Yoogane ကိုရီးယား စားသောက်ဆိုင် မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်

Yoogane  4 Yoogane  6

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ရက်က Sedona Hotel ရန်ကုန်မှာ ကိုရီးယား နိုင်ငံရဲ့ နံပါတ် ၁ Brand ဖြစ်တဲ့ Yoogane ဆိုင်မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။ ပွဲကို Yoogane မြန်မာနိုင်ငံဆိုင်ခွဲရဲ့ မန်နေဂျင်း ဒါရိုက်တာ Mr Chansu Park မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကိုရီးယား Yoogane ဆိုင်ရဲ့ ဥက္ကဌ Mr Gweon Jerrom က ဆိုင်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

Yoogane ဆိုင်ကို ကိုရီးယားနိုင်ငံတွင် ၁၉၈၁ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံပေါင်း ၆နိုင်ငံမှာ  ဆိုင်တွေ ဖွင့်လှစ်ထားကြောင်းသိရပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Yoogane ဆိုင်ကိုတော့ ရန်ကုန်မြို့၊ ပုလဲကွန်ဒိုမှာ ၂၀၁၄ခုနှစ် ၁၁လပိုင်း အတွင်းမှာ ဖွင့်လှစ်မှာ ဖြစ်ပြီး ဒုတိယတစ်ဆိုင်ကိုတော့ ၂၀၁၄ခုနှစ်၊ ၁၂လပိုင်း ၂၀ရက်မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Yoogane Yoogane 1 Yoogane  2 Yoogane  3