စိတ်အားထက်သန်တက်ကြွမှုအတွက် အခြေခံမူ ၉ ချက် (The Nine Principles of Motivation)

မှန်ကန်သောပတ်ဝန်းကျင်ကို ဖန်တီးခြင်း (Creating the right environment) . . .

အခြားသူများ၏ စိတ်ခွန်အားတက်ကြွမှုကို ရယူနိုင်ခြင်းမှာ ခေါင်းဆောင်မှု၏ အဓိကအချက်ဖြစ်သည်။ မိမိတစ်ဦးတည်း လုပ်ကိုင်နိုင်စွမ်းမှာ ကန့်သတ်မှုရှိခြင်းကြောင့် မိမိနှင့်ပါဝင်သူများထံမှ လုပ်ကိုင်မှုစွမ်းအား အများဆုံးရရှိနိုင်ခြင်းမှာ လုပ်ငန်းအောင်မြင်မှုအတွက် အရေးပါသည်။ ပထမဦးစွာ မိမိအပေါ် ယုံကြည်လေးစားမှုရရန် အဓိကဖြစ်၍ အခြားအကျိုးဆက်များပါ ရရှိလာမည် ဖြစ်သည်။

အခြားသူများ၏ စိတ်ခွန်အားကို စေ့ဆော်နိုင်ခြင်းသည် ခေါင်းဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ လှုံ့ဆော်နိုင်မှုရရန်မှာ မိမိကို အခြားသူများက မည်သို့မြင်သည်၊ မိမိကလည်း အခြားသူများကို မည်သို့မြင်သည့် အချက်ပေါ်တည်သည်။ အရေးပါသောအချက်မှာ အလေးထား၍ ကြိုတင်စောင့်ကြည့်မှသာလျှင် လူအမျိုးမျိုး၏ စိတ်တက်ကြွရန် လိုအပ်မှုအမျိုးမျိုးကို သိနိုင်မည် ဖြစ်သည်။ လူတစ်ဦးချင်းကို မည်သို့စေ့ဆော်ရမည်ကို သိရှိရန်လိုအပ်သည့်အပြင် ထိုသူရင်ဆိုင်နေရသော ဖိအားများ၊ စဉ်းစားဆုံးဖြတ်ရာတွင် အလေးထားမှု၊ ပြောင်းလဲ၍ရနိုင်မည့်အရာများကို ကြိုတင်ခန့်မှန်းနိုင်ရမည်။

မိမိနှင့်တွဲဖက်လုပ်ကိုင်သူများထံမှ တက်ကြွ သောစိတ်ခွန်အားများရရှိရန် ကူညီပံ့ပိုးမှုအတွက် အရေးပါသော အခြေခံအချက်ကြီးကိုးချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ကိုယ်တိုင်က တက်တက်ကြွကြွရှိတတ်၍ စိတ်အားထက်သန်သူ ဖြစ်ရမည်။

၂။ အလုပ်ခန့်ထားရာတွင်လည်း တက်ကြွ၍ စိတ်အားထက်သန်သူကို ရွေးချယ်၍ သင့်လျော်သောနေရာတွင် ခန့်ထားတာဝန်ပေးရမည်။

၃။ လူတိုင်းကို လူပုဂ္ဂိုလ်တစ်ဦးအဖြစ် အလေးထားဆက်ဆံရမည်။

၎။ ကြိုးစားအားထုတ်မှုကို လိုအပ်သည်မှာ မှန်သော်လည်း လက်တွေ့ကျသော ရည်မှန်းချက်ကို ချမှတ်ရမည်။

၅။ တိုးတက်မှုကို အဓိကထားမှသာ စိတ်ခွန်အားထက်သန်စွာလုပ်မည်။

၆။ စိတ်အားထက်သန်ကြိုးစားနိုင်မည့် ပတ်ဝန်းကျင်ကို ဖန်တီးရမည်။

၇။ မျှတသော အကျိုးခံစားခွင့်များရရှိရန် အလေးထားရမည်။

၈။ အလုပ်လုပ်ခြင်းကို အသိအမှတ်ပြုရမည်။

၉။ မိမိထားရှိသော ရည်မှန်းချက်မှာ စိတ်ရင်းအမှန်အတိုင်းဖြစ်ရမည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)