Han Golf Master ကတင်သွင်းဖြန့်ချိတဲ့ Titleist ဂေါက်တံသစ် သတင်းစာရှင်းလင်းပွဲ

Handgof

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာဂေါက်သီးလေ့ကျင့်ရေးကွင်းတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်က Han Golf Master ကတစ်ဦးတည်းမူပိုင် တင်သွင်းဖြန့်ချိတဲ့ Titleist အမျိုးအစား 915 D2 ဂေါက်တံသစ် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါတယ်။ ပွဲကို ဂေါက်ပစ္စည်းပညာရှင် ဦးဝင်းဇော်၊ ဂေါက်သီးအဖွဲ့ချုပ် အမှုဆောင် ဦးကိုကိုလေး၊ မြန်မာ Golf Tour 2014 ရဲ့ Top Professional Player ကို ဇော်ဇော်လတ် နဲ့ Han Golf Masters Pte Ltd ရဲ့ Executive Director ဒေါ်မြတ်မြတ်မိုး တို့က Media များရဲ့ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

Titleist အမျိုးအစား 915 D2 ဂေါက်တံဟာဆိုရင် တခြားဂေါက်တံတွေထက် ၃ ကိုက်ကနေ ၁၅ ကိုက် လောက်ထိ ပိုဝေးဝေးသွားနိုင်ပြီး လေခွဲစနစ်နဲ့ Angel ကို လိုသလို ချိန်ညှိနိုင်တဲ့အတွက် အပျော်တမ်း ဂေါက်သီးရိုက်သမားတွေအတွက် အထူးသင့်တော်တယ်လို့ သိရပါတယ်။ ဒီဂေါက်တံကို မြန်မာနိုင်ငံမှာ ဒီဇင်ဘာလမှာ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးမြို့တွေက Han Golf Masters ဂေါက်ပစ္စည်း အရောင်းဆိုင်မှာ ၅၅၉ ဒေါ်လာနဲ့ ၀ယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Handgof 3

 

Handgof 2

Handgof 1 Handgof 6  Handgof 4