SUPERIOR CLOTHING ဆိုင်ဖွင့်လှစ်

Superior

ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Trend အ၀တ်အထည်များရောင်းချပေးမယ့် SUPERIOR အကျ င်္ီင်္ီင်္ီင်္ီဆိုင်ဖွင့်ပွဲကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ၁၄ရက်က ဆိုင်တည်ရှိရာရန်ကုန်မြို့ ဗညားဒလလမ်းပေါ်၊ အောင်မင်္ဂလာလမ်းနဲ့ သီတာလမ်းကြား၊ ကျောက်မြောင်းကြီးရပ်ကွက်၊ တာမွေမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဖက်ရှင်နဲ့ ဆိုင်စီမံခန့် ခွဲရေးပိုင်းကို Snareအဖွဲ့ က ဖြိုးလေးက တာဝန်ယူပေးထားပါတယ်။ ဆိုင်ဖွင့်လှစ်သူတွေကိုယ်တိုင်က ဖျော်ဖြေရေး၊ မီဒီယာ၊ အနုပညာလုပ်ကိုင်သူတွေဖြစ်တာကြောင့် ဖက်ရှင်မှတ်တံဆိပ်တစ်ခုကိုမွေးဖွားပေးချင်တဲ့အတွက် သူငယ်ချင်းသုံးယောက်တိုင်ပင်ဖွင့်ဖြစ်တာပါလို့ Media 7က ကိုဝေမင်းမောင်က ပြောခဲ့ပါတယ်။ ဆိုင်ကိုလည်းအ၀တ်အထည်နဲ့ ပတ်သက်လာရင်မြန်မာနိုင်ငံရဲ့   အဓိကအရေးကြီးနေရာတစ်ခုဖြစ်တဲ့ ယုဇနပလာဇာအနီးမှာရွေးချယ်ဖွင့်လှစ်ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  အင်္ကျီဈေးနှုန်းတွေကိုလည်း တစ်သောင်း၊နှစ်သောင်းဝန်းကျင်သတ်မှတ်ထားပေမယ့် ပေးရတဲ့တန်ဖိုးနဲ့  ကိုက်ညီအောင် အရည်အသွေးပိုင်းကိုအထူးဂရုစိုက်ထားကြောင်းနဲ့  နောက်ထပ် ဆိုင်ခွဲတွေထပ်ဖွင့်နိုင်ဖို့၊ အမှတ်တံဆိပ်တွေ ထပ်ထုတ်နိုင်ဖို့ရည်မှန်းထားတယ်လို့  ကိုဝေမင်းမောင်ကပြောခဲ့ပါတယ်။