တစ်ခေါက်ကလေးတောင် မရောက်သေးတဲ့နေရာ

ynn2017declearn2

မောင်က မေ့ကို မေးသည်။

''မေရေ၊ ကိုယ်တို့ မင်္ဂလာနှစ်ပတ်လည်နေ့ နီးနေပြီ၊ တစ်ခုစဉ်းစားရအောင်၊ အဲဒီနေ့မှာ မေဘယ်ကိုသွားချင်လဲ'' ဆိုတော့ မေကလည်း ၀မ်းသာအားရဖြေသည်။

''မေတစ်ခေါက်မှ မရောက်ဖူးသေးတဲ့ နေရာသွားချင်တယ်မောင်'' ဟု ဖြစ်သည်။

ဒီတော့ မောင်ကလည်း သူ့ထင်မြင်ချက်ကို ပြောလိုက်သည်။

''ဒါဆိုရင်တော့ မီးဖိုချောင်ပေါ့ကွာ'' တဲ့။ 

ဥပဒေသ ။ ။ တူညီသော ခွဲခြားစိတ်ဖြာမှုခေါင်းစဉ်အောက်တွင် ခံစားချက်အမြင်အရ တစ်ဦးနှင့်တစ်ဦး ရွေးချယ်ထည့်သွင်းမှု ကွာခြားနိုင်သည်။

အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ။

ရီနေနိုင်