Royal Thai-Syp Restaurant

RoyalThai5

ဒီဆိုင်မှာ နေ့လယ်စာသုံးဆောင်နိုင်ပြီး ညနေခင်းမှာတော့ Garden Zone လေးပါဝင်တာကြောင့် အေးအေးဆေးဆေး စားသုံးချင်သူတွေအတွက် အဆင်ပြေမယ့် ထိုင်းစားသောက်ဆိုင်ဖြစ်ပါတယ်။

RoyalThai1


ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .

အမှတ် ၄၀၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပြီး ဖုန်းနံပါတ် – ၀၉-၂၆၀၂၄၉၃၈၈၊ ၀၉ – ၂၆၀၂၄၉၃၉၉၊ ၀၁-၅၆၀၇၅၆ ကို ဆက်သွယ်နိုင်သလို www.facebook.com/Royal Thai -SYP မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

RoyalThai6

ဆိုင်ဖွင့်ချိန် . . .

ဆိုင်ဖွင့်ချိန်ကတော့ မနက် ဆယ်နာရီခွဲကနေ ည ဆယ်နာရီခွဲအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။


RoyalThai7

စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက် . . .

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Royal Thai ဆိုတဲ့အတိုင်း တကယ့် ယိုးဒယား နန်းတွင်းတော်ဝင် ဟင်းလျာတွေကို တစ်နေရာထဲမှာစားသုံးနိုင်ပြီး ထိုင်းအငွေ့အသက် ပတ်ဝန်းကျင်လေးတစ်ခု ရောက်သွားသလို Customer တွေကို ခံစားစေချင်တဲ့ရည် ရွယ်ချက်နဲ့ ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။


RoyalThai2

ရရှိနိုင်တဲ့ Menu . . .

အစားအစာပိုင်းမှာတော့ Thai Food ကို အဓိကရောင်းချပြီး European Food ကိုလည်း ရရှိနိုင်ပါတယ်။ Beverage ပိုင်း မှာတော့ Whisky ၊ Gin ၊ Rum ၊ Wine ၊ Vodka ၊ Tequila ၊ Mocktail ၊ Cocktail စတာတွေအပြင် Heineken Draught Beer နဲ့ Regal Seven Draught Beer ကိုလည်း ရရှိမှာဖြစ်ပါတယ်။ Royal Thai Signature Cooktail တွေလည်း ရရှိမှာဖြစ်ပါတယ်။

RoyalThai8

Chef နဲ့ Bartender . . .

Thai နိုင်ငံ လက်မှတ်ရအတွေ့အကြုံရှိ Thai Chef တွေ ဖြစ်ပြီး Thai Food ရဲ့ Original Taste ကို မြည်းစမ်းနိုင်စေမှာ ဖြစ်ပါတယ်။ Bar ကိုတော့ Bar နဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ Myanmar Bartender Association ၀င် Bar Manager ကိုယ်တိုင် ဦးစီးထားပါတယ်။

RoyalThai4

အခြားဝန်ဆောင်မှုတွေ . . .

မွေးနေ့၊ Staff Party ၊ Business Meeting စတာတွေအတွက် အထူးသီးသန့် စားသုံးနိုင်စေဖို့ လူ ၁၀ ယောက် စားသုံးနိုင်တဲ့ ချင်းရိုင်အခန်း၊ လူ ၈ ယောက် စားသုံးနိုင်တဲ့ ချင်းမိုင်အခန်း၊ လူအယောက် သုံးဆယ် စားသုံးနိုင်တဲ့ ပတ္တရားအခန်းတွေလည်း ရှိပါတယ်။ Tour Company တွေအတွက် Package Menu တွေကိုလည်း စီစဉ်ပေးထားပါတယ်။

ဈေးနှုန်းအပိုင်း . . .

ဟင်းပွဲတွေဈေးနှုန်းကတော့ အမျိုးအစားအလိုက် အနည်းဆုံး သုံးထောင်ကျပ်ဝန်းကျင်ကနေ အများဆုံး ရှစ်ထောင်ကျပ်ဝန်းကျင်အထိ ရှိပါတယ်။

RoyalThai3

Promotion နဲ့ Discount . . .

နေ့စဉ် Royal Thai Chef တွေကိုယ်တိုင် စားသုံးသူတွေ မရိုးရအောင် Today Special ဟင်းတွေနဲ့အတူ ညနေခြောက်နာရီကနေ ရှစ်နာရီအတွင်းမှာ Bar Manager ကိုယ်တိုင် Signature Cocktail တွေကို Buy One, Get One စီစဉ်ပေးထားပါတယ်။ ဆိုင်ဖွင့်ချိန်ကစပြီး ၂၀၁၇ ခုနှစ်အထိ Member ကဒ်တွေထုတ်ပေးနေပြီး ၁၀ ရာခိုင်နှုန်း Discount  ပေးထားပါတယ်။ အထူး Discount အနေနဲ့ နှစ်သိန်းဖိုးနဲ့အထက် စားသုံးသူတွေနဲ့ တစ်ခါသုံးဆောင်ရင် သုံးသောင်းကျပ်နဲ့ ဆယ်ကြိမ်လာရောက်သုံးဆောင်တဲ့ စားသုံးသူတွေကို ၁၀ ရာခိုင်နှုန်း လျှော့ပေးတဲ့ Discount ကဒ်တွေကို ပေးသွားမှာဖြစ်ပါတယ်။

အနာဂတ်အစီအစဉ် . . .

Royal Thai Restaurant & Bar တွေကို ထပ်မံဖွင့်လှစ်သွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။