Jack Be Nimble : The Accidental Education of An Unintentional and Director

maxresdefault - Copy

Jack

ရေးသူ            –   Jack O’Brien

စာမျက်နှာပေါင်း –  ၃၅၂ မျက်နှာ

ထုတ်ဝေသည့်နေ့- Farrar Straus Giroux  (၂၀၁၃ ခုနှစ်)

စင်တင်ပြဇာတ်အနုပညာရှင်တစ်ဦးရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်ပါတယ်။ သူဟာ (စာအုပ်ရဲ့နာမည်က ဖော် ပြထားတဲ့အတိုင်း) မမျော်လင့်ဘဲ ပြဇာတ်လောကထဲ ရောက်လာခဲ့သူဖြစ်တယ်။ သူ့ရဲ့ကျွမ်းကျင်တဲ့အနုပညာက တော့ စန္ဒရားကောင်းကောင်းတီးတတ်ခြင်းသာဖြစ်တယ်။ ဒါပေမဲ့ Land Ho!  ဆိုတဲ့ပြဇာတ်မှာ ပထမဦးဆုံးပါဝင် ကပြ လိုက်တာ တစ်ချီတည်း အောင်မြင်သွားတယ်။

သူဟာ ဒီစာအုပ်ထဲမှာ အနုပညာဒါရိုက်တာနဲ့ သရုပ်ဆောင်ဖြစ်သူ၊ သူလည်း လေးစားတဲ့ Ellis Rabb  ရဲ့အကြောင်းကိုအတော်များများ ထည့်သွင်းဖော်ပြထားတယ်။ ဒါပေမဲ့ သူ့ချစ်သူတွေအကြောင်းတော့ မဖော်ပြ သလောက် ဖြစ်တယ်။ သူ့ရဲ့ဆရာဖြစ်ဖူးတဲ့ Ellis Rabb  ရဲ့ဇနီးကိုတော့ အဲဒီအမျိုးသမီး အိမ်ထောင် မကျမီက အတော်စွဲမက်ခဲ့ဖူးတယ်။ နောက်ပိုင်း သူဟာ Rabb နဲ့ ခွာပြဲခဲ့ပုံကိုလည်း ဖော်ပြ ထားတယ်။ Rabb က အရက် တွေ သိပ်သောက်ပြီး တအား မူးတတ်တဲ့အတွက် သူ့အဖွဲ့ထဲက ထုတ်ပယ်ပစ်ခဲ့ရ ပုံတွေကို ဖော်ပြထားတယ်။