PepsiCo ရဲ့ အမှုဆောင်အရာရှိချုပ် ၂၀၁၃ ခုနှစ်အတွက် လစာ အမေရိကန်ဒေါ်လာ ၁၃ .၂ သန်း ရရှိခဲ့

article landscape wartermark final8

PepsiCo ရဲ့ အမှုဆောင်အရာရှိချုပ်Indra Nooyi ဟာ ၂၀၁၃ ခုနှစ်မှာ လစာစုစုပေါင်း ၁၃.၂ သန်းရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကထက် ၅ ရာခိုင်နှုန်း တိုးလာခဲ့တာဖြစ်တယ်။ လစာတိုးရတဲ့ အကြောင်းအရင်းကတော့ စွမ်းဆောင်မှု အခြေခံပြီးပေးတဲ့ အပိုဆုကြေး တိုးလာတာကြောင့်ဖြစ်ပါတယ်။ ဒါဟာ ကုန်ကျစရိတ်တွေလျှော့ချပြီး ကုမ္ပဏီ ရဲ့ အထင်ကရအမှတ်တံဆိပ်တွေမှာ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ခဲ့တဲ့ကုမ္ပဏီ ရဲ့ ပြု ပြင်ပြောင်းလဲမှုကာလကနေ ထွက်ပေါ်လာခဲ့တဲ့ ဘဏ္ဍာရေးရလဒ် တိုးတက်မှု ကို ဖော်ညွှန်းနေ ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် Nooyi ရဲ့ လစာ ထဲမှာ အခြေခံလစာက အမေရိကန် ဒေါ်လာ ၁.၆ သန်း၊ စတော့ရှယ်ယာ ဆုကြေးတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၅ သန်းနဲ့ စွမ်းဆောင်မှုအခြေခံ အပိုဆုကြေး အမေရိကန်ဒေါ်လာ လေးသန်း ပါဝင်ပါတယ်။  Nooyi ဟာ ၂၀၁၂ ခုနှစ်အတွက်  စွမ်းဆောင်မှု အခြေခံ အပိုဆုကြေး အမေရိကန် ဒေါ်လာ ၃.၃ သန်းရရှိခဲ့ပါတယ်။

Ref: AP