SCG ရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားနဲ့ ဘိလပ်မြေအိတ်အသစ် မိတ်ဆက်

7

အာဆီယံဒေသရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုထဲမှာပါဝင်တဲ့ SCG ရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားနဲ့ ဘိလပ်မြေအိတ်အသစ်မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်က ရန်ကုန်မြို့ရှိ Myanmar Convention Centre(MCC) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ SCG ရဲ့ Country Director ဖြစ်သူ Mr Chana Poomee က အဖွင့်အမှာစကားပြောကြားခဲ့ပြီး SCG အမှတ်တံဆိပ်ကို ရှင်းလင်းပေါ်လွင်စေဖို့ ဆင် အမှတ်အသား Logo ကို ဖယ်ရှားထားတဲ့ ဘိလပ်မြေအိတ်အသစ်ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ နှစ်တစ်ရာပြည့် အခမ်းအနားကို  MCC ခန်းမမှာ နှစ်ရက်တိုင်ကျင်းပသွားမှာဖြစ်ပြီး ဒုတိယမြောက်နေ့မှာတော့ ဗိသုကာပညာ ရှင်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် ထုတ်ကုန်တွေအကြောင်း ဟောပြောဆွေးနွေးပွဲတွေကိုပါ ကျင်းပ ခဲ့ပါတယ်။ SCG ဟာ ပထမဆုံးဘိလပ်မြေစက်ရုံကို မော်လမြိုင်မြို့အနီးမှာ တည်ဆောက်သွားဖို့ရှိပြီး ဘတ်ငွေ ၁၂,၄၀၀ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ အဆိုပါစက်ရုံကို ၂၀၁၆ ခုနှစ်မှာ စတင်လည်ပတ်သွားဖို့ ရည်ရွယ်ထားတယ် လို့ သိရပါတယ်။

8 6 5 4 3 2 1