Vivo V15 နှင့် V15 Pro တို့ မိတ်ဆက်ရောင်းချ

IMG_20190226_150930၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က ရန်ကုန်မြို့၊ ကမ္ဘာရေးဘုရားလမ်းပေါ်ရှိ Meliá ဟိုတယ်တငွ် Vivo V15 နှင့် V15Pro စမတ်ဖုန်း အမျိုးအစားသစ် ၂ မျိုးကို မိတ်ဆက်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးပေါ် ကင်မရာ၊ လုပ်ဆောင်ချက်များ၊ လက်ဗွေစနစ်၊ AI နည်းပညာ စသဖြင့် ထူးခြားသော Feature များပါဝင်တဲ့ ဒီဖုန်းတွေကို ကြိုတင်မှာယူလို့ရနိုင်ပြီး ၃ လပိုင်းအတွင်း စတင် ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပါတယ်။ ဒီဖုန်းအသစ် ၂ မျိုး မိတ်ဆက်ပွဲကို Brand Ambassador များဖြစ်တဲ့ အဆိုတော် ၀ိုင်းဆုခိုင်သိန်း၊ Beauty Blogger နေခြည်ဦးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဖုန်းတစ်ခုချင်းစီရဲ့ အ သေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် V15Pro အား (27-2-2019) မှ (2-3-2019) ရက်အတွင်း ကြိုတင်မှာယူနိုင်ပြီး (3-3-2019) ရက်နေ့တွင် ရောင်းချမှု စတင်သွားမည်ဖြစ်ပါသည်။ V15 အား (21-3-2019) မှ (25-3-2019) ရက်အတွက် ကြိုတင်မှာယူနိုင်ပြီး (26-3-2019) ရက်နေ့တွင် စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ 

ဈေးနူန်းတွေဖြင့် V15Pro ဆိုရင် ၅သိန်းဝန်းကျင်ဖြင့် စတင်ရောင်းချပေးမှာဖြစ်ပြီးတော့ V15 ဈေးနူန်းကိုတော့ မကြာခင်ကြော်ငြာပေးသွားမယ်လို့ သိရပါတယ်..။

IMG_20190226_151048

IMG_20190226_151127IMG_20190226_151454IMG_20190226_160800

IMG_20190226_161014IMG_20190226_1647561

IMG