Suu Foundation ဖွင့်ပွဲအခမ်းအနား

 

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ဆောင်ရွက်မယ့် Suu Foundation စတင်တဲ့ Luncheon အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆရာစံပလာဇာမှာ ကျင်းပခဲ့ပါတတယ်။ ယင်းအခမ်းအနားမှာ “Challenges of a Free Press in Emerging and Established Democracies”  အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဟောပြောခဲ့ပတယ်။

 

article landscape wartermark final3 copy

ယမန်နှစ်က ဟိုနိုလူလူ အလည်အပတ်ခရီးစဉ်မှာ အစီအစဉ်စတင်ဖို့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ကို အဆင့်မြင့်မွမ်းမံပြင်ဆင်မှုလုပ်ငန်း စတင်ဆောင်ရွက် မယ့် Suu Foundation ဟာ ဟာဝိုင်အီမှာ အခြေစိုက်မှာဖြစ်ပတယ်။ Suu Foundation ရဲ့ Honorary Co-Chairs တွေအဖြစ် အမေရိကန်နိုင်ငံရဲ့ First Lady တွေဖြစ်ကြတဲ့ Laura Bush နဲ့ Hillary Clinton တို့က ကူညီဆောင်ရွက်ကြမှာဖြစ်ပါတယ်။ Chairman အဖြစ် Miemie Winn Byrd က တာဝန်ယူထားပါတယ်။ နာမည်ကျော်မင်းသမီး Michelle Yeoh လည်းတက်ရောက် ခဲ့ပြီး ခုလို ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဒေါ်စုကို ကျေးဇူးတင်စကား ပြောကြားခဲ့ပတယ်။

Hillary Clinton ၏အမှာစကား

Hillary Clinton ၏အမှာစကား

 

 

 

Miemie Winn Byrd

Miemie Winn Byrd

 

Machelle Yeoh

Machelle Yeoh