စီထွာ ဒစ်ဂျယ်တယ်ကတ္တားရဲ့ ၁၁ နှစ်ပြည့်အထိမ်းအမှတ်နဲ့ ကံစမ်းမဲဆုချီးမြှင့်ပွဲအခမ်းအနား

3 71 64 2

PYE SONE HEIN Group of Cmpanies မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ စီထွာဒစ်ဂျယ်တယ်ကတ္တား ၁၁ နှစ်ပြည့်အထိမ်းအမှတ်နဲ့ မဟာကံထူးရှင်ကြီးများအားဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel မှာပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ  PYEI SONE HEIN Group of Companies ရဲ့ Managing Director ဦးဇော်မင်းသန့်က အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ပြီး Company Profile ကိုရှင်းလင်းပြောကြားခဲ့ပြီး အသစ်ဖြန့်ဖြူးရောင်းချမယ့် ကုန်ပစ္စည်းသစ် TQM အမှတ်တံဆိပ်ငွေရေစက်နဲ့ပတ်သက်လို့ Sales & Marketing Manager ဒေါ်ချိုသီတာ က မိတ်ဆက်ရှင်းလင်းခဲ့ပါတယ်။ နောက်ထပ် အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ STANDARD ကုန်ပစ္စည်းသစ်နဲ့ ပတ်သက်လို့လည်း National Sales Manager ဦးခင်မောင်လေးက မိတ်ဆက်ရှင်းလင်းခဲ့ပါတယ်။

မဟာကံထူးရှင်တွေအနေနဲ့ Grand Prize စိန်ဘယက် အထူးဆုကြီးကို ဦးဇော်ဇော်အောင်က   ဆွတ်ခူးရရှိခဲ့ပြီး တော့ စိန်လက်စွပ် နဲ့ စိန်နားကပ်ကံထူးရှင်တွေအနေနဲ့ ဦးရွေမင်း၊ ဦးကျော်ဌေး၊ ဦးညဏ်ဆွေ တို့က အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြပါတယ်။