advertisement-image
Tourism

Jodi Weedon(Chief Executive Officer-AMCC)

Jodi Weedon Chief Executive Officer Australia – Myanmar Chamber of Commerce (AMCC) Australia – Myanmar Chamber of Commerce (AMCC) ရဲ့ CEO Mrs.Jodi Weedon နဲ့ တွေ့ဆုံခိုက်မှာ AMCC ရဲ့ ရည်ရွယ်ချက်တွေ၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့်အစီအစဉ်တွေအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ AMCC အကြောင်းရှင်းပြပေးပါ . . . AMCC က သြစတြေးလျနဲ့ မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ AMCC ရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်တဲ့ ၊ ရင်းနှီးမြှုပ်နှံချင်တဲ့ သြစတြေးလျလုပ်ငန်းရှင်တွေကို ကူညီပေးတယ်။ […]
Posted On May 19, 2017, By Editorial

အလုပ်ကိစ္စနဲ့ စင်ကာပူနိုင်ငံကိုသွားမယ်ဆိုရင်

စင်ကာပူနိုင်ငံကို စီးပွားရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖို့၊ Business Partner ရှာဖို့အတွက် သွားမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို Kelly J Trading Ltd ရဲ့ CEO ဖြစ်သူ စင်ကာပူနိုင်ငံသား Mr Victor Yeo က အခုလိုပြောပြထားပါတယ်။ စင်ကာပူလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖို့ ဘယ်လို Appointment ပြုလုပ်ရမလဲ . . . စင်ကာပူအစိုးရရဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Enterpries(IE) က မြို့လယ်ကောင်ဖြစ်တဲ့ Bugis Area မှာ ရှိပါတယ်။ အဲဒီကို မြန်မာလုပ်ငန်းရှင်တွေဆက်သွယ်နိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းဆိုင်ရာကို စုံစမ်းမေးမြန်းနိုင်တယ်။ သူတို့က သင့်တော်မှန်ကန်တဲ့ လုပ်ငန်းရှင်၊ ဒါမှမဟုတ် လုပ်ငန်းအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။ ဒါကြောင့် စင်ကာပူမှာ […]
Posted On April 4, 2017, By Editorial

အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ Hilton ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုဥက္ကဌ William Costley နှင့် တွေ့ဆုံခြင်း

Hilton ရဲ့ အရှေ့တောင်အာရှမှာ လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းတွေအကြောင်း ပြောပြပေးပါ . . . အခုချိန်မှာ Hilton ဟာ အရှေ့တောင်အာရှဒေသတစ်ဝန်းမှာ ဟိုတယ် ၂၇ ခုကို လုပ်ကိုင်နေပါတယ်။ အထူးသဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ မော်လ်ဒိုက်နဲ့  ဖိလစ်ပိုင်နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒီဒေသအတွင်း လောလောဆယ်မှာ အခန်းပေါင်း ၈,၅၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှမှာ နောက်ထပ်ဟိုတယ် ၃၃ ခု ဆောက်ဖို့ စီစဉ်နေပါတယ်။ အရှေ့တောင်အာရှရဲ့ ခရီးသွားလုပ်ငန်း ဈေးကွက်ဖွံ့ဖြိုးမှုအလားအလာကို သုံးသပ်ပြပါ . . . အရှေ့တောင်အာရှဟာ တော်တော်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအခြေခံတွေက ဖွံ့ဖြိုးမှုရှိလိမ့်မယ်ဆိုတာကို ညွှန်ပြနေလို့ပါပဲ။ အကြောင်းတစ်ခုကတော့ အဲဒီမှာအရွယ်အစားကြီးမားပြီး […]
Posted On February 6, 2017, By Editorial

မြန်မာ့ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး

ခရီးသွားလုပ်ငန်းတိုးတက်ဖို့ Tourist Master Plan ချမှတ်ကာလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍအတွက် လက်ရှိအချိန်ဟာ တိုးတက်ပြောင်းလဲမှုတွေ အကောင်အထည်ပေါ်လာဖို့ အားလုံးက လိုလားနေကြတဲ့ အချိန်ဖြစ်ပါတယ်။ Visa မလိုဘဲ လွယ်လင့်တကူ ကူးသန်းသွားလာလို့ ရနေတဲ့ အာဆီယံအတွင်းက နိုင်ငံတွေ၊ Arrival Visa ယူလို့ရနေတဲ့ နိုင်ငံတွေအပြင် E-Visa လျှောက်ထားမှုကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လာနေတာကို တွေ့ရသလို နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားဝင်ရောက်မှုနှုန်း တိုးတက်အောင် လုပ်ဆောင်နေတာတွေက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အာရုံစိုက်လုပ်ဆောင်လာမှုတွေရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် ဖြေလျှော့ပေးမှုတွေလုပ်လာတာနဲ့ တစ်ပြိုင်နက် နိုင်ငံတွင်းလိုအပ်လျက်ရှိတဲ့ သယ်ယူပို့ဆောင်ရေး၊ တည်းခိုစရာနေရာတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေကိုလည်း ရေတို၊ ရေရှည် Strategy များနဲ့ နိုင်ငံတကာ နည်းတူမဟုတ်သော်ငြားလည်း ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျမကျန်ရလေအောင် အရှိန်အဟုန်နဲ့ တိုးမြှင်အကောင်အထည်ဖော်ရမယ့် အချိန်ဆိုတာ ခရီးသွားလုပ်ငန်းကဏ္ဍထဲက […]
Posted On January 20, 2017, By Editorial

ဥရောပသို့ခြေဆန့်လာသည့် အာရှလုပ်ငန်းစု Central Group

Central Group စီးပွားရေးလုပ်ငန်းစုဟာ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်လီအရောင်းလုပ်ငန်းစုတွေဖြစ်တဲ့ Central ၊ Robinson နဲ့ Zen Department Store တွေကို ပိုင်ဆိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်လီကုန်တိုက်လုပ်ငန်းတွေနဲ့ အောင်မြင်နေတဲ့ Central Group ဟာ မကြာသေးတဲ့ ကာလအတွင်းမှာ ဥရောပကို လုပ်ငန်းချဲ့ထွင်ပြီး ကမ္ဘာ့စင်မြင့်မှာ ၀င့်ထည်ဖို့ ကြိုးပမ်းလာပါတယ်။ Central ရဲ့အစ . . . ဟိုင်နန်ကျွန်းကနေ ထိုင်းနိုင်ငံကို စွန့်စားရောက်ရှိလာတဲ့ Tiang Chirathivat ဟာ ၁၉၄၇ ခုနှစ်မှာ ကုန်မျိုးစုံရောင်းတဲ့ဆိုင်ကို ဘန်ကောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Tiang Chirathivat မှာ ဇနီးသုံးဦးရှိပြီး သားသမီး ၂၅ ဦး ထွန်းကားခဲ့ပါတယ်။ နောင်ဆယ်နှစ်ကြာ […]
Posted On November 29, 2016, By Editorial

နိုင်ငံခြားဘဏ်တွေကို မြန်မာဘဏ်တွေနည်းတူ လုပ်ပိုင်ခွင့်တွေပေးလိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို ပြောပြပေးပါ . . .

ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်မြှင့်လို့ရှိရင် နိုင်ငံခြားဘဏ်တွေကို လိုင်စင်ပေးရမယ်။ အခုလက်ရှိမှာ သူတို့ကို လက်လီဘဏ်လုပ်ငန်းကို လုပ်ခွင့်မပေးဘူး။ သူတို့အလုပ်တွေကို အထူးစီးပွားရေးဇုန်တွေမှာ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ပဲ ဆက်ဆံခွင့်ပေးတယ်။ ဒါကလည်း နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းဘဏ်တွေကို ကာကွယ်ထားတဲ့အနေအထားရှိတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အချိန်အခါကျရောက်လာရင်တော့ နိုင်ငံခြားဘဏ်တွေကို လုပ်ပိုင်ခွင့်တွေ ပေးရမှာပဲ။ ဒါပေမဲ့ ဒီလိုခွင့်ပေးတဲ့အခါ သူတို့ရဲ့အားက နည်းတဲ့အားမဟုတ်ဘူး။ သူတို့ရဲ့ အရင်းအနှီးအား၊ နည်းပညာအား၊ ပေါင်းသင်းဆက်ဆံရေးအား၊ ဈေးကွက်အားတွေက မနည်းတော့ ပြည်တွင်းဘဏ်တွေအနေနဲ့က ယှဉ်နိုင်ဖို့ဆိုတာ တော်တော်ကို ရုန်းကန်ကြိုးစားရမှာပါ။ ဒီတော့ ယှဉ်ပြိုင်မလား၊ မပြိုင်ဘူးလားဆိုတာကလည်း နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီပေါ်မှာလည်း မူတည်ပါတယ်။ တချို့နိုင်ငံတွေမှာလည်း ပြောင်းလဲမှုလုပ်တဲ့အခါမှာ လက်မခံနိုင်တာတွေရှိတယ်။ စင်ကာပူလိုနိုင်ငံကတော့ ပြောင်းလဲမှုကို အစပိုင်းမှာကတည်းက လက်ခံလိုက်တယ်။ တရုတ်နိုင်ငံဆိုရင် လက်မခံဘူး။ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ ရွေးချယ်မှုအပေါ်မှာပဲ […]
Posted On November 28, 2016, By Editorial

အလုပ်ကိစ္စနဲ့ သြစတြေးလျ သွားမယ်ဆိုရင်

နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း အနည်းငယ်နားလည်တာဟာ ယင်းနိုင်ငံနဲ့စီးပွားရေး ပြုလုပ်တဲ့အခါမှာ ခရီးတွင်စေပါတယ်။ သြစတြေးလျ လူမျိုးတွေနဲ့အတူ စီးပွားရေးလုပ်ဆောင်ရာမှာ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိပြုစေလိုပါတယ်လို့ Austrade Yangon ရဲ့ Senior Trade Commissioner ဖြစ်သူ Ross Bray က ပြောပြထားပါတယ်။ ယဉ်ကျေးတဲ့ နှုတ်ဆက်ခြင်းအလေ့အထ . . . ပထမနာမည်ကို စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးရာ ဆက်ဆံရေးတွေမှာ သုံးကြပါတယ်။ ယေဘုယျအနေနဲ့ ပထမနာမည်နဲ့ အစပြုဆက်ဆံရေး ပြုလုပ်လေ့ရှိပါတယ်။ နှုတ်ဆက်ရာမှာ ပြုံးတာ၊ မျက်လုံးချင်း ဆုံအောင်ကြည့်တာနဲ့ လက်ဆွဲနှုတ်ဆက်တာတွေက အမျိုးသားအတွက်ရော အမျိုးသမီးတွေအတွက်ပါ သင့်တော်ပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ ပုံမှန်အားဖြင့်တော့ သေချာကိုင်ဆွဲပြီး လျင်မြန်တိုတောင်းတဲ့ အပေါ်အောက်လှုပ်ရှားမှု ပုံစံမျိုး ဖြစ်သင့်ပါတယ်။  တခြားသူရဲ့လက်ကို ဆွဲညှစ်ဖို့ မလိုအပ်၊ […]
Posted On July 8, 2016, By Editorial

၂၀၁၅ ထိုင်းခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေက လေ့လာနိုင်တဲ့ အချက် ၆ ချက်

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံ GDP အတွက် အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး ၀င်ငွေကောင်းကောင်း ရှာပေးနိုင်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ လှပတဲ့ပင်လယ်ကမ်းခြေတွေ၊ ခမ်းနားပြီးအဆင့်အတန်းမြင့်တဲ့ အပန်းဖြေစခန်းတွေ၊ ပျော်စရာတွေပြည့်နေတဲ့ ပွဲတော်တွေက  သန်းနဲ့ချီတဲ့ ခရီးသွားဧည့်သည်တွေကို နှစ်စဉ်နှစ်တိုင်း ဆွဲဆောင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ထဲထဲဝင်ဝင်လေ့လာပြီးတဲ့နောက်မှာ ထိုင်းခရီးသွားလုပ်ငန်းဟာ ပုံမှန်ထက်နိမ့်ကျနေတဲ့ စီးပွားရေးအခြေအနေမှာတောင် ဆက်လက်ပြီး ဘယ်လိုရပ်တည်အောင်မြင်နေလဲဆိုတဲ့ တန်ဖိုးရှိတဲ့သင်ခန်းစာကို လေ့လာနိုင်ပါတယ်။ ဒီလိုကိန်းဂဏန်းတွေထဲက အရေးပါတဲ့ ကိန်းဂဏန်း တချို့ကတစ်ဆင့် ရရှိနိုင်တဲ့ သင်ခန်းစာခြောက်ခုကို တင်ပြလိုက်ပါတယ်။ ၁။ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလကနေ မေလအတွင်း ခရီးသွားဧည့်သည် ၁၂ .၄ သန်း ရှိပါတယ်။ Songkran ပွဲတော် (ထိုင်းသင်္ကြန်ပွဲတော်) ကို ဧပြီလမှာ ကျင်းပပြီး ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည်တွေဟာ သူတို့နိုင်ငံကနေ အအေးရှောင်လိုတာကြောင့် […]
Posted On July 5, 2016, By Editorial

ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ သွားမယ်ဆိုရင်

ထိုင်းနိုင်ငံကို စီးပွားရေးကိစ္စနဲ့ ခရီးသွားမယ့်၊ တွေ့ဆုံဆွေးနွေးမှုတွေလုပ်မယ့် စီးပွားရေးသမားတွေအတွက် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ အခြားသိထားသင့်တဲ့အချက်တချို့ကို Kasikorn Bank ရဲ့ Chief of Representative (Myanmar) ဖြစ်တဲ့ Nuttaphong Visitkitchakarn က ပြောပြထားပါတယ်။ Nuttaphong Visitkitchakarn ဟာ မြန်မာနိုင်ငံကိုရောက်ရှိပြီး တာဝန်ထမ်းဆောင်နေတာ အခုဆိုရင် လေးနှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တွေ့ဆုံဖို့ Appointment တောင်းမယ်ဆိုရင် . . . အီးမေးလ်ပို့ပြီး Appointment တောင်းနိုင်ပါတယ်။ တိုက်ရိုက်ဖုန်းခေါ်တာမျိုးတွေနဲ့လည်း Appointment တောင်းနိုင်ပါတယ်။ အလုပ်ဖြစ်ဖို့ဆိုရင် Head of Department ၊ ဒါမှမဟုတ် ပိုင်ရှင်နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ ကြိုးစားသင့်ပါတယ်။ သူတို့မှာ Assistant တွေ ရှိတတ်တာကြောင့် […]
Posted On June 20, 2016, By Editorial

မြန်မာနိုင်ငံ၏ အံ့သြဖွယ်ရာ စီးပွားရေးနိမိတ်လက္ခဏာများ

ယနေ့စီးပွားရေးလုပ်ငန်းတွေဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ကိုယ့်လုပ်ငန်း နောက်ကျန်မနေခဲ့ဖို့နဲ့ ပြောင်းလဲလာတဲ့ စီးပွားရေးအလားအလာတွေကို သိရှိဖို့အတွက် CEO မဂ္ဂဇင်းကကြီးမှူးတဲ့ Potential Economic Miracles of Myanmar  ခေါင်းစဉ်နဲ့ Panel Discussion ကို ရန်ကုန်မြို့ရှိ Chatrium Hotel  မှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Moderator အဖြစ် ဦးဆောင်ပြီး Deloitte Consulting Myanmar ရဲ့ Executive Director ဦးချစ်ထွန်းဖေ၊ Myanmar Information Technology ရဲ့ Managing Director ဒေါက်တာထွန်းသူရသက်၊ Myanmar Voyages International ရဲ့ Managing […]
Posted On April 25, 2016, By Editorial