Swiss Time Square ကနေ Rolex နာရီဆိုင်ကို ရန်ကုန်မြို့မှာ ပထမဆုံးဖွင့်လှစ်မိတ်ဆက်

rolex 3

မြန်မာနိုင်ငံတွင် Swiss Time Square နဲ့ Rolex တို့ပူးပေါင်းကာဖွင့်လှစ်တဲ့ Rolex နာရီဆိုင်ဖွင့်ပွဲကို၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ဆိုင်တည်ရှိရာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ခြံအမှတ် ၉၉ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲမှာ Swiss Time Square ရဲ့ ဒါရိုက်တာ ဦးကျော်မျိုးမင်းက “ရန်ကုန်မြို့မှာခုလို Rolex နာရီအရောင်းဆိုင်ကို ဖွင့်လှစ်နိုင်တာဟာ ၀မ်းမြောက်စရာကောင်းတဲ့အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအတွက်လည်း အဆင့်မြင့်မြင့်တိုးတက်မှု့ကိုကိုယ်စားပြုခြင်း ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Rolex နာရီဟာဆိုရင် ၁၉၁၀ ခုနှစ်မှာ Switzerland နိုင်ငံမှာ Mr. Hans WilsdorF ဆိုသူက စတင်တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုအခါမှာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းလိုလို လူအများသိကြတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်နေပါတယ်။

rolex 2

rolex 1 copy

rolex 6

rolex 5

rolex 4

 

rolex 7 rolex 8