လွှတ်ခနဲ

hlutkanel

ရုရှား၊ ဂျာမန်၊ အင်္ဂလိပ်နဲ့ ပြင်သစ်လူမျိုး လေးယောက်တို့ဟာ အတူလျှောက်သွားရင်း ရှေးခေတ်ပုလင်းဟောင်းတစ်လုံးကို တွေ့သတဲ့။ ဖွင့်ကြည့်ကြတဲ့အခါ ပုလင်းစောင့် ဂျင်းနီထွက်လာပြီး ဒီလိုထွက်ခွင့်ရလို့ သူတို့ကို ကျေးဇူးတင်တဲ့အတွက် ဆုတစ်ခုပေးလိုက်သတဲ့။ အဲဒါကတော့ ခင်ဗျားတို့လေးယောက်အတွက် ရေကူးကန်လေးခု ဖန်ဆင်းထားတယ်။ အဲဒီထဲကို ခုန်မချခင်မှာ ကိုယ်ဖြစ်ချင်တာတစ်ခုကိုအော်ပြီး ဆုတောင်းလိုက်။ အဲဒါဆို ရေတွေအားလုံးက အော်ဆုတောင်းလိုက်တဲ့အတိုင်း ပြောင်းသွားမယ်လို့ ဂျင်းနီက ပြောသွားသတဲ့။ ဒါနဲ့ ပြင်သစ်လူမျိုးက ရေကန်ထဲခုန်မချခင် ''၀ိုင်'' လို့ အော်ပြီး ခုန်ချလိုက်တာ ရေကူးကန်ထဲကရေတွေက ၀ိုင်အရက်တွေ ဖြစ်သွားလို့ ၀ိုင်ထဲမှာကူးရင်းသောက်ရင်း ပျော်နေသတဲ့။ ရုရှားကလည်း ခုန်မချခင် ''ဗော်လဂါ'' လို့ အော်လိုက်တာ ရေကန်ထဲကရေတွေက ''ဗော်လဂါအရက်'' တွေဖြစ်သွားလို့ ဗော်လဂါကန်ထဲမှာ ကူးရင်း သောက်ရင်း ပျော်လို့ပေါ့။ ဒီလိုပဲ ဂျာမန်ကလည်း ''ဘီယာ'' လို့ အော်ပြီး ခုန်ချလိုက်ပြီး ဘီယာကန်ထဲမှာ ပျော်မဆုံးမော်မဆုံးပေါ့။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အင်္ဂလိပ်ကတော့ အားပါးတရခုန်ချဖို့ ပြေးချိန်မှာပဲ ငှက်ပျောခွံကို နင်းမိပြီး ချော်လဲလို့ ရေကန်ထဲပြုတ်ကျချိန်မှာ သူ့ပါးစပ်က ရုတ်တရက် ထွက်သွားတာကတော့ ''ချီး'' ပါတဲ့ . . .။

ဥပဒေသ ။ ။ အရေးတကြီး အဆုံးအဖြတ်ပေးရမယ့် စကားဆိုရင် မပြောခင် နှစ်ကြိမ်လောက် စဉ်းစားပြီးမှ အသံထွက်ပါစေတဲ့။

ရီနေနိုင်