SIMMONS Gallery Showroom

Simmons1

ဆိုင်တည်နေရာနဲ့ စတင်ဖွင့်လှစ်တဲ့နေ့ . . .

ဆိုင်တည်နေရာကတော့ No-207A ၊ Myanmar Plaza @ Second Floor ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်မှာ ဖြစ်ပါတယ်။ ဆိုင်ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ဆိုင်ကို နံနက်ကိုးနာရီကနေ ညကိုးနာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

Simmons2

Simmons ကနေ ရရှိနိုင်တဲ့ မွေ့ယာအမျိုးအစားတွေက . . .

Simmonsက USA Brand ဖြစ်တယ်။ ဆိုင်မှာရရှိနိုင်တဲ့ မွေ့ယာတွေက American Made ၊ Canada Made ၊ USA Made ၊ Japan Made တွေ ပါတယ်။ Simmons မှာ Beautyrest နဲ့ BackCare ဆိုပြီး နှစ်မျိုးရှိတယ်။ BackCare က ခါးနာတတ်တဲ့သူတွေနဲ့ ခါးညောင်းတတ်တဲ့သူတွေအတွက် Back Support လုပ်ပေးတာ ဖြစ်တယ်။ Beautyrest က အိပ်ယာက နိုးလာရင် Fresh ဖြစ်တယ်။ နောက်တစ်ခုက ခုနောက်ပိုင်းမှာ Smart Phone နဲ့ Internet တွေ အသုံးများလာတဲ့အတွက်ကြောင့် အဲဒီအတွက် Body Recheck လုပ်ပေးတဲ့အနေနဲ့ e-Ion Crystal ဆိုတာ ထည့်ပေးထားတဲ့ e-Ion အမျိုးအစားလည်း ရှိပါတယ်။ နောက်တစ်ခုက စိန်ပါတဲ့မွေ့ယာရှိပါတယ်။ စိန်ပါတဲ့ မွေ့ယာက ခန္ဓာကိုယ်မှာရှိတဲ့အပူတွေကို စိန်က စုတ်ပေးတယ်။ နောက်ပြီးတော့ 500 Carat Micro Diamond တွေကို အစိတ်စိတ်အမွှာမွှာလုပ်ပြီး အလွှာတစ်ခု ထည့်ထားတာဖြစ်တယ်။ သူ့အမျိုးအစားနဲ့သူ Model အလိုက် အရည်အသွေးတွေက အမျိုးမျိုးရှိကြပါတယ်။ Customer တွေကို အိပ်စက်ခြင်းကနေပေးတဲ့ အင်အားက ဘယ်အရာနဲ့မှ မတူပါဘူး။ ဒါကြောင့် အိပ်စက်ခြင်းမှာ မြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်။

ရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေက . . .

Customer တွေအတွက် KBZ Bank နဲ့ ချိတ်ဆက်ပြီး Higher Purchase နဲ့ ပေးလို့ရပါတယ်။ ပြီးတော့ အိမ်အရောက်ပို့ဆောင်ပေးပါတယ်။ Simmons ရဲ့ Customer တွေကို Buy Sleep Now Pay Later အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Simmons3

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းပိုင်းကတော့ ဒေါ်လာ ၃,၃၈၀ ကနေ ၁၂,၈၀၀ အထိ ရှိပါတယ်။

ဝါ၀ါနိုင်