TCM Partners Co Ltd

TCM1

Toshiba-Carrier ကုမ္ပဏီရဲ့ Aircon Unit တွေကို မြန်မာပြည်မှာ တရားဝင်ဖြန့်ဖြူးရောင်းချသွားမယ့် TCM Partners Co Ltd ရဲ့ Country Manager Charoensak Chessadapornchai နဲ့ Marketing Management ဒေါ်နန်းဥမ္မာခင်တို့နဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

လုပ်ငန်းတည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်း၊ အီးမေးလ် . . .

အမှတ် ၁၁၀၊ ၃ ရပ်ကွက်၊ သစ္စာလမ်းနဲ့ ပါရမီလမ်းကြား၊ ဝေဇယန္တာလမ်းမပေါ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ် ၀၉ ၇၈၇၈၇၈၈၁၁ ၊ www.toshiba-carriertcmmy-anmar.com.mm ၊ TCM Partners Co Ltd @ facebook.com တို့ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

TCM2

လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေနဲ့ ရည်ရွယ်ချက် . . .

Toshiba Carrier ကုမ္ပဏီက ထုတ်လုပ်တဲ့ Aircon Unit တွေကို မြန်မာပြည်မှာ ဖြန့်ဖြူးသွားနိုင်ဖို့ ရည်ရွယ်ပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီက Aircon နဲ့ ဆက်စပ်ပြီး လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေကို ကုမ္ပဏီရဲ့ Aircon Unit မှာ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမယ်။ ကုန်ပစ္စည်းအသစ်တွေ ထွက်တိုင်းလည်း မိတ်ဆက်ပေးသွားမယ်။ ပြီးတော့ ကုန်ပစ္စည်းတွေကို ဈေးကွက်မှာဖြန့်ချိပေးဖို့နဲ့  အသုံးပြုသွားပေးဖို့ သူတို့ရဲ့ အကူအညီတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီက Aircon Unit တွေကို ဖြန့်ဖြူးတယ်ဆိုပေမဲ့ တစ်လုံးချင်းအရောင်းပုံစံမျိုးနဲ့ သွားမှာမဟုတ်ဘဲ Dealer တွေကနေတစ်ဆင့် ပြန်လည်ဖြန့်ဖြူးဖို့နဲ့ Project by Project လုပ်ငန်းတွေကို အဓိကထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

TCM3

ဆိုင်ဖွင့်ချိန် . . .

တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီထိ ဖွင့်ထားပါတယ်။ စနေနေ့ဆိုရင်တော့ ၈ နာရီခွဲကနေ နေ့လယ် ၁ နာရီအထိ ရုံးဖွင့်ထားပြီး တနင်္ဂနွေနေ့ကတော့ ရုံးပိတ်ပါတယ်။

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းပိုင်းနဲ့ ပတ်သက်ပြီး www.toshiba-carriertcmmyanmar.com.mm မှာ ကုမ္ပဏီရဲ့ Dealer ဆိုင်တွေရဲ့ လိပ်စာတွေကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်။

အနာဂတ်အစီအစဉ် . . .

ကုမ္ပဏီဟာ Aircon နဲ့ ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသိပေးတာတွေ ပြုလုပ်သွားမှာဖြစ်သလို ဈေးကွက်အတိုင်းအတာအနေနဲ့လည်း နောက်ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် Aircon Unit ဖြန့်ဖြူးသူဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။