advertisement-image
Tourism

လက်ရှိ Tourism Industry ရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေ

ဦးသက်လွင်တိုး Managing Director Myanmar Voyages International Tourism Co Ltd   Tourist က ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ တက်လာပါတယ်။ ၂၀၁၂ ခုနှစ်မှာ Tourist နှစ်သန်း၊ ၂၀၁၄ ခုနှစ်မှာ သုံးသန်း၊ ၂၀၁၅ ခုနှစ်ကုန်မှာကျတော့ ခန့်မှန်းထား တာက ၄.၅ သန်းပါ။ တကယ်ဖြစ်သွားတာကတော့ ၄.၆၈ သန်းထိ တက်သွားပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ၅.၅ သန်းရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဒီအရေအတွက်က နယ်စပ်ဝင်ပေါက်တွေကော၊ လေကြောင်းတွေအပြင် Caravan Tour တွေပါ ရောထားတာဆိုတော့ ပြန်ပြီးခွဲလိုက်တဲ့အခါမှာ ၂၀၁၅ ခုနှစ်စာရင်းအရ  ၁.၃ သန်းပဲ လေယာဉ်တို့၊ သင်္ဘောတို့နဲ့ လာတာတွေ့ရပါတယ်။ ကျန်တဲ့သုံးသန်းကျော်လောက်က ဘယ်မှာလဲဆိုတာ […]
Posted On March 7, 2016, By Editorial

ခရီးသွားဧည့်သည်တွေအတွက် Multi Entry Visa အစီအစဉ် ထိုင်းနိုင်ငံစတင်ပြုလုပ်

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် multiple-entry visas တွေ ထုတ်ပေးပြီး နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးတိုးတက်လာအောင် တစ်ဖက်တစ်လမ်းက ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ Tourism Minister Kobkarn Wattanavrangkul က Prime Minister Prayut Chan-ocha က ဒီအစီအစဉ်ကို ဆက်လုပ်ဖို့ ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း၊ Cabinet ရဲ့ approve ရပြီးတဲ့နောက်မှာ ရက်ပေါင်း ၆၀ ကြာမှာ ဒီအစီအစဉ်က စတင်အသက်ဝင်မှာဖြစ်ကြောင်း  သြဂုတ်လ ၅ ရက်နေ့မှာ ပြောကြားခဲ့တာဖြစ်တယ်လို့သိရ့ပါတယ်။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံကို နိုင်ငံပေါင်း ၃၀ ၊ ၄၀ လောက်က visa မလိုဘဲ ၀င်ရောက်ခွင့်ရနိုင်ပြီး၊ တချို့နိုင်ငံတွေကတော့ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရှိတဲ့ single entry visa ရဖို့ ဘတ် ၁၀၀၀ ပေးရတာဖြစ်ပါတယ်။ Kobkarn က […]
Posted On August 15, 2015, By Editorial

3rd Myanmar Hospitality and Tourism Conference

၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က နေပြည်တော်၊ Kempinski ဟိုတယ်တွင် တတိယအကြိမ်မြောက် မြန်မာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း conference ကို ကျင်းပခဲ့ပါတယ်။ ဒီ conference ကို ၂ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ဒီအခမ်းအနားကို မြန်မာနဲ့ နိုင်ငံတကာဟိုတယ်လုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲမှာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့မှ တက်ရောက်ခဲ့ကြပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ conference မှာတော့ Hospitality & Tourism Industry မှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ […]
Posted On June 9, 2015, By Editorial

E-Visa ထပ်မံခွင့်ပြုလိုက်သော နိုင်ငံစာရင်းထုတ်ပြန်

ကမ္ဘာလှည့်ခရီးသွားတွေအဆင်ပြေစေဖို့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို e-visa ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ယခု အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ကမ္ဘာလှည့်ခရီးသွား အများဆုံး ၀င်ရောက်တဲ့ နိုင်ငံ ၂၄ နိုင်ငံကိုလည်း e-visa ထပ်မံခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ထပ်မံခွင့်ပြုပေးခဲ့တဲ့ နိုင်ငံတွေကတော့ သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ အက်စတိုးနီးယား၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လတာ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ဆွီဒင်၊ မွန်ဂိုလီးယား၊ ကိုလမ်ဘီယာ၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူး၊ ဗင်နီဇွဲလား၊ ပနားမား တို့ဖြစ်ပါတယ်။
Posted On October 20, 2014, By Editorial

၁၀ ကြိမ်မြောက် ASEAN Skill Competition 2014 မြန်မာနိုင်ငံ ၀င်ပြိုင်မည်

  ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ၁၀ ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ(ASEAN Skill Competition 2014) မြန်မာနိုင်ငံက တတိယအကြိမ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲတွင် ကျွမ်းကျင်မှုပြိုင်ပွဲ ၂၅ မျိုးထဲမှ မြန် မာနိုင်ငံက စားသောက်ဆိုင်ဝန်ဆောင်မှုကျွမ်းကျင်မှု၊ အချက်အပြုတ်ကျွမ်းကျင်မှု၊ အီလက်ထရောနစ်ကျွမ်း ကျင်မှု၊ လျှပ်စစ်သွယ်တန်းကျွမ်းကျင်မှု၊ ပိုက်ပြင် ပိုက်ဆက်ကျွမ်းကျင်မှု၊ လက်သမားကျွမ်းကျင်မှုစတဲ့ ကျွမ်း ကျင်မှုအမျိုးအစား ခြောက်မျိုးကို ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလကစပြီး ပြိုင်ပွဲတွေအဆင့်ဆင့် ရွေးချယ်ပြုလုပ်ပြီး နောက်ဆုံးမှာ လက်ရွေးစင်ပြိုင်ပွဲဝင် ခုနစ်ဦးနဲ့ ပညာရှင် ခုနစ်ဦးတို့ကို ရွေးချယ်ထားတယ်လို့ […]
Posted On August 19, 2014, By Editorial

Travel Agent အများဆုံစည်းရာ Thailand-Myanmar Table Top Sales and Gala Dinner

ဥက္ကဋ္ဌ Mr Sisdivachr Cheewarattanaporn  ရဲ့ဦးဆောင်မှုနဲ့  Association of Thai Travel Agents (ATTA)  ကအဖွဲ့ဝင် ၁၂၅ ယောက်ဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရှိTourism Business Operator  များနဲ့ တွေ့ဆုံခဲ့ပါတယ်။ Project of AEC Explore  လို့ အမည်ပေးထားတဲ့သူတို့ရဲ့ခရီးစဉ်ကို ဧပြီလ၂၁ ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၃ ရက်နေ့မှာ Table Top Sales  များနဲ့ရင်းရင်းနှီးနှီး ညစာစားသုံးခဲ့ ကြပါတယ်။ အခုလို ပွဲကျင်းပရတာဟာ ထိုင်းနဲ့မြန်မာနိုင်ငံကြား စီးပွားရေးလုပ်ငန်းများပိုမိုတိုးချဲ့လုပ်ကိုင် နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံးဟိုတယ်တွေ၊ Ground Operator တွေ၊ ထိုင်းနိုင်ငံရဲ့ခေတ်အမီဆုံးTourist Destination  တွေသိရှိနိုင်စေဖို့နဲ့ Toursim Product […]
Posted On August 16, 2014, By Editorial

ဆိုက်ရောက်ဗီဇာ တိုးချဲ့ထုတ်ပေးမည့်နိုင်ငံများ (Visa On Arrival)

လက်ရှိ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိသော နိုင်ငံများမှာ ကမ္ဘောဒီးယား၊ ကိုရီးယား  ၊  ဂျပန်  ၊ ဂျာမန်၊ စင်္ကာပူ၊ စပိန်၊ ဆွစ်ဇာလန်၊ ဆွီဒင် ၊ တရုတ်  ၊ ထိုင်း၊ ထိုင်ဝမ်  ၊  ဒိန်းမတ်  ၊  နယူးဇီလန် ၊ နော်ဝေ၊  ပြင်သစ်   ၊ ဖိလစ်ပိုင်  ၊ ဗီယက်နမ်  ၊  ဗြိတိန် ၊ ဘရူနိုင်း  ၊ မကာအို  ၊  မလေးရှား  ၊ လာအို  ၊  သြစတြေးလျ   ၊ ဟောင်ကောင်၊ အမေရိကန်  ၊ အင်ဒိုနီးရှား၊ အီတလီ၊ အိန္ဒိယတို့ဖြစ်ပါတယ်။ တိုးချဲ့ထုတ်ပေးမည့်နိုင်ငံများမှာ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဂရိ၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊  ဆိုက်ပရတ်စ်၊ နယ်သာလန်၊ ပေါ်တူဂီ၊  ပိုလန်၊  ဖင်လန်၊     ဘယ်ဂျီယံ၊ ဘူဂေးရီးယား၊ မော်လ်တာ၊  ရိုမေးနီးယား၊   လူဇင်ဘတ်၊ လက်ဗီးယား၊  လစ်သူရေးနီးယား၊ သြစတြီးလျား၊ ဟန်ဂေရီ၊ အစ္စရေး၊  အက်စ်တိုးနီးယား၊     အိုက်ယာလန်၊ နီပေါ၊  မြောက်ကိုရီးယား၊  ခရိုအေးရှား တို့ဖြစ်ကြောင်း […]
Posted On August 9, 2014, By Editorial

Food & Hotel Myanmar 2014

Food & Hotel Myanmar 2014 ဟာ မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသော ထိပ်တန်းနိုင်ငံတကာအစားအသောက်နှင့် တည်ခင်းဧည့်ခံမှုလုပ်ငန်းဆိုင်ရာပွဲဖြစ်ပါတယ်။ အစားသောက်၊ အဖျော်ယမကာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့်ဖုတ်လုပ်ငန်းနှင့် အစားအသောက်လုပ်ငန်းသုံး၊ ပစ္စည်းကိရိယာ၊ ပံ့ပိုးမှုနှင့် ၀န်ဆောင်မှုဆိုင်ရာနိုင်ငံတကာပြပွဲ (The International Exhibition for Food & Drink, Hotel, Restaurant, Bakery & Food Service Equipment, Supplies & Services) ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်မှတ ၂၀ ရက်ထိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC Hall တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၅၀ ကျော်ပါဝင်ပြီး […]
Posted On May 30, 2014, By Editorial

Aureum Palace Hotels & Resorts ၏ Monsoon Special Package အစီအစဉ်

Aureum Palace Hotels & Resorts ၏ ၂၀၁၄ ခုနှစ် မေလ  ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ  ပြုလုပ်မည့် Monsoon Special Package အစီအစဉ်ကို ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။ Aureum Palace Hotel & Resort Bagan နှင့် Popa Mountain Resort ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင် (380,000 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (435 $) ဖြင့် စီစဉ်ထားရှိပါသည်။ Aureum Palace Hotel & Resort Bagan ၏ Deluxe အခန်းတွင် ၁ည ၊ Popa Mountain Resort ၏ Deluxe Garden View တွင် ၁ည တည်းခိုရမည်ဖြစ်သည်။ နေ့စဉ် မနက်စာနှင့် ညစာအပါအ၀င် ပုဂံနှင့် ပုပ္ပါး အသွားအပြန်ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်ပြီး တစ်နေ့တာလုံး လည်ပတ်ခွင့်လည်း […]
Posted On May 21, 2014, By Editorial

Myanmar Treasure Resorts ၏ Drazzle Relax Package အစီအစဉ်

Myanmar Treasure Resorts ၏  ၂၀၁၄ခုနှစ် မေလ  ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ Drazzle Relax Package အစီအစဉ်တွင်ပါဝင်သော အစီအစဉ်များကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ Myanmar Treasure Resort Bagan နှင့် Popa Mountain Resort ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင်  (166,500 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (200 $) ဖြင့်  စီစဉ်ထားရှိပါသည်။ Myanmar Treasure Resort Bagan ၏ Superior အခန်းတွင် ၁ည ၊ Popa Mountain Resort ၏Deluxe တွင် ၁ည တည်းခိုရမည်ဖြစ်သည်။ နေ့စဉ် မနက်စာနှင့် ညစာအပါအ၀င် ပုဂံနှင့် ပုပ္ပါး အသွားအပြန်ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်ပြီး တစ်နေ့တာလုံး လည်ပတ်ခွင့်လည်း ရရှိမည်ဖြစ်သည်။ လေဆိပ်နှင့် ဟိုတယ် အကြိုအပို့ ၀န်ဆောင်မှုလည်း ပါမည်ဖြစ်သည်။   Myanmar Treasure […]
Posted On May 21, 2014, By Editorial