Shazam ကို ၀ယ်ယူလိုက်တဲ့ Apple

Int'lsNews6

Shazam အမည်ရှိ ဗြိတိန်အခြေစိုက်ကုမ္ပဏီအား ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Apple မှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် ၀ယ်ယူခဲ့ပါတယ်။ အဆိုပါ Shazam အပလီကေးရှင်းမှာ လူငယ်များကြား အလွန်ရေပန်းစားသော App တစ်ခုဖြစ်ပြီး အသံများ နားထောင်စေပြီး သီချင်းအမျိုးအစားနှင့် အဆိုတော်အမည်များ ဖော်ပြပေးနိုင်သည့်အပြင် သီချင်းနှင့်ဆိုင်သော Website များနှင့် Apple Music များဆီသို့ ခေါ်ဆောင်ပေးသည့် App မျိုး ဖြစ်သည်။