Myanmar Banking and Finance Conference 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ Sule Shangri-La မှာပြုလုပ်ခဲ့တဲ့ ဒီ Conference မှာ သက်ဆိုင်ရာနယ်ပယ်မှာ Industry Leader တွေနဲ့ Opinion Leader တွေ၊ ပညာရှင်တွေ၊ Government Official တွေနဲ့ Banking နဲ့ Technology နယ်ပယ်က ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်။ ပွဲနေ့ နှစ်ရက်လုံးမှာ Banking Industry ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလားအလာတွေ၊ မြန်မာငွေကြေးဈေးကွက်ပြန်လည်ပြုပြင်ပြောင်းလဲမှုတွေ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို အထောက်အပံ့ပေးနိုင်မယ့် telecommunication အခြေခံအဆောက်အအုံတွေနဲ့ပတ်သက်တဲ့ update အချက်အလက်တွေ၊ နည်းပညာအသုံးပြုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုလုပ်နိုင်မလဲဆိုတာတွေ၊ မြန်မာနိုင်ငံရဲ့ Payment Industry ရဲ့အနာဂတ်၊ Industry အတွင်း Workforce ကို ဘယ်လို sustain လုပ်မလဲ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ လှုပ်ရှားတက်ကြွစွာဆွေးနွေးခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပ Case Study တွေကိုလည်း အချင်းချင်း ဖလှယ်ချပြခဲ့ကြပါတယ်။ ဒါ့အပြင် ပြပွဲနှစ်ရက်လုံးမှာ အနာဂတ် မှာ ပိုမိုကောင်းမွန်လာနိုင်မယ့် Banking နည်းပညာတွေကိုလည်း ကုမ္ပဏီများက ခင်းကျင်းပြသခဲ့ကြတာဖြစ်ပါတယ်။ ဒီ Conference ဟာ Sphere Conference က organize လုပ်တာဖြစ်ပြီး Central Bank of Myanmar က co organize လုပ်တာဖြစ်ပါတယ်။

IMG_6252 IMG_6221