စိန်ဂေဟာ စူပါစင်တာရဲ့ Valentine Couple Contest နဲ့ Chinese New Year Promotion အစီအစဉ် သတင်းစာရှင်းလင်းပွဲ

 Sein Gay Har 1

စိန်ဂေဟာစူပါစင်တာ အားလုံးမှာ ကျင်းပပြုလုပ်မယ့် Valentine Couple Contest နဲ့ Chinese New Year Promotion အစီအစဉ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်က ပြည်လမ်းမှာရှိတဲ့ စိန်ဂေဟာ စူပါစင်တာမှာ ကျင်ပပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ စိန်ဂေဟာမှ တာဝန်ရှိသူများက ဖေဖေါ်ဝါရီလအတွင်းမှာ ပြုလုပ်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ရှင်းလင်းပြောပြ သွားခဲ့ပါတယ်။

ပြုလုပ်မယ့် အစီအစဉ်တွေကတော့ Valentine Couple Contest နဲ့ Chinese New Year Promotion အစီအစဉ်တွေပဲဖြစ်ပြီးတော့ Chinese New Year Promotion အစီအစဉ်မှာဆိုရင် ဖေဖေါ်ဝါရီလ ၇ ရက်ကနေ ၂၀ ရက်နေ့ထိ Customer တွေအနေနဲ့ ငွေသားကျပ် သုံးသောင်းဖိုးပြည့်အောင် ၀ယ်ယူပါက ကျပ်သုံးသောင်းအထိ ငွေသားအံပေါင်းများကို ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။ `ချစ်သူများနေ့ အထိမ်းအမှတ် အရောင်းပွဲနဲ့ ပြိုင်ပွဲ´ တွေကို ဖေဖေါ်ဝါရီလ ၈ ရက်ကနေ ၁၄ ရက်နေ့ထိပြုလုပ်သွားမှာ ဖြစ်ပြီးတော့ စုံတွဲသီချင်းဆိုပြိုင်ပွဲ နဲ့ စုံတွဲဖက်ရှင်ပြိုင်ပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွေအတွက်လည်း လူဦးရေကန့်သတ်ထားပြီး ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ စိန်ဂေဟာ(ပါရမီ) စင်တာမှာ စုံတွဲသီချင်းဆိုပြိုင်ပွဲ ပဏာမလူရွေးချယ်ပွဲကို ပြုလုပ်မှာဖြစ်ပြီးတော့ ဖက်ရှင်ပြိုင်ပွဲရဲ့ ပဏာမရွေးချယ်ပွဲကိုတော့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ စိန်ဂေဟာ(လှည်းတန်း)စင်တာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲတွေရဲ့ နောက်ဆုံးအဆင့် ရွေးချယ်ပွဲကိုတော့ စိန်ဂေဟာ( ပြည်လမ်း) စင်တာမှာ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး စုံတွဲသီချင်းဆိုပြိုင်ပွဲ အတွက် အထူးဆုကို နှစ်သိန်းကျပ်နဲ့ ဖက်ရှင်ပြိုင်ပွဲအတွက် Mr Valentine နဲ့ Ms Valentine ဆုကို ငါးသိန်းကျပ်၊ 1st Runner up ကို ကျပ်သုံးသိန်း၊ 2nd Runner up ကို ကျပ်နှစ်သိန်း စသဖြင့် ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကို စိန်ဂေဟာနဲ့အတူ အဓိကကူညီပံ့ပိုးပေးထားတာကတော့ Loreal Cosmetic ကဖြစ်ပြီး ပြိုင်ပွဲအတွက် အသေးစိတ်သိရှိလိုပါကလည်း စိန်ဂေဟာစင်တာတိုင်းတွင် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Sein Gay Har 3