Work Smart & Work Hard ဟောပြောပွဲအပေါ် တုံ့ပြန်မှုများ

CEO Magazine ကစီစဉ်ပြီး ဆရာကြီးဒေါက်တာအောင်ထွန်းသက်ဟောပြောတဲ့ “Work Smart & Work Hard” ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ စက်မှုလက်မှုကုန်သည်များ အသင်းချုပ်အဆောက်အအုံ (UMFCCI) မှာပြုလုပ်ခဲ့ပါတယ်။ လုပ်ငန်းခွင်ဝင်နေကြတဲ့ဝန်ထမ်းတွေအနေနဲ့ အလုပ်တစ်ခုတည်းမှာပဲ Work Hard  လုပ်နေစရာမလိုဘဲ တစ်ဖက်ကလည်း Smart  ကျကျစိတ်ကူးဉာဏ်ရှိဖို့ အစီအစဉ်ကောင်းတွေရှိဖို့လိုတဲ့အကြောင်း  အဓိကအားဖြင့် Work Hard & Work Smart ကိုBalance  ဖြစ်အောင်လုပ်သွားဖို့လိုတဲ့အကြောင်း ဆရာကြီးက ဟောပြောခဲ့ပါတယ်။ ဒါကြောင့် တက်ရောက်လာသူတွေရဲ့ ဒီနေ့ဟောပြောပွဲအပေါ် အမြင်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေး လိုက်ပါတယ်။

 

ဦးရဲသန့် HR Manager HR Department

ဦးရဲသန့်
HR Manager
HR Department

 

ဦးရဲသန့်

HR Manager

HR Department

ကျွန်တော်က CEO Magazineကို အမြဲတမ်းယူတယ်။ ယူရတဲ့အကြောင်းအရင်း ကလည်း ဆရာဒေါက်တာသာထွန်း ဦးရဲ့အာဘော်လေးတွေကိုလည်းကြိုက်တယ်။ မဂ္ဂဇင်းအနေ နဲ့ ကျွန်တော်တို့ရဲ့HR  ဌာနကို အထောက်အကူပြုတယ်။ ဆရာကြီးဒေါက်တာအောင်ထွန်းသက်ရဲ့ပွဲတွေကို မလွတ်တမ်း အရင်ကတည်းကတက်ခဲ့တယ်။ အခု ကျွန်တော်တို့ကုမ္ပဏီက Managing Level လောက်ရှိတဲ့သူ ၂၅ ယောက်လောက် တက်တယ်။HR နဲ့ ပတ်သက်လို့ Work Smart & Work Hard  အကြောင်းကို ဆရာကြီးကိုယ်တိုင်ကလည်း အမြဲတမ်း ပြောပါတယ်။ အမြဲတမ်းHard Working  လည်း မလုပ်နှဲ့Smart Workingလုပ်ဖို့ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကုမ္ပဏီမှာလည်း ကိုယ့်အသိနဲ့ကိုယ် လုပ်ဖို့ပဲပြောပါတယ်။ မိမိအလုပ်က မိမိလုပ်မှပြီးမယ် ဆိုတာကိုပဲသတိပေးတယ်။ အဓိကဆရာကြီးပြောချင်တာကPhysical နဲ့ Mental  ကို Balance  ဖြစ်အောင်လုပ်ဖို့ ပြောချင်တာပါ။ံHard ဆိုတာက Phyisical ၊Smart  ဆိုတာက Mental  ကို ရည်ရွယ်ပြီးပြောတာဖြစ်တယ်။ ကုမ္ပဏီမှာလုပ်မှမဟုတ်ပါဘူး။ ကိုယ့်ဘ၀တစ်ခုလုံးမှာလည်း Physical  နဲ့ Mental  ကို မျတအောင်လုပ်ဖို့ လိုတယ် ဆိုတာကို ပြောချင်ပါတယ်။်။

 

 

မယုမော် (မျိုးသဇင်အေဂျင်စီ)

မယုမော် (မျိုးသဇင်အေဂျင်စီ)

မယုမော် (မျိုးသဇင်အေဂျင်စီ)

လုပ်ငန်းအသေးလေးလုပ်နေတဲ့အခါကျတော့ CEO   မဂ္ဂဇင်းကလုပ်တဲ့ ဟောပြောပွဲ ကနေ ကိုယ့်အတွက်ကောင်းတဲ့အချက် တွေရနိုင်မယ်ထင်လို့ လာတက်ဖြစ်တာပါ။ ဟောပြောပွဲလာ တက်ရတဲ့အတွက် ကိုယ်သိထားတဲ့လွဲနေတဲ့ဟာတွေကို ပြန်ပြင်လို့ ရလာတယ်။ ကိုယ်မသိတဲ့ဟာတွေအများကြီးရှိသေးတယ်ဆိုတာလည်း သိလာပါတယ်။ ဟောပြောပွဲတက်တာကျတော့ ဆရာကြီးရဲ့ အတွေအကြုံတွေပါ သိရတဲ့အတွက် စာအုပ်ဖတ်တာထက် ပိုကောင်းပါတယ်။ ကိုယ့်ရဲ့နေထိုင်မှုဘ၀ပါ ပြောင်းလဲသွား မယ်ဆိုရင်တော့ အနည်းနဲ့အများတော့ အကျိုးရှိနိုင်ပါတယ်။ အဓိကကတော့Work Smart & Work Hard  ပေါ့။ အရင်တုန်းကတော့ အလုပ်ကို ကြိုး စားရင် ကိုယ့်အတွက် ရလဒ်ကောင်းတွေရမယ်လို့ သိထားတာပါ။ ဆရာပြောလိုက်တဲ့အတွက်Work Smart ဆိုတာMind  နဲ့ပဲဆိုင်တယ်ဆိုတဲ့အကြောင်းကို အခုမှပဲ ရှင်းရှင်း လင်းလင်း သိသွားပါတယ်။

 

 

 

ကိုထိန်လင်း Project Director Barons Group of Companies

ကိုထိန်လင်း
Project Director
Barons Group of Companies

ကိုထိန်လင်း

Project Director

Barons Group of Companies

ကျွန်တော်တို့ကုမ္ပဏီက Management Level  ရှိတဲ့သူအားလုံးကို ဒှီSeminar   လာ တက်ခိုင်းတယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော့်အောက်ကJunior  လေးတွေကို ပြန် ပြီး Share ပေးနိုင်ဖို့အတွက်ပါ။ ၀န်ထမ်းတွေအနေနဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်း သက် ပြောသွားသလို အလုပ်မှာ တစ်ချိန်လုံးလုပ်နေဖို့ မလိုသလို တစ်ဖက်ကလည်း Smart  ဖြစ်ဖို့ လိုတယ်ဆိုတာလေးကို ပြောသွားတယ်။ စာဖတ်တာက ကိုယ့်ရဲ့အမြင်ပဲ ရတယ်။Seminar တက်တာက ဆရာကြီးရဲ့ သူ့အမြင်နဲ့ Exprenience  ကိုတစ်ခါ တည်းရလိုက်တယ်။ ဆရာကြီးပြောသွားတဲ့အထဲက အချက်နှစ်ချက်ဆိုရင် ဆရာကြီး က ကျွန်တော်တို့ကိုDream လုပ်ဖို့ပြောတယ်။ ကိုယ့်ရဲ့Dream အတိုင်း  ဆက်လက် အကောင်အထည် ဖော်ဖို့ပြောပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာကြီးပြောထားတဲ့ အချက်တွေ၊Management စာအုပ်တွေကို ဖတ်ရှုလေ့လာပြီး လုပ်ငန်းခွင်ထဲမှာ ကျွန်တော့် Junior  ညီလေး၊ ညီမလေးတွေကို စာပြန်သင်ပေးပါတယ်။

 

 

ကိုကျော်မင်းထဋ် jSale & Marketing Executive တောင်ကြီးမောက်မယ်

ကိုကျော်မင်းထဋ်
jSale & Marketing Executive
တောင်ကြီးမောက်မယ်

 

ကိုကျော်မင်းထွဋ်

Sale & Marketing Executive

တောင်ကြီးမောက်မယ်

ကျွန်တော်က CEO Member တစ်ယောက်ဖြစ်တာရယ် ကျွန်တော်တို့ ရုံးချုပ်ရဲ့ Management မှာ ပြန်လည်အသုံးချနိုင်ဖို့အတွက် လာရောက်တက်ဖြစ်တာပါ။ အများ အားဖြင့် ကုမ္ပဏီတွေတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေက ဆရာကြီး ပြောသွားတာတွေနဲ့ တစ်ထပ်တည်းကျပါတယ်။ ဒီအတွက် ကျွန်တော့်ရုံးက၀န်ထမ်း တွေကို ပြန်ပြီးပြောပြနိုင်မယ်ဆိုရင်တော့ လမ်းမှားနေတဲ့ဝန်ထမ်းတွေအတွက် လမ်းမှန်ရောက်သွားဖို့ မျော်လင့်ပါတယ်။

 

 

3

 

မတင်မာဝေ

Sale Manager

EMP Company Limited

ကျွန်မ CEOကို လပေးနဲ့ဖတ်တာက ဒီလိုပွဲတွေကိုတက်ချင်လို့ပါ။ အခုလိုMember  ၀င်ထားတဲ့အတွက် ပွဲနဲ့ပတ်သက်တဲ့ဖိတ်စာလေးတွေရတယ်။ ဒီလိုပွဲလေးတွေက ကျွန်မတို့အတွက်အချိန်တိုအတွင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့အသိပညာ သင်ခန်းစာတွေ ရပါတယ်။ စာဖတ်တာက သူများရေးထားတာကို ဖတ်တာဖြစ်တယ်။ ကိုယ့်အတွေးနဲ့ ကိုယ်ပဲပုံဖော်တယ်။ မှားရင်လည်းမှားမယ်။ မှန်ရင်လည်းမှန်မယ်။   ဒှီSeminar ပွဲ ကျတော့ ပေးထားတှဲ့Slide    တွေကို ဆရာတို့က တိုက်ရိုက်ဘာသာပြန်ပြီး ရှင်းပြလိုက် တဲ့အတွက် ပိုပြီးရှင်းရှင်းလင်းလင်းသိရပါတယ်။ ဒီပွဲကနေ အကျိုးကျေးဇူးအများကြီး ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ကိုယ်တိုင်က အလုပ်ထဲမှာပဲ ကြိုးကြိုးစားစား လုပ်တတ် တဲ့အကျင့်ရှိတယ်။ Smart ဖြစ်ဖို့ကျတော့ မေ့နေတယ်။ ကျွန်မတို့ရဲ့ကလေး တွေလည်း ဒီအတိုင်းဖြစ်နေတယ်။သူတို့အနေနဲ့ နံနက် ၈ နာရီ ကနေ ညနေ ၄ နာရီ အထိ ပြင်းပြင်းထန်ထန်အလုပ်လုပ်တယ်။ ဒါပေမဲ့ Smart မဖြစ်တော့ ထွက်လာတဲ့ ရလဒ်က ထင်သလောက်မကောင်းဘူး။ ဆရာကြီးပြောသွားတဲ့အထဲမှာ ပထမအချက် I have a do ၊ နောက်တစ်ချက်Making Commitment ဆိုတဲ့အချက် နှစ်ချက်ကို ရလိုက်ပါတယ်။

 

မခင်မာစိုး (ဧရာဝတီဘဏ်)

မခင်မာစိုး (ဧရာဝတီဘဏ်)

 

မခင်မာစိုး (ဧရာဝတီဘဏ်)

ဟောပြောမယ့်ခေါင်းစဉ်နဲ့ အလုပ်နဲ့သက်ဆိုင်လို့ လာတာပါ။  ဆရာကြီးပြောတာနဲ့ လုပ်နေတာနဲ့က အံဝင်ခွင်ကျဖြစ်နေတော့ ပြောတဲ့အတိုင်းပြုပြင်စရာလေးတွေ တွေ့ခဲ့တဲ့ အတွက် ဆရာကြီးဟောပြောပွဲလာတက်ရတာ အများကြီးအကျိုးရှိပါတယ်။ စာအုပ်ဖတ် တာကျတော့ ရေးထားတဲ့အကြောင်းအရာ လောက်ပဲသိရတယ်။ ဟောပြောပွဲလာ တက်တဲ့အခါကျတော့ အကြောင်းအရာကို အကျယ်တ၀င့် ရှင်းပြတဲ့အတွက် ပိုပြီး လေးလေးနက်နက်သိရပါတယ်။ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချဖို့အတွက် ဆရာ့ ဟောပြောချက်တွေက အသုံးဝင်ပါတယ်။ ဆရာကြီးပြောတဲ့အထဲက အချက်နှစ်ချက် ဆိုရင် အစောကြီးအလုပ်လာတယ်၊ နောက်ကျမှပြန်တယ်ဆိုတာတွေက လုပ်ငန်း ခွင်တွေမှာ ဖြစ်နေကျဆိုတော့ အဲဒီအချက်ကို သတိထားမိတယ်။ နောက်တစ်ခုကတော့Work Smart & Work Hard  မှာ အရေးကြီးတဲ့ နောက်ဆုံးအချက်ခုနစ်ချက်ပဲ ဖြစ်ပါတယ်။