MPHA နဲ့ EXEDRA EVENTS ပူးပေါင်းပြီး အကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

 

 

MPHA2

မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း (Myanmar Private Hospitals’ Association – MPHA) နဲ့ International Conference Organizer (EXEDRA EVENTS) တို့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၁၄ ရက်က ရန်ကုန်မြို့UMFCCI မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနဲ့ ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးကို မြှင့်တင်နိုင်ဖို့ရည်ရွယ်ပြီး Hospital Management Asia 2015 (HMA 2015) Conference ကို မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက် ကနေ ၄ ရက်အထိ ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။