စင်ကာပူနဲ့ ဟောင်ကောင်က စီးပွားရေးလုပ်ငန်းတွေအတွက် အသင့်တော်ဆုံး
စင်ကာပူ ဟောင်ကောင်
ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ကိုင်ဖို့ အကောင်းဆုံးနိုင်ငံတွေ နှစ်ပတ်လည်စာရင်းမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် စင်ကာပူနဲ့ ဟောင်ကောင်ဟာ ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိပါတယ်။ အဆိုပါနိုင်ငံ နှစ်နိုင်ငံဟာ အဲဒီစာရင်းမှာ ရှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ယူထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ယမန်နှစ်က အဆင့် ၉၁ ရှိပြီး အခု အဆင့် ၉၆ ဖြစ်သွားပါတယ်။ အဆိုပါစာရင်းရဲ့ ထိပ်ဆုံးငါးနိုင်ငံထဲမှာ နယူးဇီလန်၊ အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံတို့လည်း ပါဝင်ပါတယ်။
Ref: CNA