Myanmar Wave Rider Cup & KTA Race Open ပြိုင်ပွဲ စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပ

ridercup1

ridercup2

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်ရွက်လှေအသင်းမှာကျင်းပတဲ့ Myanmar Wave Rider Cup နဲ့ KTA Race Open စာနယ်ဇင်းရှင်လင်းပွဲမှာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထွေအထွေမန်နေဂျာ ဦးဖုန်းကျော်မိုးမြင့်က ပြိုင်ပွဲကျင်းပရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ မြန်မာ့ရွက်လှေ အားကစားအဆင့်အတန်း ပိုမိုမြင့်မားစေဖို့နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲဟာ ပြည်ပက အားကစားအသင်းတွေ၊ တစ်ဦးချင်းစီကို ဖိတ်ခေါ်ပြီး Club Level အနေနဲ့သာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲကို ပထမဆုံးပင်လယ်ပြင်ရွက်လှေကလပ် Ngwe Saung Yacht Club & Resort မှာ ၂၀၁၅ အောက်တိုဘာလ ၂၈ ကနေ ၃၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့သိရပါတယ်။ Windsurfing၊ Stand Up Paddle၊ Kite boarding အမျိုးအစားတွေပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအနေနဲ့ ၀င်ကြေးနဲ့စာရင်းပေးသွင်းဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိလိုပါက ဖုန်း09 315202705 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။