SCOTT’S BAR

အဆာပြေ၊ ဒါမှမဟုတ် နေ့လယ်စာလည်း သုံးဆောင်နိုင်ပြီး ညနေခင်းလေးမှာ Roof Top မှာလည်း လေလေးတဖြူးဖြူးနဲ့ထိုင်ပြီး အေးဆေးနေချင်သူတွေအတွက် SCOTT's BAR ကို ညွှန်ပြပေးချင်ပါတယ်။

scottbar4

ဆိုင်တည်နေရာ . . .

အမှတ် ၅၈/၁၊ ကမ္ဘာအေးဘုရားလမ်း (ရိပ်သာမှတ်တိုင်အနီး)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၉ ၇၉၉ ၈၂၁ ၈၇၃ ကို ဆက်သွယ်နိုင်သလို  www.facebook.com/hlasoetun81 မှာလည်း ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။

scottbar6

ဆိုင်ဖွင့်ချိန် . . .

ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီကနေ ည ၁၁ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ဗုဒ္ဓဟူး၊ သောကြာနဲ့ စနေနေ့တွေမှာတော့ ည ၁၂ နာရီကျော်ထိ ဖွင့်လှစ်ပေးပါတယ်။

စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက် . . .

၂၀၁၅  ခုနှစ်၊ မေလ ၂၀ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ရဲ့ Grand Opening ကိုတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်က Bar Club  ဆန်ဆန်နဲ့ စားသုံးသူတွေကို အကောင်းဆုံးဝန်ဆောင်မှု ပေးချင်တယ်လို့ ဆိုပါတယ်။

scottbar5

ရနိုင်တဲ့ Menu . . .

အစားအစာပိုင်းမှာဆိုရင် အဓိက Thai Food ကို  အမှာများပါတယ်။ European Food တွေလည်း ရနိုင်ပါတယ်။ Drink ပိုင်း မှာဆိုရင်တော့  Whisky ၊ Gin ၊ Rum ၊ Vodka ၊ Tequila ၊ Malibu ၊ Mocktail ၊ Signature Cocktail စတာတွေအပြင် Beer လည်း ရပါတယ်။ SCOTT'S Bar Formula နဲ့ ဖန်တီးထားတဲ့ Scott Ferrari ၊ Scott Special Pink နဲ့ Scott  Sour တွေကိုလည်း မြည်းစမ်းသုံးဆောင်နိုင်ပါတယ်။

scottbar1

scottbar2

Chef နဲ့ Bartender . . .

Thai Chef ကတော့ ယိုးဒယားမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး Thai Food ရဲ့ Original Taste ရအောင် ဖန်တီးပေးနိုင်ပါတယ်။ Bar ကိုတော့ Bar နဲ့ ပတ်သက်ပြီး အတွေ့အကြုံ နှစ်ပေါင်းများစွာရှိသလို Dubai ကနေ သုံးနှစ်ခွဲကြာ Bar နဲ့ ပတ်သက်တဲ့သင်တန်းကို  တက်လာခဲ့တဲ့သူက ဦးစီးပါတယ်။

scottbar7

ဝန်ဆောင်မှု . . .

မွေးနေ့ဖြစ်ဖြစ်၊ ပါတီဖြစ်ဖြစ် ဧည့်သည်တွေက ဟင်းပွဲရွေးရမှာခက်နေရင် သင့်တော်တဲ့ Menu ဆွဲပေးပါတယ်။ ဈေးကိုလည်း သက်သာတဲ့နှုန်းဖြစ်အောင် စီစဉ်ပေးပါတယ်။ Package Menu တွေလည်း စီစဉ်ပေးပါတယ်။ မွေးနေ့တွေအတွက် လူအယောက် ၂၀ ကျော်ရင် Decoration ကို ဘောလုံးလေးတွေနဲ့ အလှဆင်ပေးပါတယ်။ VIP Room တွေလည်း ထားရှိပေးထားပါတယ်။

scottbar8

scottbar3

ဈေးနှုန်းအပိုင်း . . .

ဟင်းပွဲတစ်ပွဲကို အနိမ့်ဆုံး နှစ်ထောင်ကျပ်ကနေပြီး ကိုးထောင်ကျပ် ရှိပါတယ်။ Drink ပိုင်းမှာဆိုရင် တစ်ယောက်စာ ခွက်အနေနဲ့ဆို သုံးသောင်းကနေ ၁၂,၀၀၀ အထိရှိပါတယ်။ မိသားစုလိုက်သောက်တဲ့   Cocktail  Bowl အကြီးဆိုရင် အနိမ့်ဆုံး လေးသောင်းကျပ်ကနေပြီး ခုနှစ်သောင်းကျပ်ထိ ရှိပါတယ်။

scottbar9

ဈေးနှုန်းအပိုင်း . . .

လူငယ်နဲ့ လူလတ်ပိုင်းတွေ လာတာပိုများပါတယ်။ နိုင်ငံခြားသားတွေလည်း နေ့တိုင်းလာကြပါတယ်။

scottbar10

Promotion ၊ Discount

ဗုဒ္ဓဟူးနေ့တိုင်းမှာတော့ Lady Night Party ကျင်းပပါတယ်။ အဲဒီညမှာလာတဲ့ Lady တွေကို Cocktial One Cup Free ပေးပါတယ်။ အခါကြီးရက်ကြီးတွေမှာ ၁၀ ရာခိုင်နှုန်း Discount ပေးဖို့ရှိပါတယ်။ အပတ်စဉ်  သောကြာနေ့တိုင်းမှာ Happy Hour ၆ နာရီကနေ ၉ နာရီထိ Bye One Get One Free အစီအစဉ် ရှိပါတယ်။ ဒီကြားထဲ Promotion ရှိရင် Facebook  ကနေ ဖော်ပြပေးပါတယ်။

အနာဂတ်အစီအစဉ် . . .

ဆိုင်ရှေ့ကွက်လပ်ကို ထပ်ချဲ့ပြီး ပိုပြီး အသစ်အသစ်ဖြစ်အောင် ၀န်ဆောင်မှုပေးဖို့ရှိသလို Barbecue   တွေပါ ရနိုင်အောင် ဖန်တီးပေးသွားဖို့ ရှိပါတယ်။

လင်းသူ