T & W

T&W feature

ဆိုင်တည်နေရာ

အမှတ်-၁၉၃၊ မြေညီထပ်၊ ၂၈လမ်း၊ အပေါ်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁-၂၄၈၉၈၃၊ ၀၉-၄၂၁၀၉၄၁၈၅ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ဆိုင်ဖွင့်ချိန်

နံနက် ၉ နာရီမှညနေ ၅ နာရီခွဲထိ ပိတ်ရက်မရှိဖွင့်လှစ်ထား တာဖြစ်ပါတယ်။

 

ဆိုင်ဖွင့်ဖြစ်ခဲ့ပုံ

ကျွန်တော်ကအရင်တုန်းက Adverdising လုပ်ငန်းကိုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ လုပ်သက် ၁၇ နှစ်ကျော်ရှိလာတဲ့အခါမှာ ကြော်ငြာလုပ်ငန်းကို တိုးချဲ့ဖို့လိုတယ်ဆိုတာကို သိလာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း Idea  ရှိမယ်၊ လုပ်နိုင်တဲ့အရည်အချင်းတွေရှိမယ်ဆိုရင် Customer  ရဲ့ လိုအပ်ချက်တွေအတွက် ပိုပြီးဖြည့်ဆည်းပေးနိုင် မယ်လို့ ထင်ပါတယ်။ ဒါ့ပြင် ပစ္စည်းတစ်ခုခုလိုချင်တယ်ဆိုရင် သူများနိုင်ငံမှာ သွားဝယ်ရတဲ့အခါအချိန်က အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုအခက်အခဲရှိတဲ့ Customer တွေကို အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ T&W က ကိုကျော်ဝဏ္ဏဆွေက ပြောပြခဲ့ပါတယ်။

 

ရရှိနိုင်တဲ့ပစ္စည်းအမျိုးအစား

Preminium Gifts, Wedding Gifts, Invitation Cards, Merchandising Tools စတဲ့ပစ္စည်းအမျိုးအစားတွေကို မှာယူရရှိနိုင်ပါတယ်။

 

ဈေးနှုန်းပိုင်း

Invitation Card ဆိုရင်တော့ အနည်းဆုံး ငါးရာကျပ်ကနေ စပြီး အများဆုံး ၆,၅၀၀ ကျပ်ဝန်းကျင်လောက်ထိရှိပါတယ်။ Mold ရှိပြီးသား Design ဆိုရင်လည်းဈေးနှုန်း သက်သာနိုင်ပါတယ်။ ကိုယ်မှာယူတဲ့ပစ္စည်းအမျိုးစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုလည်းရှိနိုင်တယ်လို့ သိရပါတယ်။

 

မှာယူတင်သွင်းဖြစ်တဲ့နိုင်ငံ

ထိုင်းနိုင်ငံကနေ အများဆုံး မှာယူတင်သွင်းတာဖြစ်ပြီး၊ မလေးရှားနိုင်ငံဟာလည်း Preminium Gift ကို စိတ်ဝင်စားတဲ့နိုင်ငံဖြစ်တာကြောင့် မလေးရှားနိုင်ငံကလည်း မှာယူတင်သွင်းဖြစ်တယ်လို့ သိရပါတယ်။

 

အနာဂတ်အစီအစဉ်

ကျွန်တော်တို့အနေနဲ့ Customer ရဲ့လိုအပ်ချက်တွေကို   ဖြည့်ဆည်းပေးနိုင်အောင် အရင်ကြိုးစားသွားမှာဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။