UBM Asia က တတိယအကြိမ်မြောက်ကျင်းပတဲ့ Myanmar Water 2015

myanmarwater2

 

UBM Asia က စီစဉ်တဲ့ Myanmar Water and Renewable Myanamr 2015 သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့၊ MICT Park ရှိ မြန်မာအင်ဂျင်နီယာအသင်းချုပ် (MES) မှာ ကျင်းပခဲ့ပါတယ်။

myanmarwater1

အခမ်းအနားမှာ REVAC Myanmar နဲ့ Renewable Energy Myanamar သုံးပွဲပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ရေပေးဝေခြင်း၊ သန့်စင်ခြင်း၊ ရေသယံဇာတနဲ့ စက်မှုထွက်ရေဆိုးများ သန့်စင်ခြင်း နည်းပညာပြပွဲ၊ ပြန်လည်သုံးစွမ်းအင်ကုန်စည်ပြပွဲ၊ လေအေးပေးစက်နဲ့ နည်းပညာဆိုင်ရာကုန်စည်ပြပွဲ အစရှိတဲ့ နည်းပညာပြပွဲတွေကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်ထိ ရန်ကုန်မြို့Myanmar Event Park မှာ သုံးရက်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

MEP မှာကျင်းပမယ့်ပွဲမှာ ကုန်သွယ်ရေးအတွက် လာရောက်ကြည့်ရှုသူတွေ၊ စက်မှုလုပ်ငန်း ကျွမ်းကျင်သူတွေ၊ Decision Maker တွေ လာရောက်ကြမှာဖြစ်တဲ့အတွက် B2B ချိတ်ဆက်ရန် အခွင့်အလမ်းတွေကို အထောက်အကူပြုပေးနိုင်မှာဖြစ်တယ်လို့ UBM Asia ရဲ့ အာဆီယံစီးပွားရေး မန်နေဂျင်းဒါရိုက်တာ Mr Gandhi က ပြောကြားခဲ့ပါတယ်။

အသေးစိတ် သိရှိလိုပါက www.myanwater.comwww.renewableenergymyanmar.com တို့မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။