Origin Herbal Hair Treatment and Spa ဆိုင်သစ်ဖွင့်လှစ်

Herbel post

Sunrise Origin Myanmar Limited ရဲ့Origin Herbal Hair Treatment and Spa  ဆိုင်သစ်ဖွင့်ပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်က အဆိုပါဆိုင်တည်ရှိရာ အမှတ် ၇၁၊ မြေညီထပ်၊ ၂၂ လမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလလမ်းထောင့်အနီး)၊ လသာမြို့နယ်၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါ တယ်။ Origin Herbal Hair Product တွေဟာ သဘာဝဆေးမြစ်စစ်စစ်တွေကို တိကျတဲ့နည်းစနစ်တွေနဲ့ ပေါင်းစပ်ထားပြီး ဓာတုပစ္စည်းပါဝင်မှု လုံးဝ မရှိဘူးလို့ သိရပါတယ်။ အရှေ့တောင်အာရှမှာ Origin ဆံပင်ပေါင်းတင်ရေးဆိုင်တွေဟာ အခုဆိုရင် ဆိုင်ခွဲပေါင်း ၇၈ ဆိုင် ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ Origin မှာ ဆံပင်ပေါင်းတင်တာအပြင် Shampoo ၊ Hair Tonic ၊ Hair Conditioner ၊ Treatment Spa Cream စတဲ့ Hair Product တွေကိုလည်း ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ဖုန်း ၀၉-၄၄၈၅၄၈၃၅၀ ကို ဆက်သွယ်နိုင်ပါတယ်။