ယူကေဟာ အနောက်ကမ္ဘာရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်ကြောင်း သုတေသနကဆို

UK copy

လန်ဒန်မြို့ရှိ Westminster လွှတ်တော်အဆောက်အဦး
 

Grant Thornton စာရင်းကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ယူကေနိုင်ငံရဲ့ စီးပွားရေးဟာ ကျန်အနောက်နိုင်ငံတွေထက် မြန်ဆန်စွာ ဖွံ့ဖြိုးလာနေပါတယ်။ ၂၀၁၄ ခုနှစ်၊ နောက်ဆုံး သုံးလပတ်မှာ ယူကေစီးပွားရေးဟာ ၁.၃ ရာခိုင်နှုန်းတိုးတက်လာမယ်လို့ ICAEW  စက်မှုလုပ်ငန်းအဖွဲ့က ပြောပါတယ်။ နောက်နှစ်အတွက် ပို့ကုန်နဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးလာမယ်လို့ Grant Thornton/ICAEW အစီရင်ခံစာက ဆိုထားပါတယ်။ Ref: BBC