advertisement-image
Trade & Investment

ရွှေဘယ်အချိန်ဝယ်၊ ဘယ်လိုစုမလဲ

မြန်မာ့ရွှေဈေးကို ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ဒေါ်လာငွေလဲနှုန်းပေါ်မူတည်ပြီး တွက်ပါတယ်။ ဒါပေမဲ့ ဒေါ်လာငွေလဲနှုန်းက သိပ်မကျနိုင်သလို၊ ကမ္ဘာ့ရွှေဈေးကလည်း သိပ်ပြီးကျနိုင်ချေမရှိဘူး။ နိုင်ငံတကာမှာက ဒေါ်လာ ငွေလဲနှုန်းက အားကောင်းသထက် အားကောင်းလာတယ်။ အခုဆို သူတို့ရဲ့ ဗဟိုဘဏ်က အတိုးနှုန်းတောင် ထပ်တိုးပေးမှာဆိုတော့ ပိုအားကောင်းလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖျဉ်း အနေနဲ့ကတော့ ဒေါ်လာငွေလဲနှုန်းရော၊ ရွှေဈေးပါ မကျနိုင်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးက ကိုးရာကျော် ဖြစ်သွားတယ်ဆိုရင် ဒီမှာလည်းဖြစ်သွားနိုင်ပါတယ်။ Exchange Trade Fund (ETF) ကနေ မှန်းတာတောင်မှ ၉၅၀ လောက်ထိကျမယ်လို့ မှန်းထားပါတယ်။ ရွှေကို အရင်က စပါးပေါ်ချိန်၊ ငွေပေါ်ချိန်မှာ အရောင်းအ၀ယ်ကောင်းတယ်ဆိုပြီး သတ်မှတ်တာမျိုး ရှိခဲ့ပေမဲ့ ဒီခေတ်မှာက ရင်းနှီးမြှုပ်နှံမှုလုပ်စရာတွေက များလာတဲ့အတွက် အချိန်တိုင်းလိုလိုမှာ အရောင်းအ၀ယ် ပြုလုပ်ကြပါတယ်။ […]
Posted On September 29, 2015, By Editorial

မြန်မာနိုင်ငံ၏ ကျွမ်းကျင်မှုကဏ္ဍအတွက် ယူကေကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစီရင်ခံစာ

မြန်မာနိုင်ငံရဲ့ကျွမ်းကျင်မှုကဏ္ဍတွေမှာ ဗြိတိန်ကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်းတွေနဲ့စပ်လျဉ်းတဲ့ အစီရင်ခံစာကို ယူကေကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု (UK Trade & Investment) က ဇွန်လ ၁၆ ရက်က စတင်မိတ်ဆက်ခဲ့ပါတယ်။ အစီရင်ခံစာရဲ့ ရည်ရွယ်ချက်တွေကတော့ ယူကေပညာရေးနဲ့ သင်တန်းပို့ချမှုဆိုင်ရာ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွမ်းကျင်မှုကဏ္ဍတွေအပေါ် နားလည်သဘောပေါက်လာစေဖို့နဲ့ အလားအလာရှိတဲ့ အခွင့်အလမ်းကောင်းတွေအတွက် အသိပေးဖို့ဖြစ်တယ်လို့ သိရပါတယ်။ UKTI အနေနဲ့ Oil & Gas ကဏ္ဍအတွက် အစီရင်ခံစာကို ၂၀၁၅ ခုနှစ်အတွက် ပထမဆုံးထုတ်ပြန်ခဲ့သလို ယခုအစီရင်ခံစာဟာ ဒုတိယမိတ်ဆက်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ အဆိုပါအစီရင်ခံစာထဲက အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာနဲ့ ပတ်သက်ပြီး . . . မြန်မာနိုင်ငံဟာ ယခုအခါကျယ်ပြန့်တဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံရဲ့ စီးပွားရေးကို လွတ်လွတ်လပ်လပ် အကောင်အထည် […]
Posted On September 8, 2015, By Editorial

လူတစ်ဦးချင်း မော်တော်ယာဉ်သွင်းကုန်ပါမစ်နှင့်ပတ်သက်သော စည်းကမ်းချက်များထုတ်ပြန်

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့စတင်ပြီး အကျုံးဝင်မယ့် လူတစ်ဦးချင်း မော်တော်ယာဉ်သွင်းကုန်ပါမစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပက မော်တော်ယာဉ်တွေကို ကုမ္ပဏီ/အသင်းအဖွဲ့တွေ၊ အစိုးရဌာနတွေ၊ နိုင်ငံတော်နှင့် လူမှုရေးအသင်းအဖွဲ့ကို လှူဒါန်းမှုတွေအတွက် ပုံမှန်အစီအစဉ်ဖြင့်လည်းကောင်း၊ ယာဉ်အို/ယာဉ်ဟောင်းအပ်နှံအစားထိုး အစီအစဉ်ဖြင့်လျှောက်ထားမှုနှင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်ဖြင့် လျှောက်ထားမှုကို အထူးအစီအစဉ်ဖြင့်လည်းကောင်း မော်တော်ယာဉ်သွင်းကုန်လိုင်စင်/ပါမစ်တွေ ခွင့်ပြုပေးနေတာဖြစ်ကြောင်း သိရပါတယ်။ မော်တော်ယာဉ်များ တင်သွင်းကြတဲ့နေရာမှာ သွင်းကုန်လိုင်စင်/ပါမစ်မရမီ တင်သွင်းခြင်း၊ လိုင်စင်/ပါမစ်ရရှိပြီးမှ တင်သွင်းပေမဲ့လည်း ဆိပ်ကမ်းရောက်ရှိပြီး အချိန်မီမထုတ်ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီးမှ လိုင်စင်/ပါမစ်ပြင်ဆင်လျှောက်ထားခြင်း၊ မော်တော်ယာဉ်များ ဆိပ်ကမ်းရောက်ရှိပြီးပေမယ့် အချိန်ကြာမြင့်စွာ ထားရှိခြင်းတွေကြောင့် ဆိပ်ကမ်းမှာ မော်တော်ယာဉ်တွေ  စုပုံနေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခြင်းများနှင့် ပတ်သက်၍  (က) လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့် သွင်းကုန်ပါမစ်ကို (၃)လခွင့်ပြုပြီး၊ […]
Posted On December 29, 2014, By Editorial

Gunkul က စီမံကိန်းသစ်တွေအတွက် ဘတ် ၄ .၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်

လျှပ်စစ်ပစ္စည်းတွေနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ ထိုင်းစတော့အိပ်ချိန်းမှာ မှတ်ပုံတင် ထားတဲ့ Gunkul Engineering Plc  ဟာ ဒီနှစ်အတွင်းမှာ ဓာတ်ငွေ့တာဘိုင်အင်ဂျင်နဲ့ လေစွမ်းအင်စီမံကိန်း တွေအတွက် ဘတ် ၄.၂ ဘီ လီယံ အသုံးပြုသွားမယ် လို့ သိရပါတယ်။ ဓာတ်ငွေ့တာဘိုင်အင်ဂျင်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုဟာ ဒုတိယအဆင့်ထုတ်လုပ်မှုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး ၂၅ မဂ္ဂ၀ပ် ဓာတ်ငွေ့ တာဘိုင်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတည်ဆောက် ဖို့ ဖြစ်ပါ တယ်။  မြန်မာနိုင်ငံမှာ အကောင်အထည်ဖော် မယ့် စီမံကိန်းမှာ Gunkul က ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ပြည်တွင်းမိတ် ဖက်ကုမ္ပဏီက ကျန်တဲ့ ပမာဏကို ပိုင်ဆိုင်ပါတယ်။ လေစွမ်းအင်စီမံကိန်းကတော့ Nakhon Tatchasima a’ ဒေသမှာ လျှပ် […]
Posted On November 8, 2014, By Editorial

IHI Corporation ရဲ့ ရန်ကုန်ရုံးခွဲဖွင့်လှစ်ခြင်းအခမ်းအနားနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ

    IHI Corporation  ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ IHI Asia Pacific Pte. Ltd က ရန်ကုန်ရုံးခွဲဖွင့်လှစ်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်က ရန်ကုန်မြို့၊ Sule Shangri-La မှာ ကျင်းပခဲ့ပါတယ်။  သတင်းစာရှင်းလင်းပွဲမှာ IHI ရဲ့ ဒုတိယဥက္ကဋ္ဌ  Mr. Fusayoshi Nakamura က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။  Mr. Fusayoshi Nakamura က တိုးတက်ဖို့ အားယူနေတဲ့ မြန်မာနိုင်ငံမှာ စင်ကာပူ-အာရှပစိဖိတ်ဒေသကို တာဝန်ယူထားတဲ့  IHI Asia Pacific Pte. Ltd  က ရုံးခွဲဖွင့်လှစ်တာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ အခုလိုမြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ရုံးခွဲဖွင့်လှစ်နိုင်တာကို ၀မ်းသာကြောင်း၊ မြန်မာ-ဂျပန်ဆက်ဆံရေး နှစ် […]
Posted On October 30, 2014, By Editorial

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် (၅/၂၀၀၀) နှင့် (၆/၂၀၀၀) တို့အား ပယ်ဖျက်ကြောင်း ထုတ်ပြန်

နယ်စပ်ဒေသများတွင် ကုန်သွယ်မှုနည်းလမ်းအလိုက် ဆောင်ရွက်ခွင့်ပြုသည့် ငွေကြေး၊ ဆောင်ရွက်ခွင့်ပြုသည့် ကုန်ပစ္စည်းများကို သတ်မှတ်ထားရှိပြီးဖြစ်သည့်အပြင် အခွန်ကောက်ခံခြင်းကိစ္စကို သက်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဥပဒေအရ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည့်အပြင် သွင်းကုန်လိုင်စင်ကြေးကောက်ခံခြင်းကိုလည်း ကျပ်ငွေဖြင့် ကောက်ခံနေပြီဖြစ်ကြောင်း သိရပါသည်။ လက်ရှိဆောင်ရွက်လျက်ရှိနေသော အခြေအနေနှင့် ကိုက်ညီခြင်းမရှိသည့် နှစ်နိုင်ငံသုံးငွေကြေးနှင့် အမေရိကန်ဒေါ်လာတို့ဖြင့် ရောင်းဝယ်ခွင့်ပြုထားပြီး ရောင်းချသည့်ငွေကြေးဖြင့် အခွန်ပေးဆောင်ရန် ထုတ်ပြန်ထားခဲ့သည့် အမိန့်အမှတ် (၅/၂၀၀၀) မြန်မာ-တရုတ်နယ်စပ်ဒေသများနှင့် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ ၊ အမိန့်အမှတ် (၆/၂၀၀၀) ဖြင့် မြန်မာ-ထိုင်းနယ်စပ်ဒေသများ တို့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ပယ်ဖျက်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
Posted On October 15, 2014, By Editorial

MyAsia Consulting Co. Ltd ရဲ့ Mega Launch

အောက်တိုဘာ ၄၊ ရန်ကုန် – MyAsia Consulting Co Ltd က မြန်မာနိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းအမျိုးမျိုးနဲ့ ဒေသတွင်းလုပ်ငန်းစုများမှ အရည်အသွေးမြင့်မားပြီး အောင်မြင်နေသော လုပ်ငန်းစုများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး မိတ်ဆက်ခြင်းအခမ်းအနားကို UMFCCI မှာ ယနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ MyAsia Consulting Co Ltd အနေနဲ့ Lucky Bird Group of Companies ၊ Steel Stone Group of Companies ၊ Information Matrix Co Ltd နှင့် Win Thin & Associates တို့နှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်တွေကတော့ Quick Heal Antivirus and System Security […]
Posted On October 4, 2014, By Editorial

၂၀၁၄ မလေးရှား ကုန်ပစ္စည်းပြပွဲ

မလေးရှား ကုမ္ပဏီတွေ မြန်မာနိုင်ငံစီးပွားရေး ဈေးကွက် ရင်းနှီးမြှပ်နှံမှု ပြလုပ်ရန်အတွက် မလေးရှား ကုန်ပစ္စည်းပြပွဲ ၂၀၁၄ကို ကျင်းပခဲ့ပါတယ်။ ပွဲကို Matrade မှ စီစဉ်ကျင်းပတာဖြစ်ပြီး ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၁ရက် ကနေ ၄ရက် အထိ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ အခမ်းအနားကို ဌာနဆိုင်ရာမှ အရာရှိကြီးများ၊ မလေးရှား သံရုံးမှ သံအမတ်ကြီးများနဲ့ တာဝန်ရှိသူများက တတ်ရောက်ဖွင့်လှစ် ပေးခဲ့ပြီး နောက်မှာတော့ မလေးရှား လုပ်ငန်းရှင်တွေ နဲ့မြန်မာလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပွဲမှာ Matrade ဒုအမှုဆောင် အရာရှိချုပ် Susila Devi က မလေးရှား ၀န်ဆောင်မှု ပြပွဲ MSE နဲ့ အရောင်းပြခန်းဖွင့်ပွဲမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစီးပွားရေး တိုးတက်ဖို့တွေအပြင် နိုင်ငံခြားဈေးကွက် တွေကို ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် မလေးရှား […]
Posted On October 3, 2014, By Editorial

India Myanmar 2014 Trade and Investment Show

  India Myanmar 2014 Trade and Investment Show ကို တပ်မတော်ခန်းမမှာ စက်တင်ဘာ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။ ဒီပွဲကို ကြီးမှူးကျင်းပတာက အိန္ဒိယကုန်သည်/စက်မှု အသင်းချုပ် (FICCI) ဖြစ်ပြီး UMFCCI, MIIBA, MIBA နဲ့ IAM တို့က စပွန်ဆာတွေအဖြစ်ပံ့ပိုးထားပါတယ်။ ပြပွဲမှာ အိန္ဒိယက နာမည်ကြီးတွေကုမ္ပဏီဖြစ်တဲ့ Larsen&Toubro, D’Boro, Testo India PVT Ltd, Palakkad Surgical Industries PVT and VLCC Personal Care အစရှိတဲ့ ကုမ္ပဏီပေါင်း ၉၀ ကျော် ပါဝင်ပြသလျက်ရှိပါတယ်။ အစားသောက်၊ ဆေးဝါး၊ အ၀တ်အထည်၊ အလှကုန်၊ […]
Posted On September 24, 2014, By Editorial

အမေရိကန်ကုမ္ပဏီများ၏မြန်မာနိုင်ငံနှင့်အာဆီယံ စီးပွားရေးကဏ္ဍကိုသုံးသပ်လေ့လာချက်

သြဂုတ်လ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ပြန်သော အာဆီယံစီးပွားရေး လေ့လာသုံးသပ်ချက်အရ အာဆီယံနိုင်ငံရှိ အမေရိကန်ကုမ္ပဏီများက စီးပွားရေးရင်းနှီးမြုပ်နှံမှု တိုးချဲ့ခြင်း၊ လုပ်သားအင်အား တိုးချဲ့ခြင်းနှင့် ၂၀၁၅ခုနှစ်တွင် အကျိုးအမြတ်များ တိုးများလာမည်ဟု မျှော်မှန်းထားကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အာဆီယံစီးပွားရေးလေ့လာသုံးသပ်ချက်ကို အမေရိကန်ကုန်သည်ကြီးများအဖွဲ့နှင့် အမေရိကန် ကုန်သည်ကြီးများအဖွဲ့(အာဆီယံ)တို့မှ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံရှိ အမေရိကန် အသေးစား၊ အလတ်စားနှင့် အကြီးစားကုမ္ပဏီပေါင်း ၅၈၈ခု ၏ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ခုနှစ်နှင့် အာဆီယံ စီးပွားရေးအသိုက်အမြုံ AEC စတင်နီးကပ်လာသည်နှင့်အမျှ အမေရိကန် ကုမ္ပဏီများသည် ဒေသဆိုင်ရာစီးပွားရေးအခွင့်အလမ်းများအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ စီးပွားရေးသမားအများစု အနေဖြင့် AEC ၏ စီးပွားရေးဦးတည်ချက်ကို […]
Posted On September 1, 2014, By Editorial