Toyota Mingalar ရဲ့ Toyata ကား Showroom နဲ့ Service Shop ဖွင့်ပွဲ

Toyota 11

Toyota Mingalar ကား Showroom သစ်ဖွင့်ပွဲကို အမှတ် ၆ ၊ ၂ ရပ်ကွက် ၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမှာ ၂၀၁၄ခုနှစ် နိုဝင်ဘာလ၊ ၂၆ရက်က ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲမှာ Oriental Apex ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုမွန်နိုင်က Show Room ဖွင့်လှစ်ရခြင်းနဲ့ ပက်သတ်ပြီး ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ Showroom တွင် Toyota အမျိုးအစား Land Cruiser ၊ Prado ၊ Camry ၊ Corolla ၊ Hilux Single Cab / Double Cab နဲ့ Hiace (၇) မျိုးကို ရရှိနိုင်ပါတယ်။  မင်္ဂလာမော်တာကုမ္ပဏီကို SCG ၊ Mitsui နဲ့ Oriental Apex ကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်ထားတာဖြစ်ပြီး Service Shop ကို အလုံမြို့နယ် အလုံလမ်းမှာ ဖွင့်လှစ်ထားပါတယ်။ အဲဒီနောက်မှာ မင်္ဂလာမော်တာ ကုမ္ပဏီရဲ့ ဒါရိုက်တာ Mr Bunn Kasemsup က ၀ယ်ယူသူတွေကို နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှုတွေ ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် ကားမောင်းနှင်တဲ့အခါမှာ လုံခြုံစိတ်ချမှုရရှိစေမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ တိုယိုတာ ကုမ္ပဏီဟာ ကလေးငယ်တွေအတွက် အနာဂတ်မှာ စီးလိုတဲ့ ကားရဲ့ ဒီဇိုင်းပုံဖော် ပန်းချီဆွဲပြိုင်ပွဲကိုလည်း ကျင်းပပေးသွားဖို့ ရှိကြောင်း သိရပါတယ်။

 

Toyota 9 Toyota 8 Toyota 7 Toyota 6 Toyota 5 Toyota 4 Toyota 3 Toyota 2 Toyota 1