Myanmar Fitness Club

mmfitnessclub1

တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် . . .

အမှတ် ၁၃၂ (က)၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဝင်းအတွင်းမှာ တည်ရှိပါတယ်။ ဖုန်းနံပါတ် ၀၉ – ၄၄၀၃၉၁၉၈၃၊ အီးမေးလ် [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

mmfitnessclub2

Myanmar Fitness Club ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက် . . .

ကျွန်တော်တို့နဲ့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အနာဂတ်မှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကစားသမားတွေကို မွေးထုတ်သွားဖို့ ရည်ရွယ်ပါတယ်။ လှေလှော်အားကစားနည်းက တချို့ကစားနည်းတွေဆိုရင် ကျွန်တော်တို့ Gym ကစားနည်းနဲ့ နီးစပ်တာတွေရှိပါတယ်။ ကစားသမားတွေ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်အောင် ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ပါတယ်လို့ တာဝန်ခံ ကိုစူးရှက ပြောပါတယ်။

mmfitnessclub4

ဝန်ဆောင်မှုပိုင်း . . .

ကျွန်တော်တို့ဆီမှာ မန်ဘာဝင်ပြီး လာကစားတဲ့သူတွေတိုင်းကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကနေ လှေလှော်အားကစားနည်းတွေ အခမဲ့သင်ကြားပေးသွားမှာပါ။ နောက်တစ်ခုက ကျယ်ဝန်းတဲ့ ကားပါကင်နဲ့ သန့်ရှင်းတဲ့လေရနိုင်မယ့် အင်းယားကန်နားမှာ ကစားနိုင်မှာဖြစ်ပါတယ်။

mmfitnessclub3

ဈေးနှုန်းပိုင်းနဲ့ Gym ဖွင့်ချိန် . . .

တစ်လစာ မန်ဘာကြေးကို ဒေါ်လာတစ်ရာ သတ်မှတ်ထားပါတယ်။ တစ်နေ့တာ ကစားချင်သူတွေအနေနဲ့ ဒေါ်လာနှစ်ဆယ်ပေးသွင်းကစားနိုင်မှာ ဖြစ်ပါတယ်။ ခြောက်လစာ၊ တစ်နှစ်စာ တစ်ခါတည်းပေးသွင်းသူတွေကို ဈေးလျှော့ပေးသွားမှာ ဖြစ်ပါတယ်။ ဖွင့်ချိန်ကတော့ မနက် ၆ နာရီကနေ ည ၁၀ နာရီထိ ဖြစ်ပါတယ်။