RAU RAM

အရှေ့တောင်အာရှနဲ့ ဗီယက်နမ်အစားအစာတွေကို အဆင့်မြင့်မြင့်သုံးဆောင်နိုင်မယ့် RAU RAM ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

rauram2

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .

အမှတ် ၆၄ (ခ)၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ် – ၀၉-၄၅၅၁၆၀၆၅၇ ကို ဆက်သွယ်နိုင်ပါတယ်။ [email protected] ကနေ တစ်ဆင့်လည်း အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ Facebook စာမျက်နှာကိုတော့ www.facebook.com/rauramyangon/ မှာတွေ့နိုင်ပြီး  Instagram စာမျက်နှာကတော့ www.instagram.com/pun_projects/ ဖြစ်ပါတယ်။

ဆိုင်မိတ်ဆက် . . .

ဆိုင်ကို ၂၀၁၆ ခုနှစ်၊ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုင်က Pun+Projects  ကုမ္ပဏီလီမိတက်ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိပြီး တည်ထောင်သူတွေကတော့ Mr Ivan Pun နဲ့ Chef Kevin Ching တို့ဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့ Menu တွေက  Excecutive Chef Kevin Ching ရဲ့ တီထွင်မှုတွေဖြစ်ပြီး အရှေ့တောင်အာရှနဲ့ ဗီယက်နမ်နိုင်ငံထွက် ဟင်းပွဲတွေကို ရနိုင်ပါတယ်။ သက်သတ်လွတ်နဲ့ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပြီး မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူတကွစားသောက်ဖို့ သင့်တော်တဲ့ဆိုင်လေး ဖြစ်ပါတယ်။ ဟင်းပွဲတွေမှာ အချိုမှုန့်လည်း လုံးဝသုံးမထားပါဘူး။

ဆိုင်ဖွင့်ချိန် . . .

ဆိုင်ကို ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။  တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်။

rauram1

ရရှိနိုင်တဲ့ ဟင်းပွဲတွေ . . .

ဟင်းပွဲတွေကတော့ ဟင်းပွဲအကြီးတွေ၊ ဟင်းပွဲအသေးတွေ၊ အရံဟင်းပွဲတွေနဲ့ အချိုပွဲတွေ စုစုပေါင်း ၂၄ မျိုး လောက်ရနိုင်ပါတယ်။ ဒီထဲက မြည်းစမ်းကြည့်စေချင်တဲ့ အထူးဟင်းပွဲတွေဆိုရင် ဂျပန်ယောက်သွားအစိမ်းသုပ်၊ ကြက်အသည်းနဲ့ဝက်သားထောင်း၊ ပြင်သစ်စတိုင်လ် ကြက်သွန်နီဟင်းချို၊ ကြက်ကြွပ်ကြော်နဲ့ ပဲပင်ပေါက်ဆလတ်၊ ဗီယက်နမ်စတိုင်လ် ကော်ပြန့်ကြော်၊ ၀က်သားလုံးကြော်၊ ၀က်သားကင်၊ ခေါက်ဆွဲ၊ ဆလတ်တို့ ဖြစ်ပါတယ်။

ရရှိနိုင်တဲ့ Drink တွေ . . .

Perrier Sparkling ၊Salted Lemonade Soda ၊ အုန်းစိမ်းရည်တို့ရပြီး Alcoholic Beverage တွေအနေနဲ့ Cocktail အမျိုးအစားလေးမျိုး၊ ၀ိုင်အမျိုးအစားငါးမျိုးနဲ့ စည်ဘီယာတို့ ရနိုင်ပါတယ်။

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းပိုင်းကတော့ ဟင်းပွဲအသေးတွေက ၇,၅၀၀ ကျပ်ကနေ ၁၄,၀၀၀ ကျပ်အတွင်းရှိပြီး ဟင်းပွဲအကြီးတွေကတော့ ၁၁,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်အတွင်း ရှိပါတယ်။ အရံဟင်းတွေကတော့ လေးထောင်ကျပ် ဖြစ်ပြီး အချိုပွဲတွေကတော့ ခြောက်ထောင်ကျပ် ဖြစ်ပါတယ်။ Cocktail ဈေးနှုန်းတွေက ခြောက်ထောင်ကျပ် ဖြစ်ပြီး ၀ိုင်တွေကတော့ One Glass ကို ငါးထောင်ကျပ်ဝန်းကျင် ဖြစ်ပါတယ်။ စည်ဘီယာကတော့ နှစ်ထောင်ကျပ်ဖြစ်ပါတယ်။ အပြင်ကနေ Bottle ယူလာမယ်ဆိုရင် Bottle Charges အဖြစ် တစ်သောင်းကျပ်ကောက်ခံပြီး စားပွဲဝိုင်းတစ်ဝိုင်းကို တစ်ပုလင်းယူလာနိုင်ပါတယ်။

rauram3

ဆိုင်ရဲ့ Decoration ပိုင်း . . .

ဆိုင်ရဲ့ Decoration ပိုင်းကို ဆိုင်တည်ထောင်သူ Mr Ivan Pun နဲ့ M Interiors က ဒီဇိုင်နာမြမဉ္ဇူတို့က ဒီဇိုင်းတီထွင်ပေးထားပါတယ်။ ဒီဇိုင်းအယူအဆကတော့ အင်ဒိုချိုင်းနားဒေသအသွင်အပြင်ကို မှီငြမ်းပြီး အရောင်အသွေး စုံစုံလင်လင်နဲ့ ပြင်ဆင်ထားပါတယ်။

တခြားဝန်ဆောင်မှုများ . . .

ဆိုင်မှာ ပွဲတွေလည်းပြုလုပ်နိုင်ပြီး အခမ်းအနားအပြင်အဆင်အတွက် ကြိုတင်ဆက်သွယ်နိုင်ပါတယ်။

နန္ဒာ