Regal Seven ရဲ့ မြန်မာနှစ်သစ်ကူးအတွက် “နှစ်သစ်ဆုတောင်းများ ပြည့်စေသား” အစီအစဉ်

Regal2

၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်က  Regal Seven မှ ယခုနှစ် မြန်မာရိုးရာအတာသင်္ကြန် နှစ်သစ်ကူးပွဲတော်ကို “နှစ်သစ်ဆုတောင်းများ ပြည့်စေသား” ဆိုတဲ့ အထူးအစီအစဉ်သစ်တစ်ရပ်ဖြင့် ကြိုဆိုလိုက်ပြီကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီအစီအစဉ်ကို ၂၀၁၆ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၃ ရက် အထိ သုံးပတ်တိုင်  ပြုလုပ်ပေးခဲ့ပြီး စိတ်ပါဝင်စားသူတိုင်း ရန်ကုန်သင်္ကြန်တွင် မိမိဆင်နွှဲလိုသည့်ပုံစံကို ရှင်းလင်းတိကျစွာ ရေးသားဖော်ပြလျက် ပါဝင်နိုင်ခဲ့ကြောင်း၊ ရွေးချယ်ခံရသည့် ကံအကောင်းဆုံး ပရိသတ် သုံးဦးအား မီဒီယာများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ခမ်းနားစွာ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း၊ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအစီအစဉ်ကို Facebook ကတစ်ဆင့်ဖြစ်ဖြစ်၊ သတ်မှတ်ထားတဲု့ Regal Seven ဆိုင်တွေကတစ်ဆင့်ဖြစ်ဖြစ် ပါဝင်နိုင်ဖို့ စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။ Facebook မှတစ်ဆင့် ပါဝင်သူတွေအတွက် App တစ်ခုကို ဖန်တီးပေးခဲ့ပြီး အဲဒီ App ကိုအသုံးပြုကာ မိမိတို့ရဲ့ဆုတောင်းများကို အလွယ်တကူရေးသားဖော်ပြနိုင်အောင် ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ 

ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ရန်ကုန်မြို့တွင်း သတ်မှတ်ထားတဲ့ Regal Seven ဆိုင်တွေမှာ Photo Booth တွေ တပ်ဆင်ပေးခဲ့ပြီး စိတ်ပါဝင်စားသူတွေက မိမိတို့ရဲ့ဆုတောင်းတွေကို ရေးသားကာ Photo Booth တွင် ဓါတ်ပုံရိုက်ကာ ပါဝင်ခဲ့ကြကြောင်း၊ ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံတွေကိုလည်း ချက်ချင်း ပုံထုတ်ပေးခဲ့တဲ့အပြင် ပါဝင်သူတိုင်းကိုလည်း သင်္ကြန်တွင်းအသုံးပြုနိုင်ဖို့ ရေစိုခံဖုန်းအိတ်တွေကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း၊ ဒီအစီအစဉ်ကို မတ်လ ၁၇ ရက်က စပြီး စုစုပေါင်း Regal Seven ဆိုင် ၁၂ ဆိုင်တွင် (တစ်ပတ်လျှင် ၄ဆိုင်ကျ) ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ ညနေ ၆ နာရီမှ ၉နာရီအတွင်း ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

အခုအစီအစဉ်အတွက် Regal Seven အနေဖြင့် နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ ဖြိုးငွေစိုး၊ အာကာကျော်၊ အမွန်း၊ မေဘရဏီသော်၊ ကောင်းခန့်တို့နဲ့ လည်း ပူးပေါင်းဆောင်ရွက်ခဲ့သလို အနုပညာရှင်တွေကလည်း ဆုတောင်းစာများရေးသားခြင်းဖြင့် ပါဝင်ခဲ့ကြပြီး ကံအကောင်းဆုံး ပရိသတ် သုံးဦးကို မီဒီယာတွေနဲ့ မိတ်ဆက်ပေးတဲ့ သတင်းစာရှင်းလင်းပွဲတွင်လည်း အဆိုပါ အနုပညာရှင်တွေက ကူညီအားဖြည့်ပေးခဲ့ကြောင်း သိရပါတယ်။

Regal Seven ဟာ  HEINEKEN ကုမ္ပဏီပူးတွဲပိုင်ဆိုင်တဲ့ APB ABC ကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် အထူးချက်လုပ်ထားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ APB Alliance Brewery Company Ltd သည် HEINEKEN နှင့် ABC တို့ပူးတွဲပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။  

Regal1