advertisement-image
Trade & Investment

အရည်အသွေးမြင့် Gas တွေကို တင်သွင်းဖြန့်ချိနေတယ်ဆိုတဲ့ YIG

  ခုအချိန်မှာ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှု့တွေ အမြောက်အမြား ၀င်ရောက်လာကြပါတယ်။ ပြည်ပကနေ တိုက်ရိုက်မြှုပ်နှံမှုအဖြစ် ၀င်ရောက်လာသလို ပြည်တွင်းမှာရှိနေတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာကြပါတယ်။ နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းထုတ်လုပ်ခြင်း အရည်အသွေးမြင့် နည်းပညာများအသုံးပြုလာခြင်း ပြည်တွင်းမှာပဲ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ရရှိနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက်Bangkok Industrial Gas Co ltd (BIG) နဲ့ အကျိုးတူပူးပေါင်းကာ အရည်အသွေးမြင့် Gas တွေကို တင်သွင်းဖြန့်ချိနေတဲ့ YIG Co ltd က မန်နေးဂျင်းဒါရိုက်တာဦးအောင်ကျော်နဲ့ ခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။   YIG Co ltd  ကို တည်ထောင်တဲ့ခုနှစ် YIG ကို တရားဝင်ခွင့်ပြုချက်ရပြီး ၂၀၁၂ […]
Posted On August 16, 2014, By Editorial

ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၂၄၀၀ ကျော်ရှိ

၂၀၁၄-၂၀၁၅ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၆၇ ဒသမ ၆၃ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂၅ ဒသမ ၂၂ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉၂ ဒသမ ၈၅ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉၂ ဒသမ ၉၉ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၃၄ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၁၂၉၈ ဒသမ၃၃ သန်းဖြစ်သဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ် ဇွန်လအတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၄၀၅ ဒသမ ၄၈ သန်းဖြစ်ပေါ်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း […]
Posted On August 1, 2014, By Editorial

ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်များ(HCFC) ပြည်တွင်းသို့တင်သွင်းခွင့်နှင့် ပြည်ပသို့တင်ပို့ခွင့်အတွက် သတင်းထုတ်ပြန်ချက်

အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်း အမိန့်နှင့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်များ(HCFC) ပြည်တွင်းသို့တင်သွင်းခွင့်နှင့် ပြည်ပသို့တင်ပို့ခွင့်အတွက် ထောက်ခံချက်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီးရုံး၏ထုတ်ပြန်ချက်ကို အောက်တွင်ဖော်ပြထားသော PDF file တွင် လေ့လာနိုင်ပါသည်။ သတင်းထုတ်ပြန်ချက်
Posted On July 3, 2014, By Editorial

၂၀၁၄ ခုနှစ် မြန်မာ့စိုက်ပျိုးမွေးမြူရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေး

  စိုက်ပျိုးမွေးမြူရေးကဏ္ဍက တခြားကုန်သွယ်မှုစီးပွားရေးလုပ်ငန်းတွေလိုမျိုး နေ့ချင်းညချင်း ရင်းနှီးမြှုပ်နှံလို့မရဘဲ ရေရှည်လုပ်ကိုင်ရမယ့် စီးပွားရေးဖြစ်တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုလိုပါတယ်။ အဲဒီလိုအပ်တဲ့အချိန်ကို စောင့်ရမှာ သဘာဝပါပဲ။ လက်ရှိဝင်လာနေတဲ့ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အလားအလာကိုလည်း အားရမိပါတယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ကနေ၂၂ ရက်အ တွင်းပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင် ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကဦးစီးပြီး စင်ကာပူနိုင်ငံက Confexhub ရဲ့စီစဉ်မှု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန  လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းညွှန်ကြားမှုဦးစီဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ် ငန်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနလက်အောက်မှ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ရဲ့ […]
Posted On April 5, 2014, By Editorial

အခွန်နှင့်အကြံပေးခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်း Grant Thornton က မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်မှုနဲ့ပတ်သက်ပြီး သတင်းစားရှင်းလင်းပွဲပြုလုပ်

  လွတ်လပ်တဲ့အာမခံချက်ပေးခြင်း၊ အခွန်နဲ့ အကြံပေးခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Grant Thornton International Ltd က မြန်မာနိုင်ငံမှာ  ရုံးခွဲဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ PARKROYAL Hotel  မှာ ပြုလုပ်ခဲ့ပါတယ်။ Grant Thornton Myanmar  ရုံးခွဲကို Mr Clayton Hebbard  က Managing Partner အနေနဲ့ ဦးစီးလုပ်ကိုင်မှာဖြစ်ပြီး အခွန်ဖြန့်ဝေခြင်းနဲ့ အကြံပေးလုပ်ငန်း တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ စွန့်စားမှုတွေ၊ ကုမ္ပဏီဘဏ္ဍာရေး၊ တရားဥပဒေဆိုင်ရာဆေးပညာရပ်တွေနဲ့ စုံစမ်းရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေ ပြန်လည်ရယူခြင်းနဲ့ ပြင်ပသို့ လုပ်ငန်းအပ်နှံခြင်းတို့အတွက် ၀န်ဆောင်မှုပေးခြင်း စတဲ့လုပ်ငန်း တွေကို ဦးစားပေးလုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ […]
Posted On March 21, 2014, By Editorial

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ Country Manger : Kanthan Shankar

  မြန်မာနိုင်ငံအနေနဲ့ ဘက်စုံပြုပြင်ပြောင်းလဲမှုတွေကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေတဲ့အခါမှာ နိုင်ငံတကာအဖွဲ့အစည်း တွေရဲ့ အကူအညီက နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ ဖြစ်တဲ့IMF နဲ့ ADB တို့အပြင် ကမ္ဘာ့ဘဏ်(The World Bank)  ရဲ့ အကူအညီကလည်း မြန်မာနိုင်ငံအတွက် အရေးပါပါတယ်။ မြန်မာနိုင်ငံနဲ့ ၂၆ နှစ်ကြာဆယ်သွယ်မှုပြတ်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာတော့ ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံ (ရန်ကုန်) မှာ ရုံးခန်းလာ ရောက်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ မကြာသေးခင်က ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဥက္ကဋ္ဌMr Jim Yong Kim က မြန်မာနိုင်ငံကို လာရောက် ခဲ့စဉ်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာနှစ်ဘီလီယံ အကူအညီပေးမယ့်အကြောင်း ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံး Country Manager  […]
Posted On March 16, 2014, By Editorial

THE HONGKONG AND SHANGHAI HOTELS နှင့် YOMA STRATEGIC HOLDINGS တို့ THE PENINSULA YANGON စီမံကိန်း လုပ်ဆောင်ရန် အတွက်သဘောတူစာချုပ် ချုပ်ဆို

Hongkong and Shanghai Hotels, Limited (HSH) နှင့် Yoma Strategic Holdings Ltd တို့က ယခင် မြန်မာမီးရထားကုမ္ပဏီရုံးချုပ်အား The Peninsula Yangon ဟိုတယ်အဖြစ် ပြင်ဆင် မွမ်းမံရန် မတ်လ ၁၀ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါသဘောတူညီချက်အရ ၁၈၀၀ ပြည့်နှစ်ကာလများကတည်းကတည်ရှိခဲ့တဲ့ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်တစ်ခုလည်းဖြစ်တဲ့ ကိုလိုနီခေတ်ဗိသုကာလက်ရာ အဆောက်အဦးကို ပြန်လည်ပြုပြင်အစားထိုးမွမ်းမံနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအဆောက်အဦးဟာ ရန်ကုန်မြို့လယ်စီးပွားရေးအချက်အချာကျတဲ့ ဗိုလ်ချုပ်လမ်းမပေါ်၊ ရန်ကုန်မြစ်မြောက်ဘက် တစ်ကီလိုမီတာအကွာ၊ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ စကော့ဈေး(ဗိုလ်ချုပ်ဈေး)နှင့် ကပ်လျက်မှာရှိနေတာပါ။ HSH ရဲ့ Managing Director နဲ့ Chief Executive Officer ဖြစ်သူ Mr Clement K.M. Kwok က “မြန်မာနိုင်ငံက ကမ္ဘာ့စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ထင်ရှားပေါ်ထွက်လာတဲ့ […]
Posted On March 12, 2014, By Editorial

အင်ဒိုနီးရှားကုန်သွယ်မှု ပြည်ပသတ္တုတင်ပို့မှုကို တားမြစ်ခြင်းကြောင့် အရှုံးပေါ်

အင်ဒိုနီးရှားရဲ့ကုန်သွယ်မှုဟာအစိုးရရဲ့ ပြည်ပသတ္တုတင်ပို့မှုတားမြစ်ချက်ကြောင့် ဇန်န၀ါရီလမှာ အရှုံးပေါ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁.၅ ဘီလီယံပိုငွေရရှိခြင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ဇန်န၀ါရီမှာ လိုငွေ ၄၃၁ မီလီယံဒေါ်လာဖြစ်နေတာကို တွေ့နိုင် ပါတယ်။ ပြည်ပတင်ပို့မှု ၅.၇၅ ရာခိုင်နှုန်းလျှော့ကျသွားတာဟာ နှစ်စဉ်တင်ပို့နေကြပုံစံနဲ့ သတ္တုတွင်းဥပဒေကြောင့်လည်းဖြစ်တယ်လို့ စီနီယာအရာရှိ Adi Lumaksona က ဆိုပါတယ်။ သတ္တုရိုင်းတင်ပို့မှုတားမြစ်ချက်တွေမှာ ဘောက်ဆိုဒ်၊ နီကယ်ဒြပ်စင်နဲ့ ကြေးနီတွေ ပါဝင်ပါတယ်။ အခုလိုထုတ်ပြန်ခဲ့တဲ့မူဝါဒဟာ ပြည်တွင်းနိုင်ငံရေးသမားတွေကြောင့်ဖြစ်ပြီး သူတို့ရဲ့နိုင်ငံခြားကုမ္ပဏီတွေဟာ မြန်ဆန်လှတဲ့စီးပွားရေးလောကမှာ သတ္တုရင်းမြစ်တွေကိုလက်ဝါးကြီးအုပ်ပြီး စီးပွားရေးအလားအလာတွေ သိမ်းကျုံးအမြတ်ရရှိနေတဲ့ဆိုတဲ့အမြင်ကြောင့်ဖြစ်ပါတယ်။
Posted On March 5, 2014, By Editorial

PTTEP ရေနံကုမဏီမှ မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက် ၇ ကွက်ရရှိခြင်းနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်

PTTEP ရေနံကုမဏီမှ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၇ ကွက်ရရှိတာနဲ့ပတ်သက်လို့ သတင်း စာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ Traders Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ PTTEP ကုမဏီရဲ့ President နဲ့ CEO Mr Tevin က “ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအိမ်အဖြစ် တင်စားထားပါတယ်။ PTTEP အနေနဲ့ ပြည်တွင်း သုံးသဘာဝဓာတ်ငွေ့ တွေဖြည့်ဆည်းနိုင်ဖို့ M3 လုပ်ကွက်ရဲ့ရှာဖွေရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်လျက်ရှိပြီး ဇောတိကစီမံကိန်းအတွက် အကဲဖြတ် တွင်တွေထပ်မံတူးရန် စီမံလုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် ထိခိုက်နစ်နာစေမယ့်အပြုမူတွေလုပ်ဆောင်သွားမှာမဟုတ်သလို မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပိုင်းကိုလည်း ရှေ့ရှု လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။ ရရှိသွားတဲ့လုပ်ကွက်တွေကတော့ ဇောတိက စီမံကိန်း၊ မြန်မာ […]
Posted On February 26, 2014, By Editorial

Baker & McKenzie ရန်ကုန်မြို့တွင်ရုံးဖွင့်လှစ်

ကမ္ဘာ့ဥပဒေအကျိုးဆောင်လုပ်ငန်း Baker & McKenzie က မြန်မာနိုင်ငံရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သတင်းထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ယခု ဖွင့်လှစ်လိုက်သော Baker & McKenzie ရန်ကုန်ရုံးဟာ အာရှပစိဖိတ်ဒေသတွင် ၁၆ခုမြောက် ရုံးခွဲပါ။ Baker & McKenzie မှာ ယခုရုံးသစ်အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ ရုံးပေါင်း ၇၅ ရုံးရှိနေပါပြီ။ ယခုလိုဖွင့်လှစ်ကြောင်းနှင့်ပတ်သက်ပြီး ယခုခုနှစ် တိုကျိုမှာပြုလုပ်တဲ့ နှစ်ပတ်လည် Asia Pacific Meeting မှာ အာရှပစိဖိတ်ဒေသမှ လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်သူပေါင်း ၃၀၀ ကျော်တွေ့ဆုံစဉ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။  ရန်ကုန်ရုံးဟာ နှစ်နှစ်အတွင်း တောင်ကိုရီးယား၊ ဒူဘိုင်း၊ ပီရူး၊ မော်ရိုကိုနှင့် တောင်အာဖရိက နိုင်ငံတွေမှာ ရုံးတွေဖွင့်လှစ်ပြီးနောက် ဆဋ္ဌမမြောက် ဖွင့်လိုက်တဲ့ရုံး ဖြစ်လည်းဖြစ်ပါတယ်။ […]
Posted On February 21, 2014, By Editorial