Myanmar-Thailand Business Opportunities
မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီးပြုလုပ်တဲ့ ကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ၂၀၁၄ ခုနှစ် မေလ ၂ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒိကုန်စည်ပြပွဲ ဖွင့်ပွဲကို စီးပွား-ကူးသန်းမှတာဝန်ရှိသူများ ၊ ထိုင်းသံအမတ်နှင့် UMFCCI ဥက္ကဌ ဦးဝင်းမောင် တို့မှဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကုန်စည်ပြပွဲမှာတော့ ထိုင်းနိုင်ငံက Agricultural Equipment ၊ Construction Material , Hardware and Machinery ၊ Electrical Appliances ၊ Food & Beverages ၊ Garment, Textiles and Fashion Accessories ၊ Gems & JeweLry ၊ Gift & Decorative Items ၊ Health & Beauty ၊ Household & Kitchenware Products ၊ Leather Products & Footware ၊ Service Trade စတဲ့လုပ်ငန်းပေါင်း ၁၁ ခုကနေပြီး ဆိုင်ခန်းပေါင်း ၈၀ ကျော်နဲ့ မြန်မာနိုင်ငံက Myanmar C.P Live ၊ Ma Ma ခေါက်ဆွဲ၊ EURO စတဲ့စားသောက်ကုန် လုပ်ငန်းများကလည်း ၀င်ရောက်ပြသခဲ့ပါတယ်။