Water Library Yangon ဖွင့်ပွဲအခမ်းအနား

1

Fine Dining Restaurant တစ်ခုဖြစ်တဲ့ Water Library Yangon ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ညက ပြည်လမ်းနဲ့ မနော်ဟရီလမ်းထောင့်၊ ထိုင်းသံရုံးအနားက Water Library မှာ ပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီဖွင့်ပွဲအခမ်းအနားဟာ Water Library ရဲ့ ဧည့်သည်များအတွက် ညစာစားပွဲသက်သက်သာဖြစ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ ညစာဖြင့် တည်ခင်းဧည့်ခံခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ပွဲကို အဆိုတော် ရန်ရန်ချန်းနှင့် ချီလီတို့လည်းတက်ရောက်ခဲ့ပြီး တခြား ဖိတ်ကြားထားသော ဧည့်သည်အများအပြားလည်း တက်ရောက်ခဲ့ပါတယ်။

Water Library မှာ Restaurant နဲ့အတူ Bar ပါ တွဲလျက်ပါဝင်ပါတယ်။ Restaurant ကိုတော့ နေ့လည်စာအတွက် နေ့လည် ၁၁ နာရီခွဲကနေ ၂ နာရီအထိ ၊ ညစာအတွက် ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပြီး Bar ကတော့ နေ့စဉ် ညနေ ၅ နာရီကနေ မနက် ၂ နာရီအထိဖွင့်ပါတယ်။ အခုဖွင့်လှစ်တဲ့ Water Library Yangon ဆိုင်ခွဲဟာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Water Library Chamchuri နဲ့ Water Library Thonglor တို့ရဲ့နောက်မှာ ထပ်မံဖွင့်လှစ်လိုက်တဲ့ တတိယမြောက် ဆိုင်ခွဲဖြစ်တယ်လို့ သိရပါတယ်။

Water Library စားသောက်ဆိုင်မှာတော့ ဆွီဒင် စားဖိုးမှူးနဲ့ ဒိန်းမတ် စားဖိုမှူးတို့ရဲ့ လက်ရာတွေကို မြည်းစမ်းနိုင်မှာဖြစ်ပြီး ၀ိုင်အမျိုးအစားပေါင်း ၃၀၀ ကျော်လည်း ရရှိနိုင်တယ်လို့ သိရပါတယ်။ Water Library မှာ လူ ၂၀ စာလောက်အထိဆန့်တဲ့ သီးသန့်ခန်းတွေရှိတဲ့အပြင် မင်္ဂလာပွဲနဲ့ တခြား အခမ်းအနားအမျိုးမျိုးကိုလည်း လက်ခံကျင်းပပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။  Water Library Bar ကတော့ သောကြာနေ့နဲ့ စနေနေ့တွေမှာ Live Music အစီအစဉ်တွေလည်းရှိကြောင်းသိရပါတယ်။

Water Library နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင်တော့ ဖုန်း 01221721 ၊ 01214361 နဲ့  [email protected] တို့ကို ဆက်သွယ်စုံစမ်းနိုင်သလို http://www.waterlibrary.com မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

8 4 5 6 3 2

 

7

9 10

11 12 13 14 15