Pahtama Group ကနေ Customer တွေအတွက် ကျေးဇူးတုံ့ပြန်ပွဲ

Pahtama 1

Pahtama Group ရဲ့ Abbott Nutrition ကနေ မိတ်ဖက်အရောင်းဆိုင်ကုန်သည်တွေနဲ့ ညစာစားပွဲနဲ့ စားသုံးသူ Customer တွေအတွက် ကျေးဇူးတုံ့ပြန်မှု့ Lucky Draw ပြုလုပ်တဲ့ပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ရှိ Western Park Royal (ကန်တော်ကြီး) မှာကျင်းပခဲ့ပါတယ်။

အဲ့ဒီပွဲမှာတော့ Pahtama Group ရဲ့ Managing Director ဖြစ်သူ ဦးဖြိုးမင်းကျော်နဲ့အတူ Business Development Manager ဒေါ်တင်တင်ရတို့က အဖွင့်အမှာစကားနဲ့ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Abbott Nutrition ရဲ့ Product အကြောင်းတွေကို တာဝန်ရှိတစ်ဦးက ရှင်းပြပြီး တက်ရောက်လာကြတဲ့ မီဒီယာ၊ စာနယ်ဇင်းပညာရှင်များက iPhone 5S – ၇ဆု  ၊ iPad air – ၇ဆု နဲ့ X box  -၇ဆု  အပြင် ၃သောင်းတန် ဈေးဝယ်ခွင့်ကဒ် အစောင် ၄၀ ကို Lucky Draw မဲများကိုနှိုက်ကာ ကံထူးရှင်တွေကို ရွေးချယ်ပေးခဲ့ကြပါတယ်။ အခုပြုလုပ်တဲ့ပွဲဟာ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Pahtama Group ကနေ ဒုတိယအကြိမ်အဖြစ် ပြုလုပ်ပေးတာဖြစ်ပါတယ်။

Pahtama 2

Pahtama 5