UK မှာ နွေရာသီသင်တန်းတို တက်ရောက်နိုင်

Post 1 Post 2

UK နိုင်ငံရှိ Discovery ၊ Ellesmere  ကောလိပ်နှင့်  St. Edmund  ကောလိပ်တို့မှာ အသက် ခုနစ်နှစ်ကနေ ၁၈ နှစ်ကြား ကျောင်းသားတွေအတွက် နွေရာသီသင်တန်းတို တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ သင်တန်းတို ကာလတွင် အင်္ဂလိပ်ဘာသာရပ်တစ်ခုတည်းသာမက ကြိုက်နှစ်သက်ရာရွေးချယ်နိုင်တဲ့ အားကစားနဲ့ အနု ပညာ၊ Design အစရှိတဲ့ ဘာသာရပ်မျိုးစုံ သင်ကြားခွင့်ရမှာဖြစ်ပါတယ်။ သင်တန်းကာလကတော့ အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ကနေ တစ်လခွဲ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကာလအချိန်ကို စိတ်ကြိုက်ရွေးချယ်နိုင် တယ်လို့ သိရပါတယ်။ UK နိုင်ငံရဲ့ပွင့်လင်းရာသီဖြစ်တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ သင်တန်းတိုတက် ရောက်နိုင်မှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အမှတ်၇၈၊ ကမ်းနားလမ်းရှိ ဗြိတိသျကောင်စီ စာကြည့်တိုက် ဖုန်းနံပါတ် ၂၅၄၆၅၈နဲ့ ၂၅၆၂၉၀-၁(လိုင်းခွဲ ၃၄၄၃၊ ၃၃၁၁) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။