Win Cherry Co Ltd နဲ့ GS Battery တို့ရဲ့ ဂုဏ်ပြုညစာစားပွဲ

article landscape wartermark final6

မြန်မာနိုင်ငံရှိ အရောင်းကိုယ်စားလှယ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အောင်မြင်တဲ့နှစ်အတွက် ဂုဏ်ပြုညစာစားပွဲကို Siam GS Battery Co Ltd နဲ့ Win Cherry Co Ltd ပူးပေါင်းပြီး ၂၀၁၄ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ Traders Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာWin Cherry Co Ltd ရဲ့ Managing Director ဦးအောင်ဝင်း နဲ့ Siam GS Battery Co Ltd ရဲ့ President Mr. Hiroshi Tateiwa တို့ကပြောကြားခဲ့ပြီး Siam GS Battery Co Ltd ရဲ့ Assistant General Manager Mr. Kirk Kiatfuengfoo က နောက်ထပ်ဈေးကွက်အကောင်အထည်ဖော်တာနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံရှိအရောင်းကိုယ်စားလှယ်တွေနဲ့ စီးပွာရေးလုပ်ငန်းရှင်တွေအတွက် ကျေးဇူးတုံ့ပြန်ဂုဏ်ပြုတဲ့အနေနဲ့ ကား ၄ စီး၊ ဆိုင်ကယ် ၂၀ စီး တို့ကို ကံစမ်းမဲဖောက်ချီးမြှင့်ပေးခဲ့ပြီး ထပ်မံအသစ်ထုတ်လုပ်လိုက်တဲ့ GS Solar Battery BV 150 Z ကိုလည်းမိတ်ဆက်ရှင်းလင်းခဲ့ပါတယ်။ Siam GS Battery အနေနဲ့ ကားအတွက် Battery ထုတ်လုပ်မှုပမာဏ ၄,၀၀၀,၀၀၀ ယူနစ်၊ မော်တော်ဆိုင်ကယ်အတွက် ၂,၀၀၀,၀၀၀ ယူနစ်တို့ကို ထုတ်လုပ်ထားရှိပြီး ဖြစ်တယ်လို့သိရပါတယ်။

article landscape wartermark final1

article landscape wartermark final3 article landscape wartermark final2