မြန်မာစည်းလုံးကုမ္ပဏီရဲ့ MyatMingalar Condo အရောင်းမိတ်ဆက် ညစာစားပွဲ

Myat Mingalar Condo Myat Mingalar Condo 2 Myat Mingalar Condo 1

မြန်မာစည်းလုံးကုမ္ပဏီကနေ တာဝန်ယူတည်ဆောက်နေတဲ့ MyatMingalar Condo အရောင်းမိတ်ဆက်ညစာစားပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ကရန်ကုန်မြို့ အင်းလျားလမ်းမှာရှိတဲ့ Yangon Sailing Club မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ မြန်မာစည်းလုံးကုမ္ပဏီရဲ့ Managing Director U Zau Man Lahtaw က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Property Finder Co. LTD ရဲ့ Managing Director Daw Charm May Thu က ကွန်ဒိုနဲ့ ပတ်သက်သမျှ အကြောင်းအရာတွေကိုရှင်းလင်းပြောပြခဲ့ပြီး Lucky Draw အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။

MyatMingalar Condo ဟာဆိုရင် ပြည်လမ်းနဲ့ မကြီးကြီးလမ်းထောင့်မှာရှိပြီးတော့ အထပ်ပေါင်း ၁၇ ထပ်မှာအခန်းပေါင်း ၄၈ ခန်း ပါရှိတယ်လို့ သိရပါတယ်။ မြေညီထပ် ပထမထပ်၊ ဒုတိယထပ်တွေဟာ ကားပါကင်တွေဖြစ်ပြီး Spa နှင့် Gym တို့လည်းအဲ့ဒီကွန်ဒိုမှာ တွဲဖက်ပါဝင်မယ်လို့ သိရပါတယ်။