Taiwan Excellence ထိုင်ဝမ်ပစ္စည်း အရောင်းမြှင့်တင်ပွဲ

Taiwan Excellence မှ ကြီးမှူးစီစဉ်တဲ့ ထိုင်ဝမ် ပစ္စည်း အရောင်းမြှင့်တင်ရေးပွဲ Shine a Light  ကို Junction Square တွင် စက်တင်ဘာလ ၂၇ရက် နဲ့ ၂၈ရက်တွေမှာ ကျင်းပသွားခဲ့ပါတယ်။ ပွဲကို မြန်မာ နဲ့ ထိုင်ဝမ် နှစ်နိုင်ငံကြား အနာဂတ် စီးပွားရေး နဲ့ ကုန်သွယ်မှုလုပ်ငန်းတွေအတွက် အကျိုးရှိ စေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပွဲမှာ  ICT ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကို ပြသရောင်းချခဲ့ပါတယ်။ အထူးအစီအစဉ်အနေနဲ့ ကျပ်၎,၀၀၀တန် 8G Memory stickကို သတ်မှတ်ချိန်အတွင်း ကျပ်၂,၀၀၀နဲ့ ရောင်းချတဲ့ အစီအစဉ်တွေလည်း ပါဝင်ခဲ့ပြီး တခြားပစ္စည်းတွေကိုလည်း ဈေးလျော့ရောင်းချပေးခဲ့ပါတယ်။ လာရောက်သူတွေကို ကံစမ်းမဲလက်ဆောင် ၁၀၀ ပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ပြုလုပ်ခဲ့ပါတယ်။

ထို့ပြင် Taiwan Excellence  မှ လျပ်စစ်ပစ္စည်းပြပွဲ (MIEP) ကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁၃ရက် ကနေ ၁၆ရက်အထိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

article landscape wartermark final2 article landscape wartermark final29

article landscape wartermark final3  article landscape wartermark final8 article landscape wartermark final7 article landscape wartermark final5

article landscape wartermark final6

article landscape wartermark final4

article portrait watermark final10