Yangon Yangon by Sky Bistro

ရန်ကုန်တစ်မြို့လုံးရဲ့ အလှအပတွေကိုခံစားရင်း လေကောင်းလေသန့်ရှူပြီး စိတ်အပန်းဖြေချင်တဲ့သူတွေအတွက် Yangon Yangon by Sky Bistro ဆိုင်အကြောင်း ဖော်ပြလိုက်ပါတယ်။

YangonYangon1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် . . .

Sakura Tower Rooftop ၊ အမှတ် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ်က ၀၁-၂၅၅၁၃၁ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

YangonYangon2

စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . .

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတိုင်းမှာလည်း Sky Bar ဆိုတာရှိတဲ့အတွက် ရန်ကုန်မှာလည်း တစ်မြို့လုံးကို မြင်ရတဲ့နေရာကနေ သဘာဝလေကို ရှူပြီး Stress တွေကို ဖြေဖျောက်လို့ရတဲ့ နေရာလေးဖြစ်အောင် လုပ်ထားပါတယ်။ အလုံပိတ်ခန်းတွေမှာ သောက်ရတာနဲ့မတူတဲ့ Taste ကို ရစေချင်တာလည်း ပါပါတယ်။

YangonYangon5

Bartender တွေက . . .

အရင်ကတည်းကရှိတဲ့ Bartender တွေကို Training ထပ်ပေးပြီး Modify လုပ်ထားပါတယ်။

YangonYangon6

ဝန်ဆောင်မှုတွေက . . .

အစားအစာနဲ့ပတ်သက်ရင် Finger Food ပဲရနိုင်ပါတယ်။ Drink တွေကတော့ Signature Cocktails တွေရမယ်။ Wine ၊ Beer နဲ့တခြား Cocktails အမျိုးအစားတွေလည်း ရနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့ညတိုင်း Lady Entrance Free လုပ်ပေးထားတယ်။ Entrance ကို Ticket နဲ့ရောင်းတာ ဖြစ်ပြီး One Drink ပါပါတယ်။ Wi Fi Free လည်း ရပါတယ်။

YangonYangon3

ဈေးနှုန်းအပိုင်း . . .

Cocktails တွေရဲ့ ဈေးနှုန်းက ခုနစ်ထောင်ကနေ ကိုးထောင်အတွင်းရှိပါတယ်။ Ticket တစ်ခုကို လူတစ်ယောက်ဆိုရင် တစ်သောင်းပါ။ One Drink လည်း ပါပါတယ်။

YangonYangon4

Promotion နဲ့ Discount . . .

တနင်္လာနေ့ကနေ ကြာသာပတေးနေ့အထိ ၅ နာရီကနေ ၇ နာရီအထိ က Happy Hour ပါ။ Ticket ကို ၅၀ ရာခိုင်နှုန်း Off ပေးထားပါတယ်။

အနာဂတ်အစီအစဉ် . . .

နောက်ပိုင်းကျရင် Live Band လေးတွေ၊ Party လေးတွေ လုပ်ချင်ပါတယ်။ ပုံမှန်ရှိနေကျ Bar ဆိုပြီး လူတွေ မြင်တာထက်စာရင် ဒီ Venue တစ်ခုအဖြစ် မြင်လာအောင်လုပ်ချင်ပါတယ်။

သန္တာညွန့်ဝင်း