မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ တတိယအကြိမ်အသင်းသား စုံညီအစည်းအဝေး

mm post

မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရာင်းချသူများအသင်းရဲ့  တတိယအကြိမ်နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးပွဲအခမ်းအနား ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/ စက်မှုအသင်းချုပ်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်း ဥက္ကဋ္ဌဦးဇော်မင်းဝင်းမှ ”စားသောက်ကုန်ထုတ်လုပ်ငန်းဟာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း၊  ဒါအပြင် ပြည်ပကို အရည်အသွေး၊ အဆင့်အတန်းမီစားသောက်ကုန်များတင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေတိုးတက် လာမှာဖြစ်ပြီး စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းတွေကလည်း အရေအတွက်ရော အရည်အသွေးပါ တိုးတက်လာဖို့အတွက် စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ” ပြောကြားခဲ့ပါတယ်။ အသင်းရဲ့ ၂၀၁၁ -၂၀၁၂ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာနဲ့ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကိုအတည်ပြုချက်ရယူပြီးအသင်း သားတွေရဲ့ မေးမြန်းချက်တွေနဲ့ အကြံပြုချက်တွေ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။