အာဆီယံခြောက်နိုင်ငံအတွက် ကုန်ပစ္စည်းပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်နိုင်မည့် ပိုမိုကောင်းမွန်သောနည်းပညာများနှင့် ဖြေရှင်းချက်များကို စုံလင်စွာပြသမည့် TILOG-LOGISTIX ပြပွဲ

TILOG-LOGISTIX ပြပွဲသည် အာဆီယံခြောက်နိုင်ငံနှင့် ချိတ်ဆက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းဖြစ်လာစေရန်

အာဆီယံခြောက်နိုင်ငံအတွက် ကုန်ပစ္စည်းပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်နိုင်မည့် ပိုမိုကောင်းမွန်သောနည်းပညာများနှင့် ဖြေရှင်းချက်များကို စုံလင်စွာပြသမည့် TILOG-LOGISTIX ပြပွဲ

TILAGO

TILOG-LOGISTIX သည် ပို့ဆောင်ဆက်သွယ်ရေးအဖွဲ့အစည်းအတွင်းတွင် စီးပွားရေးကွန်ယက်ကို ချိတ်ဆက်ပေးသော ပလက်ဖောင်းဟူ၍ လုပ်ငန်းများအကြားတွင် ကျော်ကြားပြီးသားဖြစ်သည်။ TILOG-LOGISTIX နောက်ဆုံးထုတ်ပြန်မှုအရ ပြပွဲသည် ထိပ်တန်းကုန်သည် တစ်သောင်းထက်ပို၍တက်ရောက်ခဲ့ပြီး ၎င်းတို့အနက်တွင်နယ်ပယ်အသီးသီးမှ ထုတ်ကုန်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့် အာဆီယံနိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များများစွာ ပါဝင်တက်ရောက်ခဲ့ပါသည်။

ပိုမိုဆန်းသစ်တီထွင်မှုနှင့် နည်းပညာတိုးတက်စေရန် ဆောင်ရွက်နေသောအချိန်ကာလအား ရောက်ရှိနေသောကြောင့် အခြေခံအားဖြင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလည်ပတ်မှုနှင့် နည်းဗျူဟာများအားပြောင်းလဲသွားမည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဖြန့်ဖြူးရေးလုပ်ငန်းကွန်ယက်များအား တိုးချဲ့ရန်လိုအပ်ပြီး ကုန်ပစ္စည်းပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းရှင်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ReedTradex ကုမ္ပဏီတို့အကြား အတူတကွပူးပေါင်းဆောင်ရွက်ကျင်းပမည့် “အာဆီယံခြောက်နိုင်ငံနှင့် ချိတ်ဆက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းဖြစ်လာစေရန်” ဟူသော ဆောင်ပုဒ်အောက်တွင် ဒိုင်းလော့ “TILOG-LOGISTIX 2017” ဟုဆိုသောပြပွဲကြီးကို စီစဉ်ကာ စက်မှုလုပ်ငန်းရှင်များအတွက် အခြားသောကုန်သည်များနှင့် စီးပွားရေးရေရှည်ဆောင်ရွက်နိုင်ရန်အတွက် ဒီဂျစ်တယ်နည်းပညာရပ်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေခြင်းနှင့် ၄င်းတို့၏ပို့ဆောင်ရေးလုပ်ငန်းစဉ်အဆင့်မြင့်တင်ခြင်းနည်းလမ်းတို့ကို ကူညီပြသပေးသွားမည်ဖြစ်ပါသည်။ “TILOG-LOGISTIX 2017” ပြပွဲအား၂၀၁၇ သြဂုတ်လ ၁၆ ရက်မှ ၁၉ ရက်အတွင်း ဘန်ကောက်မြို့၊ဘိုင်တက် (BITEC) , Hall -98 တွင် ကျင်းပသွားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ၀င်ရောက်ကြည့်ရှုလိုပါက www.ditp.go.th or www.tilog-logistix.com တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။