System Thinking (စနစ်အတွေးအမြင်)

system-thinking

ပို၍ကောင်းသော ကုမ္ပဏီများဖွဲ့စည်းခြင်း

ကုမ္ပဏီတစ်ခုအဖြစ်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုသည် လုပ်ငန်းလုပ်ဆောင်ရန်အတွက် System တစ်ခု အဖြစ် ဖွဲ့စည်းထားခြင်းပင်ဖြစ်သည်။ System တစ်ခုအတွင်းလည်း System ငယ်များ တစ်ခုနှင့်တစ်ခုချိတ်ဆက်လှုပ်ရှားရသော System များပါဝင်နေသည်။ တစ်ခုချင်းအနေဖြင့်လည်းကောင်း၊  စုပေါင်း၍  လည်းကောင်းရှေ့သို့ရွေ့လျားရသည်။ ကုမ္ပဏီတစ်ခုအနေဖြင့်မူ မဟာဗျူဟာကျကျလိုအပ်သလို ပွင့်လင်းစွာပြောင်းလဲနိုင်စွမ်းရှိစွာနားလည်ရမည်။

          ရှေးအစဉ်အလာအရဗျူဟာဆင်ခြင်းမှာ ပုံသေနည်းစနစ်အဓိကထား လုပ်ကိုင်ကြသည်။ ပြောင်းလဲညှိနှိုင်းရန်မလွယ်ကူဘဲ ရှုပ်ထွေးသတ်မှတ်ချက်များအတိုင်းလက်ရှိအခြေအနေကို အဓိကထားလုပ်ကိုင်ကြရ၍လုပ်ကိုင်ရသူများ စိတ်ပါလက်ပါမရှိကြပေ။ အဓိကအမှားမှာ ပြန်လည်ပြုပြင်ရန် လိုအပ်သည့်အခါ  တွင်ကြိုတင်ချမှတ်ထားသည့် ဒီဇိုင်းပုံစံအရသာ လုပ်ရသည့်အခါ စဉ်းစားတွေးခေါ်ပြင်ဆင်နိုင်မှု ကန့်သတ်ချက်များရှိနေပြီးပို၍ ကောင်းနိုင်သောအခွင့်အရေးများမရတော့ဘဲလုပ်ရသည့်အလုပ်ကို စိတ်မပါတော့ပေ။

System Thinking-  အတွေးအမြင်စဉ်းစားသည့် စနစ်တွင် အဆင့်ခုနစ်ဆင့်ရှိသည်ဟုဆိုထားပြီး ပြဿနာ၏ အစ-အလယ်-အဆုံးဆက်စပ်မှုအားလုံးကို အပြန် ပြန်စဉ်းစားပြီး စိတ်တိုင်းကျမှ အဖြေအဖြစ် လက်ခံသည်။ အဆင့်များမှာ –

1. Explore the Situation_ အခြေအနေကို ဝေဖန်စူးစမ်းလေ့လာပါ။

ဤအဆင့်တွင် သတင်းအချက်အလက်များကို အကဲမဖြတ်ဘဲ၊ ကြောင်းကျိုးသက်ရောက်မှုကိုမရှာဘဲ အချက်အလက်များအဖြစ် ရနိုင်သလောက်ရှာပါ။ အရေးပါသောလုပ်ရမည့် အချက်နှစ်ခုမှာ

–         ပိုက်ကွန်ကို အကျယ်ဆုံးဖြန့်ကြက်၍ သတင်းအချက်အလက် အရနိုင်ဆုံးယူပါ။

–         ဓမ္မဓိဌာန်ကျကျနှင့် ကင်းရှင်းစွာ အရှိအတိုင်းသာဖြစ် စေပြီး ကြိုတင်သတ်မှတ်ချက်မရှိရန်။

2. Describe the System_ စနစ်၏ ပုံပန်းသွင်ပြင်ကို ပေါ်လွင်ပါစေ

မိမိပတ်သက်နေသောကိစ္စကို ရှင်းလင်းစွာသိရှိနား လည်ရန်အတွက် ဖြစ်ပျက်သည့် အကြောင်းအရာအချက်အလက်များ၊ ပတ်သက်နေသူများ၊ အခြေအနေ     ပတ်ဝန်းကျင်နှင့်တကွ သဘောသဘာဝကို ပြည့်စုံစွာ မှတ်သား ဖော်ပြထားရမည်။

          နေ့ရက်များအလိုက်ဖြစ်ရပ်များနှင့် အလားအလာတို့ကိုသိရမည်။ အကြောင်းအရာအလိုက်ပုံစံဖြင့် ဆက်သွယ်မှုများကိုဖော်ပြရမည်။ သို့မှသာအကြောင်း အရာများ၏ ဆက်စပ်လုပ်ကိုင်ပုံ၊ အကောင်းအဆိုး တုံ့ပြန်မှုတို့ကို သိရှိပြီးနောက်တွင် လုပ်ကိုင်မှုစနစ်ကို အလေးအနက်သုံးသပ်နိုင်မည်။

3. Build Models_ ပုံစံများရေးဆွဲပါ။

ကွန်ပျူတာနှင့် အိုင်တီအသုံးပြုတွက်ချက်၍ ရရှိနိုင်သော်လည်း ပိုမိုလေးလေးနက်နက် သိရှိရန်မှာ စနစ်တို့၏ လုပ်ငန်းအသေးစိတ်ပုံစံများ ဆက်စပ်လှုပ်ရှားမှုကို သိရန် လိုအပ်သည်။

4. Compare your model to what is actually _ အမှန်ဖြစ်စဉ်နှင့် ကိုယ်ရေးဆွဲထားသည့်ပုံစံကို နှိုင်းယှဉ်ပါ။

မိမိဖော်ထုတ်ထားသောပုံစံကို အမှန်ဖြစ်စဉ်နှင့် ကိုက်မကိုက်ကြည့်၍ မိမိနားလည်မှု မှန်မမှန်ကို သုံးသပ်ပြီး ကျန်ရစ်မှုများ ရှိ မရှိ ရှာရမည်။

5. Indentify potential improvement

မိမိချထားသောပုံစံမှာ အမှန်ပင်ဖြစ်နေသည်ကို ကိုယ်စားပြုသည်ဟု ယူဆနိုင်ပင်လျှင် ပို၍ကောင်းသော ပြုလုပ် နိုင်မည့် နည်းလမ်းတို့ကို ရှာပါ။

6. Implement your improvements

ပြောင်းလဲမှုများကိုစောင့်ကြည့်၍ ပိုကောင်းနိုင်သော အခြေအနေကိုရှာပါ။ ပြောင်းလဲရန်လိုအပ်မှုကို အောင် အောင်မြင်မြင် ဆောင်ရွက်နိုင်ရန် ပါဝင်သူများပါ ပြောင်းလဲမှုကို သဘောပေါက်ရန်လိုသည်။

7. Repeat the process

စနစ်သဘောဖြင့်ဆောင်ရွက်ရာတွင် အစဉ်တစိုက်လုပ်ရန် လိုသည်။ကုမ္ပဏီများအနေဖြင့် ပြောင်းလဲမှုကိုလိုက်၍  အခွင့်ကောင်းများကို အကျိုးရှိအောင်ဆောင် ရွက်ရမည်။

 

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)