ကုမ္ပဏီအတွင်းက ၀န်ထမ်းတွေထဲကနေပဲ ကိုယ့် Team အတွက် လူအင်အားဖြည့်ဖို့ စဉ်းစားတဲ့အခါ လေ့လာကြည့်သင့်တဲ့အချက်တွေ

teamholders

ကိုယ်ကသာ ရုံးခန်းထဲမှာထိုင်နေတဲ့ မန်နေဂျာဖြစ်ရင် ကိုယ်ရွေးမယ့်သူအကြောင်းကို သိဖို့တော်တော်ခဲယဉ်းပါတယ်။ သိရင်လည်း စာရွက်ပေါ်မှာ ရေးထားတာလောက်ပဲ သိမယ်။ တော်တဲ့မန်နေဂျာတွေက ဘာလုပ်တတ်သလဲဆိုတော့ သူတို့တွေက ရုံးကို မကြာမကြာ တစ်ပတ်လောက် ပတ်ပြီးတော့ လျှောက်ကြည့်တတ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင် Walking around the office ဖြစ်ပါတယ်။ ကိုယ်လေ့လာအကဲခတ်နေသူက သူများဌာနက ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ဌာနက ဖြစ်ချင်ဖြစ်မယ်။ ကိုယ်ရွေးချင်တဲ့သူတွေရဲ့ အပြုအမူစရိုက်တွေကို ကြည့်တယ်။ စိတ်တိုတဲ့အချိန်မှာ ဘယ်လိုပြုမူတတ်သလဲ၊ ပျော်တဲ့အချိန်မှာ သူဘယ်လိုနေလဲ၊ စိတ်ဓာတ်ကျတဲ့အချိန်မှာ သူဘယ်လိုနေလဲ။ မလှမ်းမကမ်းကနေ အကဲခတ်ရပါတယ်။

Mental Note လို့ခေါ်တဲ့ စိတ်နဲ့ဆိုင်တဲ့ Note ကိုလည်း မှတ်ရမယ်။ ကိုယ်က Observation ကောင်းရမယ်။ အဲဒီလူကို မေးခွန်းမေးတတ်ရမယ်။ Openended Question တွေ မေးနိုင်ရမယ်။ သူပြန်ဖြေတာကို ကောင်းကောင်းနားထောင်ရမယ်။ Listen carefully to the answer ဆိုတာက အလွန်အရေးကြီးပါတယ်။

ကျွန်တော် Example လေးပေးချင်တယ်။ လူတွေရဲ့ Strength ကို မေးချင်တယ်ဆိုရင် What was the best day at work you had in the past three months? လို့မေးပါ။မြန်မာလိုဆိုရင် ပြီးခဲ့တဲ့ ၃ လအတွင်း မင်းအလုပ်မှာ အကောင်းဆုံး၊ အပျော်ဆုံးရက်က ဘယ်နေ့လဲမှတ်မိလား။ သူကပြန်ဖြေရင် ပြောတဲ့အထဲမှာ ဘာကို သူ enjoy လုပ်တာလဲ၊ သူ့စိတ်ကို ခန့်မှန်းလို့ရတယ်။ Enjoy မဖြစ်တဲ့သူဆိုရင်လည်း သူဘယ်လိုကြုံရတာလဲ၊ သူဘာအခက်အခဲတွေ ရှိခဲ့တာလဲဆိုတာကို နောက်ဆက်တွဲမေးခွန်းတွေနဲ့ လေ့လာလို့ရသွားပါမယ်။ အကဲခတ်ပါ။ နောက်တစ်ယောက်ကတော့ ကျွန်တော်ရှိကိုမရှိခဲ့ဘူး၊ အလုပ်ထွက်ချင်နေပါတယ်လို့ ပြောချင်ပြောလာနိုင်ပါတယ်။ ဒါကတော့ Internally ဖြစ်ပါတယ်။ ဒီလိုမျိုးမေးခွန်းတွေမေးရင် ဘယ်လိုဖြစ်လာမလဲဆိုတော့ သူတို့ရဲ့စိတ်ဝင်စားမှုကိုလည်း ကိုယ့်ကိုပြောပြစေတယ်။ သူတို့ရဲ့စွမ်းဆောင်မှုကိုလည်း ကိုယ့်ကိုပေါ်လာအောင် ပြောပြနိုင်စေပါတယ်။ နောက်တစ်ခုမေးလို့ရတာက What was the worst day you had at work in the past three months? ဒီလိုမေးရင်လည်း သူတို့ရဲ့အဖြေထဲကနေ ကိုယ်လေ့လာနိုင်စရာတွေ အများကြီးထွက်လာပါလိမ့်ဦးမယ်။ အချိန်တော့ပေးရမယ်။

လူတွေကိုရွေးတဲ့အခါ အဲဒီလူကိုရွေးဖို့ အဓိကမဟုတ်ပါဘူး။ အဲဒီလူကို ဘာဖြစ်လို့ ကိုယ်ကရွေးရတာလဲဆိုတာက အဓိကကျပါတယ်။

ဘယ်မန်နေဂျာမှာမှ ဘယ်သူ့ကို ကိုယ့်အဖွဲ့အတွက် ခန့်ရမယ်ဆိုတဲ့ တိကျတဲ့အဖြေမရှိပါဘူး။ ကိုယ်ခန့်မှန်းလို့ရတဲ့အရာနဲ့ တိုင်းတာပြီး ခန့်ရတယ်။ တကယ်တမ်း ကိုယ့်ဆီရောက်တဲ့အခါ သူဘယ်လိုဖြစ်မလဲ၊ ကိုယ်က ဘယ်လိုဖြစ်မလဲ မသိဘူး။ အဲဒီအခါမှာ သူပြောတဲ့အားသာချက်ထဲမှာ သူ့အပေါ်မှာ မှီခိုနိုင်တာကို (Liability ကို) ရှာရပါမယ်။ သူကျွမ်းကျင်တာနဲ့ပတ်သက်လို့ သူ့ဆီမှာ Proven Record တွေရှိတယ်။ အဲဒီလို Liability ရှိတယ်ဆိုရင် ကိုယ်ကလည်း အဲဒီလိုမျိုးလူကိုကြိုက်တယ်ဆိုရင်ရပြီ။ သူ့ Strength က Liability ဖြစ်တယ်။ သူ့မှာ Weakness လည်းရှိတယ်ဆိုရင် တွန်းအားပြန်ပေးပြီး သူ့ကိုဘယ်လိုပိုကောင်းအောင်လုပ်လဲ။ ပိုပြီးတော့ သူ့ကိုယ်သူသေချာလာအောင်၊ တိုးတက်လာအောင် ဘယ်လို Develop လုပ်ပေးမလဲဆိုတာကတော့ မန်နေဂျာတွေအပေါ်မှာ မူတည်ပါတယ်။

ကိုယ့်ကိုယ်ကိုသိအောင်လုပ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘယ်လိုလူကို လိုချင်လည်း၊ ဘာကြောင့်လိုချင်တာလဲဆိုတာကို အရင်သိအောင်လုပ်ပါ။ ပြီးတော့မှ လူတွေကိုစောင့်ကြည့် ရွေးချယ်မယ်ဆိုရင် ကိုယ်ရွေးတဲ့လူရဲ့ ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ကိုပါ သိနေနိုင်ပါမယ်။ ဒီလိုသိတဲ့အခါ သူ့ကိုဘယ်လိုပြုပြင်လို့ရမလဲဆိုတာကိုပါ စဉ်းစားနိုင်ပါလိမ့်မယ်။ သူ့အတွက် Development Plan တွေရေးဆွဲလို့ရပါလိမ့်မယ်။

နောက်အရေးကြီးတာက Talented Person အကြောင်းဖြစ်တယ်။ ကိုယ့်အဖွဲ့ထဲမှာ ၀န်ထမ်းတစ်ယောက်က သူအရင်က လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံ၊ တက်ခဲ့ဖူးတဲ့ကျောင်း စတာတွေကြောင့် ခန့်ကတည်းက တော်လိုက်တာ၊ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံလည်းရှိတယ် စသဖြင့် ၀င်လာကတည်းက သူ့အလိုလိုနေရင်း Popular ဖြစ်နေတာမျိုး ရှိတတ်ပါတယ်။ အဲဒီလိုလူမျိုးကို Star လို့ခေါ်ပါတယ်။ တစ်ချို့မန်နေဂျာတွေက Star နောက်ပဲလိုက်နေတယ်။ အဲလိုလိုက်ရင်းနဲ့ Moon ပေါ်လာတဲ့အခါ Moon ကို မေ့ထားတယ်။ ဒါကြောင့် လူတိုင်းကို မျှပြီး ကြည့်ပါ၊ ချီးကျူးပါလို့ ပြောချင်ပါတယ်။ Star ကလည်း Star အလျောက် Perform လုပ်ရမယ်။ ဒါအပြင် တကယ့်ကိုတော်တဲ့ ရွက်ပုန်းသီးတွေလည်း ရှိတတ်ပါတယ်။  သူတို့ကိုလည်း မြင်အောင်ကြည့်တတ်ရပါမယ်။

ဒါကြောင့် မန်နေဂျာတွေကို ရုံးခန်းထဲမှာ ထိုင်မနေနဲ့။ ရုံးကို လျှောက်ပတ်ကြည့်ပါ၊ မေးပါ၊ နားထောင်ပါ၊ လူတွေ ဘယ်လိုအဖြစ်အပျက်မှာ ဘယ်လို Response လုပ်လဲဆိုတာ လေ့လာပါလို့ ပြောချင်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ကိုယ်လည်း အညောင်းပြေသလို ၀န်ထမ်းတွေအကြောင်းလည်း ပိုသိပါတယ်။

ဦးမျိုးသန်း ၊ HR & Learning and Development Practitioner