖြေရှင်းခြင်း၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို အမျိုးသားအဆင့်လုပ်ငန်းစဉ်အဖြစ် အဆိုပြုခြင်းနဲ့ အစိမ်းရောင်နဲ့သန့်ရှင်းတဲ့ဆောက်လုပ်ရေး (Green & Clean Construction) ကို အစိုးရကထောက်ပံ့ပေးရန်တောင်းဆိုခြင်း စတာတွေကို Circular Economy အခြေခံမူများကျင့်သုံးပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။